မာတိကာသို့ ခုန်သွားရန်

သဲဖြူကုန်းရွာ၊ ပေါင်မြို့နယ်

ဝီကီပီးဒီးယား မှ
သဲဖြူကုန်း
ရွာ
သဲဖြူကုန်းရွာ
သဲဖြူကုန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သဲဖြူကုန်း
သဲဖြူကုန်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 16°34′38″N 97°34′03″E / 16.577299118042°N 97.5674667358398°E / 16.577299118042; 97.5674667358398ကိုဩဒိနိတ်: 16°34′38″N 97°34′03″E / 16.577299118042°N 97.5674667358398°E / 16.577299118042; 97.5674667358398
နိုင်ငံ မြန်မာ
ပြည်နယ် မွန်
ခရိုင်သထုံခရိုင်
မြို့နယ်ပေါင်မြို့နယ်
ကျေးရွာအုပ်စုသဲဖြူကုန်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

သဲဖြူကုန်းရွာ(အင်္ဂလိပ်: Theahpyukone)သည် မွန်ပြည်နယ်သထုံခရိုင်ပေါင်မြို့နယ်သဲဖြူကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၇၇၁ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သဲဖြူကုန်းကျေးရွာအုပ်စုတွင် ကျား ၂၀၈၁ ဦး၊ မ ၂၂၈၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၃၆၁ ဦး နေထိုင်သည်။ []

သဲဖြူကုန်းရွာရှိ မြေပြိုမှု ဖြစ်ပွားခဲ့သော နေရာ

သဲဖြူကုန်းကျေးရွာတွင် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့က မိုးများပြီး မလတ်တောင်ပြိုကျမှုကြောင့် တောင်ခြေရှိ နေအိမ် ၁၁ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း မြေပိခဲ့သလို[]အဝေးပြေးကားလမ်းပေါ်တွင် ရေကျချိန်စောင့်ဆိုင်းနေသော ခရီးသွားကားအချို့လည်း ပါဝင်ခဲ့သည်။[] အသက်ရှင်လျက် ၄၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး[] ဩဂုတ်လ ၁၉ ရက်နေ့တွင် ရှာဖွေရှင်းလင်းရေး ရပ်နားခဲ့ပြီးနောက် သေဆုံးသူရုပ်အလောင်း ၆၉ ခုကို ရှာဖွေတွေ့ရှိခဲ့ကာ ဆေးရုံတွင် တစ်ဦးကွယ်လွန်ခဲ့သောကြောင့် သေဆုံးသူ စုစုပေါင်း ၇၀ ဦးရှိခဲ့သည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. Place codes (Pcodes) Myanmar Information Management Unit (June 2020)။ 21 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 December 2020 တွင် ပြန်စစ်ပြီး။
  2. မလတ်တောင်မြေပြိုမှု- ရှာတွေ့တာ အနည်းဆုံး ၁၉ လောင်း ရှိနေပြီ ဘီဘီစီ မြန်မာပိုင်း (၉ ဩဂုတ် ၂၀၁၉)။ 18 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  3. ဉာဏ်စိုးဝင်း (၁၀ ဩဂုတ် ၂၀၁၉)။ မလတ်တောင်ပြိုကျမှု သေဆုံးသူ ၃၀ ၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ ဧရာဝတီ သတင်းဌာန။ 11 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  4. ဘိုဘိုမြင့်၊ နေမျိုးဝင်း (၁၀ ဩဂုတ် ၂၀၁၉)။ မွန်ပြည်နယ်တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ခဲ့သည့် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုတွင် သေဆုံးသူ ၃၇ ဦးအထိ ရှိလာပြီး ရာသီဥတုဆိုးရွားပါက ဆက်ပြိုနိုင်ဟု သိရ Eleven Media။ 28 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။
  5. သန္တာလှိုင် (၂၀ ဩဂုတ် ၂၀၁၉)။ သဲဖြူကုန်းကျေးရွာ မြေပြိုနေရာတွင် ရှာဖွေရှင်းလင်းရေးလုပ်ငန်းများပြီးစီး စုစုပေါင်းသေဆုံးသူ ၇၀ ဦးတွေ့ရှိ ၇ ရက်နေ့စဉ်သတင်းစာ။ 20 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၀ ဩဂုတ် ၂၀၁၉ တွင် ပြန်စစ်ပြီး။