ဟန်ဆာနယ် ဘိုကီယာ အမျိုးသား အားကစားကွင်း
SNHB | |
၂၀၁၇ခုနှစ်ကတွေ့ရစဉ် | |
တည်နေရာ | ဘန်ဒါဆရီဘဂါဝမ်မြို့၊ ဘရူနိုင်းနိုင်ငံ |
---|---|
ဝင်ဆံ့ပမာဏ | ၂၈၀၀၀[၁] |
မျက်နှာပြင် | မြက် |
တည်ဆောက်ခြင်း | |
ပန္နက်ရိုက် | ဩဂုတ် ၁၉၈၀ |
ဖွင့်လှစ် | ၂၃ စက်တင်ဘာ ၁၉၈၃ |
ဗိသုကာ | SAA Partnership |
ဟန်ဆာနယ် ဘိုကီယာ အမျိုးသား အားကစားကွင်း (အင်္ဂလိပ်: Hassanal Bolkiah National Stadium) သည် ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝန်မြို့တွင် တည်ရှိသော ဘက်စုံသုံး အားကစားကွင်းဖြစ်သည်။၁၉၈၃ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ လူဦးရေ ၂၃၀၀၀ ဝင်ဆံ့သည်။ဤကွင်းကို ဆူတန် ဟန်ဆာနယ် ဘိုကီယာအား ဂုဏ်ပြု၍ အမည်ပေးထားခြင်းဖြစ်သည်။
တည်ဆောက်ခြင်း
[ပြင်ဆင်ရန်]အခြားသော အများပိုင်အဆောက်အဦးများကဲ့သို့မဟုတ်ဘဲ ဤအားကစားကွင်းတည်ဆောက်ရန်အတွက် ငွေကြေး ထည့်ဝင်ခဲ့ကြသည်။အများပြည်သူထည့်ဝင်ငွေမှာ အားကစားကွင်းတည်ဆောက်ခြင်း ကုန်ကျငွေ အမေရိကန်ဒေါ်လာ သန်း၁၀၀၏ ၁.၁ရာခိုင်နှုန်းရှိသည်။ဤသည်မှာ ဤစီမံကိန်းအတွက် ပြည်သူလူထု၏ စိတ်ပါဝင်စားမှုကို ပြသနေသည်။
ဖွင့်လှစ်ခြင်း
[ပြင်ဆင်ရန်]ဤအားကစားကွင်းကို ၁၉၈၃ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ထိုနေ့မှာ လက်ရှိဆူတန် ဟန်ဆာနယ် ဘိုကီယာ၏ ဖခင် ယခင်ဆူတန် အိုမာအလီဆက်ဖျူတန် (၃)၏ ၆၉နှစ်ပြည့် မွေးနေ့ဖြစ်သည်။