ဟောက်ခန့်ဆုမ်း

ဝီကီပီးဒီးယား မှ
H.E.

ဟောက်ခန့်ဆုမ်း (Hau Khan Sum)
ကနေဒါ နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၂ အောက်တိုဘာ ၂၀၂၀
ယခင်လူကျော်မျိုးထွဋ်
အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
တာဝန်သက်တမ်း
၇ ဧပြီ ၂၀၁၈ – ၁၂ အောက်တိုဘာ ၂၀၂၀
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၇ ဒီဇင်ဘာ ၁၉၆၇
မန္တလေးမြို့
လူမျိုးချင်းလူမျိုး
ကြင်ဖော်(များ)Nu Dim Sian Lun
သားသမီးသားသမီး၃ဦး
ဆုတံဆိပ်များဝဏ္ဏကျော်ထင်ဘွဲ့
ဟောက်ခန့်ဆုမ်းအား အစည်းအဝေးတစ်ခုအတွင်း တွေ့ရပုံ

ဟောက်ခန့်ဆုမ်း သည် ချင်းလူမျိုး မြန်မာသံအမတ်ကြီးတစ်ဦးဖြစ်သည်။ လက်ရှိတွင် ကနေဒါနိုင်ငံဆိုင်ရာအထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး တာဝန်ထမ်းဆောင်လျှက်ရှိသည်။ [၁]

ငယ်ဘ၀[ပြင်ဆင်ရန်]

ဟောက်ခန့်ဆုမ်း(Hau Khan Sum) [၂] ကို ၁၉၆၇ ခုနှစ် ဒီဇင်ဘာ (၇)ရက်တွင် ဖခင်ဖြစ်သူ Lt. Col. Zam Khan Thang နှင့် မိခင်ဖြစ်သူ Nu Hau Khan Niang တို့က မန္တလေးမြို့တွင် မွေးဖွားသည်။ ၎င်း၏ဖခင်ဖြစ်သူမှာ မြန်မာ့တပ်မတော်အတွင်း ထင်ရှားသူတစ်ဦးဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ဇန်ခန့်ထန်း (ကြည်း-၆၇၀၈) ဖြစ်သည်။

ဝန်ထမ်းဘ၀[ပြင်ဆင်ရန်]

ဟောက်ခန့်ဆုမ်း သည် သံအမတ်ကြီးတာဝန်မထမ်းဆောင်ခင် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်သည်။ ထိုတာဝန်ကို အစမ်းစခန့်သည့် ၂၀၁၈ ခုနှစ် ဧပြီလ ၇ရက်နေ့ မှ စတင်ထမ်းဆောင်သည်။ ၂၀၁၉ခုနှစ် ဧပြီ ၄ရက် တွင် အတည်ပြုခန့်အပ်ခံရသည်။ ၂၀၂၀ခုနှစ် အောက်တိုဘာ ၂၀ရက်အထိ အာဆီယံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်ပြီးနောက် ထိုနေ့မှာပင် ကနေဒါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အဖြစ် သမ္မတဦးဝင်းမြင့် က ၎င်းအား တာဝန်အပ်နှင်းသည်။ [၃] [၄]

သူသည် ထိုတာဝန်များ မထမ်းဆောင်ခင် နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာသံအမတ်၊ ဂျီနီဗာမြို့ ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးတွင် သံအမတ် ( ဒုတိယအမြဲတမ်း ကိုယ်စားလှယ်)[၅] တာဝန်များထမ်းဆောင်ခဲ့သည်။

ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်]

အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သား ၁ဦး၊သမီး ၂ဦး ရှိသည်။

ရရှိခဲ့သည့် ဆု[ပြင်ဆင်ရန်]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်သည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊အော်တာဝါမြို့ သံရုံးအချက်အလက်Embassy of the Republic of the Union of Myanmar OTTAWA(CANADA)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. Pu H.E Hau Khan Sum tawh tuniZOMI DAILY (9 June 2018)။ 27April 2023 တွင် ပြန်စစ်ပြီး။
  3. နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သြစတြီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်တို့အား လမ်းညွှန်မှာကြားMWD Webportal (၁၉ နိုဝင်ဘာ ၂၀၂၀)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဦးဟောက်ခန့်ဆုမ်းအား ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ခန့်အပ်၁၂အောက်တိုဘာ၂၀၂၀နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၃) (၁၂ အောက်တိုဘာ ၂၀၂၀)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. 36th Session of the United Nations Human Rights CouncilPermanent Mission of the Republic of the Union of Myanmar (29 September 2017)။ 27April 2023 တွင် ပြန်စစ်ပြီး။
  6. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့MWD Webportal (၁၇နိုဝင်ဘာ၂၀၂၂)။ ၂၇ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။