မာတိကာသို့ ခုန်သွားရန်

သုဝဏ္ဏပုပ္ဖိယ

ဝီကီပီးဒီးယား မှ

အရှင်သုဝဏ္ဏပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ထိုအချိန်တွင် အရှင်သုဝဏ္ဏပုပ္ဖိယထေရ် သည် ဘုမ္မစိုးနတ် ဖြစ်နေ၏။ တစ်ခုသောအချိန်တွင် မြတ်စွာဘုရားသည် လူအပေါင်းအား သေခြင်းကင်းရာ နိဗ္ဗာန်ကို ဟောတော်မူ၏။ ထိုသို့ဟောသည်ကို ဘုမ္မစိုးနတ်လည်း နာကြားရ၏။ ထို့နောက် မြတ်စွာဘုရားအား ရွှေပန်းလေးပွင့်ကို လှူဒါန်းခဲ့၏။[]

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ရွှေပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ လေးဆယ့်သုံးကမ္ဘာထက်၌ “နေမိသမ္မတ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုဝဏ္ဏပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ မဟာပရိဝါရဝဂ်