ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား

ဝီကီပီးဒီးယား မှ
ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား
Harry Potter and the Half-Blood Prince
Harry Potter and the Half-Blood Prince.jpg
ပထမအကြိမ် ယူကေထုတ်စာအုပ်မှ မျက်နှာဖုံးအပြင်အဆင်
စာရေးသူဂျေ ကေ ရိုးလင်း
J. K. Rowling
သရုပ်ဖော်သူ
  • ဂျေဆန် ကော့ခရော့ဖ်
    Jason Cockcroft (ယူကေထုတ်စာအုပ်)
  • မာရီ ဂရန်းပရယ်
    Mary GrandPré (အမေရိကန်ထုတ်စာအုပ်)
အတွဲဟယ်ရီပေါ်တာ
ထုတ်ဝေအမှတ်
စာအုပ်စီးရီးတွင် အမှတ်စဉ် ၆ (ဆဋ္ဌမမြောက်)
အမျိုးအစားဆန်းကြယ်စိတ်ကူးယဉ်
ထုတ်ဝေသူ
ထုတ်ဝေသည့်ရက်
၂၀၀၅ ဇူလိုင် ၁၆
စာမျက်နှာ၆၀၇ (ယူကေထုတ်စာအုပ်)
၅၄၂ (၂၀၁၄ ယူကေထုတ်စာအုပ်)
၆၅၂ (အမေရိကန်ထုတ်စာအုပ်)
ISBNဝ-၇၄၇၅-၈၁၀၈-၈
ယခင်စာအုပ်ဟယ်ရီပေါ်တာနှင့် ဖီးနစ်အဖွဲ့
နောက်ထွက်စာအုပ်ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင်

ဟယ်ရီပေါ်တာနှင့် သွေးနှောမင်းသား (အင်္ဂလိပ်: Harry Potter and the Half-Blood Princeဟယ်ရီပေါ်တာနှင့် သွေးတစ်ဝက်မှော်ဝိဇ္ဇာ စသည်ဖြင့်လည်း ဘာသာပြန်ဆိုကြ) သည် ဗြိတိသျှစာရေးဆရာမ ဂျေ ကေ ရိုးလင်း ရေးသားထားသည့် နာမည်ကြီး ဆန်းကြယ်စိတ်ကူးယဉ် ဝတ္ထုရှည်တစ်ပုဒ် ဖြစ်၍၊ ထိုဝတ္ထုသည် ဟယ်ရီပေါ်တာ စာအုပ်အတွဲတွင် နောက်ဆုံး၏ရှေ့နှင့် ဆဋ္ဌမမြောက်စာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် အဓိကဇာတ်ဆောင် ဟယ်ရီပေါ်တာ၏ ဟော့ဂ်ဝပ် စုန်းကဝေအတတ်နှင့် မှော်ပညာကျောင်းတော်ကြီးတွင် တက်ရောက်ရသော ဆဋ္ဌမနှစ်ကျောင်းသားဘဝအကြောင်း ဖြစ်၍ ဟယ်ရီ၏ ပြေးမလွတ်နိုင်သော ဝဋ်ဒုက္ခအကြောင်းများ၊ ဗော်လ်ဒီမော့၊ ဟယ်ရီ၏ ကောင်းရာညွှန်ဆရာကြီးတစ်ဦးလည်းဖြစ်၊ ဟော့ဂ်ဝပ်ကျောင်းအုပ်ကြီးလည်းဖြစ်သော အဲလ်ဘတ်စ် ဒမ်ဘယ်လ်ဒိုးနှင့် ဗော်လ်ဒီမော့တို့၏ နောက်ဆုံးတိုက်ပွဲအတွက် ဟယ်ရီ၏ ကြိုတင်ပြင်ဆင်မှုများ စသည့်ဇာတ်ကြောင်းများကို ဖတ်ရှုရမည့် ဝတ္ထုဖြစ်သည်။

ထိုစာအုပ်ကို ယူနိုက်တက်ကင်းဒမ်းတွင် ဘလွမ်းစ်ဘာရီ စာအုပ်တိုက်မှလည်းကောင်း၊ အမေရိကန်ပြည်ထောင်စုတွင် စကောလာ့စတစ်မှလည်းကောင်း ၂၀၀၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် ထုတ်ဝေဖြန့်ချိခဲ့လေသည်။ အခြားသော နိုင်ငံအချို့တွင် ထိုနေ့၌ပင် ထုတ်ဝေခဲ့ပေသည်။ စတင်ဖြန့်ချိချိန်မှ ၂၄ နာရီအတွင်း အုပ်ရေ ကိုးသန်းခန့်အထိ ရောင်းချနိုင်ခဲ့သဖြင် ထိုအချိန်က မှတ်တမ်းဝင်စံချိန်တင်နိုင်ခဲ့သော်လည်း၊ နောင်တွင် စာအုပ်စီးရီး၏ အဆက်ဖြစ်သော ဟယ်ရီပေါ်တာနှင့် မရဏမှော်လက်ဆောင် မှ ထိုစံချိန်ကို ကျော်ဖြတ်ကာ ထပ်မံစံချိန်ချိုးနိုင်ခဲ့သည်။

ထိုစာအုပ် မထုတ်ခင်အချိန်ကလည်းကောင်း ၊ ထုတ်ပြီးအချိန်တွင်လည်းကောင်း ဖြန့်ချိရက်စွဲမတိုင်ခင် ကနေဒါသို့ ကြိုတင်ပို့ဆောင်ထားခြင်း အပါအဝင် အငြင်းပွားမှု ပြဿနာများစွာ ဖြစ်ပေါ်စေခဲ့သည်။ စာအုပ်အပေါ် သုံးသပ်ရှုမြင်ကြမှုများတွင်မူ အများအားဖြင့် အကောင်းဘက်မှ ဝေဖန်ခဲ့ကြပြီး၊ ထိုဝတ္ထုသည် ၂၀၀၆ ခုနှစ်အတွက် အကောင်းဆုံးဗြိတိသျှစာအုပ်ဆု အပါအဝင် ဆုတံဆိပ်အချို့နှင့် ချီးကျူးဂုဏ်ပြုမှုများကို လက်ခံရရှိခဲ့လေသည်။

ဝန်းနား ဘရိုစ် ရုပ်ရှင်ထုတ်လုပ်ရေး၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ဖန်တီးမှု သည် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ထွက်ရှိခဲ့သည်။