သွားဖုံးရောဂါ
သွားဖုံးရောဂါသည် သွားနှင့် ခံတွင်း မသန့်ရှင်းမှုကြောင့် ဖြစ်ပွားသောရောဂါ ဖြစ်သည်။ သွားဖုံး ရောင်ရောဂါသည် သွားဖုံးရောဂါ၏ အစဖြစ်သည်။ ထို့နောက်တွင် သွားဖုံးများအောက်သို့ကျလာကာ နောက်ဆုံးတွင် သွားများကျွတ်ထွက်သွားသည်အထိ ဆိုးရွားနိုင်ပါသည်။
သွားဖုံးဆိုသည်မှာ
[ပြင်ဆင်ရန်]ပါးစပ်ထဲရှိ သွားများတွင် အပေါ်ပိုင်း( Crown)နှင့် အမြစ်ပိုင်း(Root) ဆိုပြီးရှိရာ သွားဖုံးအလွှာက အမြစ်ပိုင်းကိုဖုံးအုပ်ပေးထားသည်။ ကျန်းမာသော သားဖုံးသည် မာပြီးပန်းရောင်သန်းနေပါသည်။ သွားဖုံးရောင်ရောဂါ (Gingivitis)သည် သွားဖုံးရောဂါ၏အစပင် ဖြစ်သည်။
သွားဖုံရောဂါ စတင်ဖြစ်လာပုံ
[ပြင်ဆင်ရန်]သွားဖုံးရောင်ရောဂါသည် ခံတွင်းသန့်ရှင်းရေးမကောင်းခြင်းကြောင့် ဖြစ်သောရောဂါဖြစ်သည်။ ကျွန်ပ်တို့တို အစာစားပြီး အချိန်ခဏအတွင်းတွင် မျက်စိဖြင့်မမြင်နိင်သော ဘက်တီးရီးယားအမျှင်းလေး(acquire Pelllicle ) ဖြစ်လာလေ့ရှိသည်။ ထိုအမျှင်းလေးပေါ်၌ ဘက်တီးရီးယားများ လာရောက်ကပ်တွယ်ပြီး Bacterial Plaque ကနေတစ်ဆင့် ကျောက်(Calculus) တွေဖြစ်လာသည်။ ထိုအချိန်တွင် သွားမတိုက်ပဲဆက်ထားပါက ကျောက်လွာသည် တစ်ဖြည်းဖြည်းနှင့် မာလာပြီး သွားအမြစ်ပတ်လည်နှင့် သွားဖုံးအဆက်နေရာတွေမှာပါ ကျောက်တည်လာရသည်။ ထိုအဆင့်ရောက်လျှင် သွားဖုံးများသည် နီပြီး ယောင်လာမည်၊ သွားတိုက်သည့် အခါသွေးစလေးများထွက်လာမည်။ ထိုသို့ဖြစ်ပေါ် နေစဉ်အတွင်း နာကျင်မှု မရှိသေးသောကြောင့် သတိမထားမိနိင်ချေ။ ထိုအဆင့်တွင် သွားမှန်မှန်ပြန်တိုက်ပါက ပြန်လည်ကောင်းမွန်လာနိင်ပါသည်။ ထိုအဆင့်တွင် သွားဖုံးများသည် အောက်သို့ကျလာကျလာသဖြင့် သွားများမှာ အရွယ်စား ကြီးလာသည်ဟု ထင်ရပါသည်။
သွားဖုံးရောင်ရောဂါဖြစ်ပြီးပါက နောက်တစ်ဆင့်အနေနှင့် သွာဖုံးရောဂါ (Periodontitis) ဖြစ်လာသည်။ ထိုအဆင့်ကို အဆင့် သုံးခါထပ်ခွဲပါသည်။
သွားဖုံးရောဂါဖြစ်လာပုံအဆင့်ဆင့်
[ပြင်ဆင်ရန်]Mild Periodontitis အဆင့်
[ပြင်ဆင်ရန်]Mild Periodontitis အဆင့်တွင် သွားဖုံးသည် သွားနှင့် ကွာသွားပြီး (Pocket) အပေါက်လေးများ ဖြစ်လာသည်။ ကျောက်တွင် တွယ်ကပ်နေသော ဘက်တီးရီးယားများမှ ထွက်သည့် အက်စစ်များမှ တစ်ဆင့် သွားဖုံးများ ထိခိုက်ခြင်းဖြစ်သည်။
Moderate Periodontitis အဆင့်
[ပြင်ဆင်ရန်]Moderate Periodontitis အဆင့်တွင် (Pocket) များသည် တစ်ဖြည်းဖြည်းကြီးလာပြီး သွားဖုံးများလည်း အောက်သို့တဖြည်းဖြည်းကျလာကာ သွားဖုံးတစ်ရှုးများလည်း ဆုံးရှံးကုန် မည်ဖြစ်ပါသည်။
Severe Periodontitis အဆင့်
[ပြင်ဆင်ရန်]Severe Periodontitis အဆင့်တွင် သွားဖုံးသည် အောက်သို့ အလွန်အမင်း ကျဆင်းလာပြီး သွားများမှာ လှုပ်ယိုင်လာမည် ဖြစ်သည်။ ခံတွင်းအနံ့ဆိုးဝါးလာကာ သွားများလည်း ယိုင်နဲ့လာမည် ဖြစ်သည်။
နောက်ဆုံးအဆင့်တွင် ရေစီးကမ်းပြိုဟု ခေါ်သော သွားများကျွတ်ထွက်သွားသည် အထိဖြစ်နိင်ပါသည်။
ရောဂါဖြစ်စေသည့်အကြောင်းအရင်း
[ပြင်ဆင်ရန်]သွားဖုံးရောဂါကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းမှာ Bacterial Plaque ဟုခေါ်သည့် ဘက်တီးရီးယားများ စုဝေးရာအလွှာကို မဖယ်ရှားခြင်းကြောင့် ဖြစ်သည်။ သွားမှန်မှန်တိုက်ပါက သွားဖုံးရောဂါ ဖြစ်နိုင်စရာအကြောင်း နည်းပါးပါသည်။ သို့သော် ဆေးလိပ်သောက်ခြင်း ကြောင့်လည်းဖြစ်နိင်ချေရှိသည်။ Tobacco တွင်ပါဝင်သော ပစ္စည်းများကြောင့်လည်းဖြစ်နိင်ပါသည်။ကွမ်းစားခြင်းကြောင့်လည်းဖြစ်စေနိုင်ပါသည်။ ကွမ်းဂျီးများနှင့် အစာများကပ်ခြင်းမှ တစ်ဆင့် ကျောက်များဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်ပါသည်။
ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများ
[ပြင်ဆင်ရန်]သွားဖုံးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်သော အကောင်းဆုံးနည်းလမ်းမှာ သွားမှန်မှန်တိုက်ခြင်း ပင်ဖြစ်ပါသည်။ သွားဖုံးရောဂါမဖြစ်ပွားမီ သွားဖုံးရောင်သည့်အဆင့်တွင်ပင်လျှင် သွားပုံမှန်ပြန်တိုက်ပေးပါက ပြန်လည်ကောင်းမွန်လာနိုင်ပြီး သွားဖုံးများလည်းအပေါ်ပြန်တက်လာနိုင်းပါသည်။ သွားဖုံးရောဂါမဖြစ်ပွားအောင် အစာအစားပြီးတိုင်း ပလုတ်ကျင်းသင့်ပါသည်။
ကုသခြင်း
[ပြင်ဆင်ရန်]သွားဖုံးရောင်ရောဂါဖြစ်ပါက တွယ်ကပ်နေသည့် ကျောက်များကိုဖယ်ရှားပေးပြီးကုသမှုပေးပါသည်။၎င်းကို ကျောက်ခြစ်ခြင်း(Scaling)ဟုခေါ်ပါသည်။အကယ်၍ ရောဂါအခြေအနေအလွန်ဆိုးဝါးပြီး အလွန်မင်းရောင်နေပြီ၊ ဘက်တီးရီးယားများလည်းပျံ့နှံနေပြီ၊နာလည်းနာကျင်နေပြီ(Generalized advanced Periodontitis)ဆိုပါက ပိုးသတ်ဆေးများပေးပြီးမှသာ ကျောက်တွေများကိုဖယ်ရှားခြင်းပြုလုပ်မည် ဖြစ်ပါသည်။
ကိုးကား
[ပြင်ဆင်ရန်][၁] 22 September 2009 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .