သူရိယမင်းဆက်

ဝီကီပီးဒီးယား မှ
သူရိယမင်းဆက်
ကောသလတိုင်း၏ တည်နေရာ
မြို့တော်အယုဒ္ဓယ
ကိုးကွယ်မှုဗုဒ္ဓဘာသာ[၁], ဟိန္ဒူဘာသာ[၂][၃] နှင့် ဂျိမ်းဘာသာ[၄][၅]
အစိုးရသက်ဦးစံပိုင်စနစ်
အာရှယဉ်ကျေးမှုများတွင် ရာမယဏကို တင်ဆက်ချယ်မှုန်းလေ့ရှိပြီး ယခု ထိုင်းအနုပညာပုံမှာ ရာမနှင့် ရာဝဏတို့၏ တိုက်ပွဲဖြစ်သည်။

ပူရာဏ (ပူရဏ်) ကျမ်း (သို့) စာပေအရ သူရိယမင်းဆက် (သို့) နေမင်းဆက် (အင်္ဂလိပ်: Solar dynasty or the Ikshvaku dynasty) ကို ဒဏ္ဍာရီလာဘုရင် ဣက္ခာကု (Ikshvaku) က တည်ထောင်ခဲ့သည်ဟု ဆိုသည်။[၂] ဤမင်းဆက်ကို Sūryavaṁśa (သူရိယဝံသ) ဟူ၍လည်း သိကြပြီး အနက်မှာ "နေမှဆင်းသက်လာသူများ" ဖြစ်သည်။ စန္ဒမင်းဆက် (Lunar dynasty) နှင့်တကွ နေမင်းဆက်သည် ဇာတ်မျိုးနွယ်လေးခုမှ ခတ္တိယမျိုးနွယ် (Kshatriya) ဖြစ်သည်။ ရာမ သည် ဤဣက္ခာကုမင်းဆက် မျိုးရိုးဖြစ်သည်။[၅] ဂျိမ်းကျမ်းစာများအရ တိရံတ္တံကရ (ဂျိမ်းဘုရားရှင်) ပေါင်း (၂၄) ဆူမှ (၂၂) ဆူသည် ဤမင်းဆက်အနွယ်များဖြစ်သည်။[၄] ရိရှာဘ (Rishabha) သည် ဂျိမ်းဘာသာ၏ ပထမဆုံးဘုရားဖြစ်သည်။ ဗုဒ္ဓကျမ်းစားများအရ ဂေါတမဗုဒ္ဓ သည်လည်း ဤမင်းဆက်မျိုးရိုးမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ မဇ္ဈိမဒေသမှ နောက်ပိုင်းမင်းဆက်များစွာသည်လည်း သူရိယဝံသ နောက်ခံဖြစ်ကြသည်ဟူ၍ ဆိုကြပေသည်။

ဟိန္ဒူ ပူရဏ်ကျမ်းများကျမ်းများတွင် သုဒ္ဓေါဒနမင်း၊ ဂေါတမဗုဒ္ဓနှင့် ရာဟုလာတို့သည် ဤဣက္ခာကု မင်းဆက်နွယ်ဝင်ဟု ဖော်ပြကြသော်လည်း ဗုဒ္ဓဘာသာကျမ်းစာအရ ဣက္ခာကုတို့၏ ဘိုးဘေးသည် မဟာသမ္မတဟူ၍ ပြဆိုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Malalasekera၊ G. P. (2007) [1937]။ Dictionary of Pāli Proper Names: A-Dh။ Delhi: Motilal Banarsidass။ pp. 461–2။ ISBN 978-81-208-3021-9
  2. ၂.၀ ၂.၁ Geography of Rigvedic India, M.L. Bhargava, Lucknow 1964, pp. 15-18, 46-49, 92-98, 100-/1, 136
  3. Ikshaku tribe The Mahabharata translated by Kisari Mohan Ganguli (1883 -1896), Book 3: Vana Parva: Tirtha-yatra Parva: Section CVI, p. 228 'There was born in the family of the Ikshaku, a ruler of the earth named Sagara, endued with beauty, and strength...".
  4. ၄.၀ ၄.၁ Zimmer 1952, p. 220
  5. ၅.၀ ၅.၁ Zimmer 1952, p. 218