ဟောက်ခန့်ဆုမ်း
H.E. ဟောက်ခန့်ဆုမ်း (Hau Khan Sum) | |
---|---|
ကနေဒါ နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၂ အောက်တိုဘာ ၂၀၂၀ | |
ယခင်လူ | ကျော်မျိုးထွဋ် |
အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် | |
တာဝန်သက်တမ်း ၇ ဧပြီ ၂၀၁၈ – ၁၂ အောက်တိုဘာ ၂၀၂၀ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၇ ဒီဇင်ဘာ ၁၉၆၇ မန္တလေးမြို့ |
လူမျိုး | ချင်းလူမျိုး |
ကြင်ဖော်(များ) | Nu Dim Sian Lun |
သားသမီး | သားသမီး၃ဦး |
ဆုတံဆိပ်များ | ဝဏ္ဏကျော်ထင်ဘွဲ့ |
ဟောက်ခန့်ဆုမ်း သည် ချင်းလူမျိုး မြန်မာသံအမတ်ကြီးတစ်ဦးဖြစ်သည်။ လက်ရှိတွင် ကနေဒါနိုင်ငံဆိုင်ရာအထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး တာဝန်ထမ်းဆောင်လျှက်ရှိသည်။ [၁]
ငယ်ဘ၀
[ပြင်ဆင်ရန်]ဟောက်ခန့်ဆုမ်း(Hau Khan Sum) [၂] ကို ၁၉၆၇ ခုနှစ် ဒီဇင်ဘာ (၇)ရက်တွင် ဖခင်ဖြစ်သူ Lt. Col. Zam Khan Thang နှင့် မိခင်ဖြစ်သူ Nu Hau Khan Niang တို့က မန္တလေးမြို့တွင် မွေးဖွားသည်။ ၎င်း၏ဖခင်ဖြစ်သူမှာ မြန်မာ့တပ်မတော်အတွင်း ထင်ရှားသူတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ဇန်ခန့်ထန်း (ကြည်း-၆၇၀၈) ဖြစ်သည်။
ဝန်ထမ်းဘ၀
[ပြင်ဆင်ရန်]ဟောက်ခန့်ဆုမ်း သည် သံအမတ်ကြီးတာဝန်မထမ်းဆောင်ခင် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်သည်။ ထိုတာဝန်ကို အစမ်းစခန့်သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၇ရက်နေ့ မှ စတင်ထမ်းဆောင်သည်။ ၂၀၁၉ခုနှစ် ဧပြီ ၄ရက် တွင် အတည်ပြုခန့်အပ်ခံရသည်။ ၂၀၂၀ခုနှစ် အောက်တိုဘာ ၂၀ရက်အထိ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ထိုနေ့မှာပင် ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အဖြစ် သမ္မတဦးဝင်းမြင့် က ၎င်းအား တာဝန်အပ်နှင်းသည်။ [၃] [၄]
သူသည် ထိုတာဝန်များ မထမ်းဆောင်ခင် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာသံအမတ်၊ ဂျီနီဗာမြို့ ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးတွင် သံအမတ် ( ဒုတိယအမြဲတမ်း ကိုယ်စားလှယ်)[၅] တာဝန်များထမ်းဆောင်ခဲ့သည်။
ပုဂ္ဂိုလ်ရေး
[ပြင်ဆင်ရန်]အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သား ၁ဦး၊သမီး ၂ဦး ရှိသည်။
ရရှိခဲ့သည့် ဆု
[ပြင်ဆင်ရန်]နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၆]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊အော်တာဝါမြို့ သံရုံးအချက်အလက်။ Embassy of the Republic of the Union of Myanmar OTTAWA(CANADA)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ Pu H.E Hau Khan Sum tawh tuni။ ZOMI DAILY (9 June 2018)။ 27April 2023 တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဩစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်တို့အား လမ်းညွှန်မှာကြား။ MWD Webportal (၁၉ နိုဝင်ဘာ ၂၀၂၀)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဦးဟောက်ခန့်ဆုမ်းအား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်။ ၁၂အောက်တိုဘာ၂၀၂၀နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၃) (၁၂ အောက်တိုဘာ ၂၀၂၀)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ 36th Session of the United Nations Human Rights Council။ Permanent Mission of the Republic of the Union of Myanmar (29 September 2017)။ 27April 2023 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့။ MWD Webportal (၁၇နိုဝင်ဘာ၂၀၂၂)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။