မာတိကာသို့ ခုန်သွားရန်

ဟတ်ယိုင်မြို့

ဝီကီပီးဒီးယား မှ
ဟတ်ယိုင်မြို့
Hat Yai

หาดใหญ่
မြူနီစီပယ်မြို့
ဟတ်ယိုင်မြို့ Hat Yai၏ တံဆိပ်တုံး
စည်းတံဆိပ်
ဟတ်ယိုင်မြို့ Hat Yai သည် ထိုင်းနိုင်ငံ တွင် တည်ရှိသည်
ဟတ်ယိုင်မြို့ Hat Yai
ဟတ်ယိုင်မြို့
Hat Yai
ထိုင်းနိုင်ငံအတွင်းရှိမြေပုံ
ကိုဩဒိနိတ်: 7°1′N 100°28′E / 7.017°N 100.467°E / 7.017; 100.467ကိုဩဒိနိတ်: 7°1′N 100°28′E / 7.017°N 100.467°E / 7.017; 100.467
နိုင်ငံ ထိုင်း
ပြည်နယ်ဆုန်ခလာ
ခရိုင်ဟတ်ယိုင်
အစိုးရ
 • အမျိုးအစားမြူနီစီပယ်
 • မြို့တော်ဝန်Prai Pattano
ဧရိယာ
 •  မြူနီစီပယ်မြို့၂၁.၀၀ စတုရန်းကီလိုမီတာ (၈.၂၀ စတုရန်းမိုင်)
 • ကုန်းမြေ၂၀.၅၀ စတုရန်းကီလိုမီတာ (၈.၀၀ စတုရန်းမိုင်)
 • ရေထု၀.၅၀ စတုရန်းကီလိုမီတာ (၀.၂၀ စတုရန်းမိုင်)  2.38%
 • မြို့ပြကြီး၈၅၂.၇၉ စတုရန်းကီလိုမီတာ (၃၂၉.၂၆ စတုရန်းမိုင်)
လူဦးရေ (2012)
 •  မြူနီစီပယ်မြို့၁၅၈,၂၁၈
 • သိပ်သည်းမှု၁၂,၆၇၆.၀၅/km (၃၅,၂၉၇.၅၅/sq mi)
 • မြို့ပြကြီး၃၈၅,၉၂၇
 Registered residents only
အချိန်ဇုန်ICT (UTC+7)
စာပို့ကုတ်90110
ဧရိယာကုတ်(+66) 74
ဝက်ဘ်ဆိုဒ်hatyaicity.go.th

ဟတ်ယိုင်မြို့ (Hat Yai) (ထိုင်း: หาดใหญ่, Hat Yai) သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ မလေးရှားနယ်စပ်မှ မြို့ဖြစ်သည်။ ဘန်ကောက်မြို့၏ တောင်ဘက် ၉၄၆ km (၅၈၈ mi) အကွာတွင်ရှိသည်။၂၀၁၂ ခုနှစ်တွင် မြူနီစီပယ် ဧရိယာအတွင်း၌ လူဦးရေ ၁၅၈,၂၁၈ ရှိသည်။ မက်ထရိုပိုလစ်တန်ဒေသ၌ လူဦးရေ ၃၈၅,၉၂၇ ရှိကာ ဆုန်ခလာခရိုင်၏ အကြီးဆုံးမြို့ ဖြစ်သည်။ နိုင်ငံတောင်ပိုင်း၏ အကြီးဆုံး မက်ထရိုပိုလစ်တန်ဖြစ်ကာ တစ်နိုင်ငံလုံး တတိယမြောက်အကြီးဆုံး မက်ထရိုပိုလစ်တန် ဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆုန်ခလာခရိုင်၏ မြို့တော်အဖြစ် အထင်မှားတတ်ကြသည်။ အမှန်တွင် ဆုန်ခလာခရိုင်၏ မြို့တော်မှာ ဆုန်ခလာမြို့သာဖြစ်ပြီး ဟတ်ယိုင်မြို့မှာ စီးပွားရေးမြို့သာဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဟတ်ယိုင်မြို့၏ မူလအမည်မှာ ခို့စမတ်ချွန် (โคกเสม็ดชุน, "shore eugenia knoll") ဖြစ်ပြီး၊ တောင်ပိုင်းမီးရထားလမ်းပိုင်း မဖောက်လုပ်မီအထိ ရွာလေးတစ်ရွာသာ ဖြစ်ခဲ့သည်။ ယခင်က ဆုန်ခလာနှင့် ဆက်သွယ်သော မီးရထားလမ်းပိုင်းသည် ဥသဖောင်တူးမြောင်း (U Tapao) တွင်သာ ရှိခဲ့သော်လည်း၊ ၁၉၂၂ ခုနှစ်တွင် ဥသဖောင်တူးမြောင်း၌ ရေကြီးမှုများ မကြာခဏဖြစ်ပွားသောကြောင့် လမ်းပိုင်းကို ခို့စမတ်ချွန်သို့ ပြောင်းရွှေ့ခဲ့သည်။ တရုတ်လူမျိုး ရထားလမ်းကန်ထရိုက်တာ Khun Niphat Chinnakor ကြောင့် ၎င်းသည် မြို့ငယ်လေးအဖြစ် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

၁၉၂၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဟတ်ယိုင်ကို sukhaphiban စည်ပင်မြို့ငယ်တစ်ခု အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၎င်းသည် ၄.၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ပထမဆုံးမြို့တော်ဝန်မှာ Udom Bunlong ဖြစ်သည်။ ၁၉၃၈ ခုနှစ်တွင် မြူနီစီပယ်အုပ်ချုပ်ရေးရုံးကို ဆောက်လုပ်ပြီးစီးခဲ့သည်။

၁၉၄၉ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဟတ်ယိုင်ကို ထေဆာဘန်မောင်းအဆင့် (မြို့အဆင့်) သတ်မှတ်ခဲ့သည်။ ၁၉၆၁ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် မြို့၏ဧရိယာကို ၈ စတုရန်းကီလိုမီတာအထိ ထပ်မံချဲ့ထွင်ခဲ့သည်။ မြို့မှာ ကြီးမားလာသည်နှင့်အမျှ ၁၉၆၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် အုပ်ချုပ်ရေးရုံးအသစ်ကို ဖွင့်လှစ်ခဲ့သည်။ ၁၉၇၇ ခုနှစ်၊ ဧပြီလတွင် မြို့၏ဧရိယာကို ၂၁ စတုရန်းကီလိုမီတာအထိ ဒုတိယအကြိမ် ထပ်မံတိုးချဲ့ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ထေဆာဘန်နခွန်အဆင့် (မက်ထရိုပိုလစ်တန် မြူနီစီပယ်မြို့အဆင့်) သို့ အဆင့်မြှင့်တင်ခဲ့သည်။

ဟတ်ယိုင် ဟူသောအမည်မှာ "မဟတ်ယိုင်" ဆိုသည့် အမည်၏ အတိုကောက်ဖြစ်သည်။ မဟတ် (Mahat) ဆိုသည်မှာ ထိုင်းဘာသာဖြင့် ပိန္နဲပင် ကို ဆိုလိုသည်။

ရာသီဥတု

[ပြင်ဆင်ရန်]

ဟတ်ယိုင်မြို့မှာ အပူပိုင်း ရာသီဥတုမျိုးရှိသည်။ ထိုင်းနိုင်ငံ၏ အခြားသောဒေသများကဲ့သို့ပင် ပူ၍ စိုစွတ်သည်။ သတ်ယိုင်မြို့တွင် ရာသီဥတု ၂မျိုးသာရှိသည်။ စိုစွတ်သော ရာသီနှင့် ခြောက်သွေ့သော ရာသီတို့ဖြစ်သည်။ စိုစွတ်သောရာသီမှာ မေလမှ ဒီဇင်ဘာလအထိဖြစ်ပြီး မုတ်သုံနှင့် မိုးရွာတတ်သည်။ ခြောက်သွေ့သောရာသီမှာ ဇန်နဝါရီမှ ဧပြီအထိဖြစ်သည်။ သတ်ယိုင်မြို့တွင် တစ်ခါတစ်ရံ မိုးကြီးတတ်ပြီး ရေမြုပ်တတ်သည်။ နိုဝင်ဘာလတွင် ၂၂ရက်ခန့် မိုးရွာသွန်းတတ်ပြီး မိုးရေချိန် 317 mmထက် ရှိတတ်သည်။

ဟတ်ယိုင်မြို့ (၁၉၈၁ - ၂၀၁၀) အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
စံချိန်တင် အမြင့်ဆုံး °C (°F) 35.4
(95.7)
37.4
(99.3)
38.3
(100.9)
39.2
(102.6)
38.3
(100.9)
36.8
(98.2)
37.3
(99.1)
36.9
(98.4)
36.5
(97.7)
36.3
(97.3)
34.7
(94.5)
34.1
(93.4)
39.2
(102.6)
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 31.0
(87.8)
32.7
(90.9)
34.2
(93.6)
34.6
(94.3)
33.8
(92.8)
33.5
(92.3)
33.2
(91.8)
33.1
(91.6)
32.5
(90.5)
31.8
(89.2)
30.4
(86.7)
29.7
(85.5)
32.5
(90.5)
နေ့စဉ် ပျမ်းမျှ °C (°F) 26.0
(78.8)
26.7
(80.1)
27.6
(81.7)
28.0
(82.4)
27.8
(82)
27.7
(81.9)
27.4
(81.3)
27.4
(81.3)
26.9
(80.4)
26.5
(79.7)
26.0
(78.8)
25.6
(78.1)
27.0
(80.6)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 22.0
(71.6)
22.1
(71.8)
22.9
(73.2)
23.7
(74.7)
24.0
(75.2)
23.8
(74.8)
23.5
(74.3)
23.5
(74.3)
23.4
(74.1)
23.3
(73.9)
23.2
(73.8)
22.6
(72.7)
23.2
(73.8)
စံချိန်တင် အနိမ့်ဆုံး °C (°F) 18.3
(64.9)
18.2
(64.8)
18.5
(65.3)
20.0
(68)
21.2
(70.2)
20.9
(69.6)
20.3
(68.5)
20.6
(69.1)
20.9
(69.6)
21.1
(70)
20.7
(69.3)
19.1
(66.4)
18.2
(64.8)
ပျှမ်းမျှ မိုးရေချိန် mm (inches) 53.8
(2.118)
24.4
(0.961)
75.1
(2.957)
118.6
(4.669)
147.7
(5.815)
119.3
(4.697)
104.5
(4.114)
113.0
(4.449)
157.3
(6.193)
227.8
(8.969)
317.1
(12.484)
267.7
(10.539)
၁၇၂၆.၃
(၆၇.၉၆၅)
ပျမ်းမျှ မိုးရွာသွန်းရက်များ 8.2 3.6 7.2 12.4 14.3 13.6 14.0 15.2 18.5 21.1 21.4 18.4 167.9
Average relative humidity (%) 80 77 76 78 81 80 79 79 82 85 87 85 81
Mean monthly sunshine hours 182.9 166.7 186.0 144.0 114.7 111.0 114.7 114.7 108.0 111.6 105.0 108.5 ၁၅၆၇.၈
Mean daily sunshine hours 5.9 5.9 6.0 4.8 3.7 3.7 3.7 3.7 3.6 3.6 3.5 3.5 4.3
Source #1: Thai Meteorological Department[]
Source #2: Office of Water Management and Hydrology, Royal Irrigation Department (sun and humidity)[]

လူဦးရေ ဖွဲ့စည်းမှု

[ပြင်ဆင်ရန်]

လူဦးရေအချိုးအစားအရ ဟတ်ယိုင်မြို့မှာ မလေး-မွတ်စလင်လူမျိုးများနှင့် တရုတ်လူမျိုးများမှာ နိုင်ငံအတွင်း အခြားဒေသများနှင့် ယှဉ်လျှင် လွန်စွာ များပြားသည်။ သတ်ယိုင်၏ လူဦးရေမှာ ၁၅၇, ၃၅၉ ဦး ရှိပြီး ဘန်ကောက်မြို့နွန်တပ်ဘူရီမြို့ပတ်ခရက်မြို့ တို့ပြီးလျှင် စတုတ္ထမြောက် လူဦးရေအများဆုံးမြို့ဖြစ်သည်။

တောင်ပိုင်း မငြိမ်မသက်မှုများ

[ပြင်ဆင်ရန်]

ထိုင်းနိုင်င် တောင်ဘက်အပိုင်း၏ စီးပွားရေး အချက်အချာဒေသဖြစ်၍ PULO သောင်းကျန်းသူများနှင့် အလားတူ အဖွဲ့များ၏ အကြမ်းဖက်ရေးရာ ပစ်မှတ် ဖြစ်လာသည်။

၂၀၀၅ခုနှစ် ဧပြီ၅ရက်နေ့တွင် ကယ်ရီဖောကုန်တိုက်ကြီးနှင့် ဟတ်ယိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူ ၂ ဒါဇင်ကျော် ရှိခဲ့သည်။ ၂၀၀၆ခုနှစ် စက်တင်ဘာ ၁၆ရက်နေ့တွင် အဆက်လိုက် ဗုံးပေါက်ကွဲမှုများကြောင့် လူလေးဦး သေဆုံးခဲ့ကာ လူ၇၀ကျော် ဒဏ်ရာရခဲ့သည်။ [] ၂၀၁၂ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် လီဂါဒန်းပလာဇာ ဟိုတယ်တွင် ကားဗုံးပေါက်ကွဲပြီး လူ၅ဦးသေဆုံးကာ ရာနှင့်ချီ၍ ဒဏ်ရာရခဲ့သည်။ ထိုင်းနိုင်ငံသားများသာမက မလေးရှားမှ ခရီးသွားများပါ ပါဝင်ခဲ့သည်။ ထိုကိစ္စကို BRN အဖွဲ့မှ ပြုလုပ်သည်ဟု ထိုင်းတော်ဝင်တပ်မတော်မှ ယုံကြည်ကြသည်။

၂၀၁၄ ခုနှစ် မေလ၆ရက်နေ့တွင် စတိုးဆိုင်တစ်ခုနှင့် ရဲစခန်းတစ်ခုတွင် ဗုံး၂လုံး ပေါက်ကွဲကာ လူ၉ဦး ဒဏ်ရာရခဲ့သည်။

ပို့ဆောင်ဆက်သွယ်ရေး

[ပြင်ဆင်ရန်]
ဟတ်ယိုင်ဘူတာရုံ

ဟတ်ယိုင်လမ်းဆုံဘူတာရုံသည် စတင် တည်ဆောက်ခဲ့စဉ်ကပင် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသ၏ သယ်ယူပို့ဆောင်ရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။ တောင်ပိုင်း၏ အကြီးဆုံးဘူတာရုံတစ်ခုဖြစ် ဟတ်ယိုင်ဘူတာရုံမှာ အပြည်ပြည်ဆိုင်ရာ ဘူတာရုံတစ်ခုလည်း ဖြစ်သည်။ နေ့စဉ် ရထား၂၈ စီး ဆိုက်သည်။၂၆ စီးမှာ ထိုင်းနိုင်ငံမှ ဖြစ်ကာ ၂ စီးမှာ မလေးရှားနိုင်ငံမှ ဖြစ်သည်။

ရထားလမ်းနှင့် အပြိုင်တွင် အာရှ အဝေးပြေးလမ်းမ ၂ တည်ရှိသည်။ အာရှ အဝေးပြေးလမ်းမ ၁၈မှာ ဟတ်ယိုင်မြို့တွင် စတင်ကာ တောင်ဘက်သို့ဆက်ပြီး မလေးကျွန်းဆွယ်အတိုင်း ဆက်သွားသည်။

ဟတ်ယိုင်ကားဂိတ်မှာ တောင်ပိုင်း၏ အရေးပါသော ကားဂိတ်ဖြစ်သည်။ ထိုကားဂိတ်မှာ အနီးရှိ မြို့အားလုံးကို ဘတ်စ်ကားရှိသည်။ ထို့အပြင် ဘန်ကောက်၊ နခွန်ရတ်ချစီမာ စသည့်ဒေသများသို့လည်း ရှိသည်။ နိုင်ငံတွင်း ဒေသအချို့သာမက မလေးရှား၊ စင်ကာပူတို့မှ ကျွန်းများသို့လည်း မီနီဘတ်စ်များရှိသည်။

ဟတ်ယိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်

ဟတ်ယိုင် အပြည်ပြည်ဆိုင်ရာလေဆိပ် သည် မြို့လယ်ခေါင်မှ ၉ ကီလိုမီတာအကွာတွင် တည်ရှိကာ ကွာလာလမ်ပူနှင့် စင်ကာပူသို့ လေကြောင်းခရီးများရှိသည်။ မက္ကာမြို့သို့ ဝတ်ပြုသ့ားမည့် မွတ်စလင်များအတွက် အဓိကလေဆိပ်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ ပဉ္စမမြောက် အလုပ်အရှုပ်ဆုံး လေဆိပ်ဖြစ်ကာ ၂၀၁၁ ခုနှစ်တွင် ခရီးသည် ၁၈၆,၉၁၁၃ ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ []

ပညာရေး

[ပြင်ဆင်ရန်]

ဆုန်ခလာမင်းသားတက္ကသိုလ်သည် တောင်ပိုင်းထိုင်းပြည်တွင် အကြီးဆုံးနှင့် သက်တမ်းအရင့်ဆုံး တက္ကသိုလ်ဖြစ်သည်။ ပင်မနယ်မြေမှာ ဟတ်ယိုင် မြို့လယ်ခေါင်တွင် တည်ရှိကာ တက္ကသိုလ် အဆောက်အဦးများမှာ ဟတ်ယိုင်နှင့် ခိုဟွန်မြို့တို့တွင်ဖြစ်သည်။ဤတက္ကသိုလ်မှာ ထိုင်းအမျိုးသားတက္ကသိုလ်များတွင် ထိပ်တန်းဝင်ဖြစ်သည်။ ဟတ်ယိုင်တွင် နာမည်ကြီး အထက်တန်းကျောင်းများစွာရှိသည်။ []

ရောင်းဝယ်ဖောက်ကားခြင်း

[ပြင်ဆင်ရန်]
ဟတ်ယိုင်မြို့လယ်ခေါင်

ဟတ်ယိုင်မြို့မှာ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းများအတွက်ပါ စီးပွားရေး အချက်အချာကျသည်။ ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာများ၊ ဈေးကြီးများမာ မြို့အနှံ့ တည်ရှိသည်။ ဆန်တီဆုတ်ဈေးမှာ ထင်ရှားလှသည်။ အစားအစာ၊ အထည်နင့် လျပ်စစ်ပစ္စည်းများကို အဓိက ရောင်းချသည်။

ကင်ယုန်းဈေးသည် ဟတ်ယိုင်မြို့လယ်ခေါင်မှ ကျော်ကြားလှသော ဈေးဖြစ်သည်။ ထိုဈေးကို ၁၉၂၈ခုနှစ်တွင် တရုတ်လူမျိုး Xi Gim Yong (徐金榮) စီးပွားရေးသမားမှ တည်ထောင်ခဲ့သည်။ ထိုဈေးကို အပိုင်း၂ပိုင်းခွဲနိုင်သည်။ ပထမပိုင်းမှာ အထပ်၂ထပ်ရှိ အဆောက်အဦးဖြစ်ပြီး ဒုတိယအပိုင်းမှာ ဈေးအပြင်အပိုင်း လမ်းတစ်လျောက်ဖြစ်သည်။ ဈေးအတွင်းတွင် ပစ္စည်းများ စုံလင်လှသည်။ ပထမထပ်တွင် အသီးအနှံများ၊ အသားများ၊ ပင်လယ်စာများ၊ စားသောက်ဆိုင်များ စသည်တို့ရှိသည်။ ဟတ်ယိုင်မြို့တွင် စနေ၊ တနင်္ဂနွေ ၂ရက်ဈေးကြီး ၂ခုရှိသည်။

ယဉ်ကျေးမှု

[ပြင်ဆင်ရန်]

အရေးပါသော ဗုဒ္ဓဘုရားမှာ ဟတ်ယိုင်နမ်ဘုရား သို့မဟုတ် ဝပ် ဟတ်ယိုင်နမ်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တတိယအကြီးဆုံး လျောင်းတော်မှု ရုပ်ပွားတော်ရှိသည်။ ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှ လူများသည် ဤဘုရားသို့ လာရောက်လေ့ရှိကြသည်။ အောက်တိုဘာ ၁ရက်နေ့ညတွင်ကျင်းပသော ချက်ဖရာဘုရားပွဲမှာ ထိုင်းတောင်ပိုင်းတွင် ကျော်ကြားလှသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Climatological Data for the Period 1981–2010။ Thai Meteorological Department။ 26 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ปริมาณการใช้น้ำของพืชอ้างอิงโดยวิธีของ Penman Monteith (Reference Crop Evapotranspiration by Penman Monteith) (in Thai)။ Office of Water Management and Hydrology, Royal Irrigation Department။
  3. "Four killed in Thai bomb blasts"၊ BBC News၊ September 17, 2006။ 
  4. Archived copy။ November 27, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-12-11 တွင် ပြန်စစ်ပြီး။, AOT Investors Site | accessdate =
  5. Top 100 High Schools in Thailand (in Thai)။ 30 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 November 2018 တွင် ပြန်စစ်ပြီး။