သုမန (ဗုဒ္ဓဝင်ရဟန်း)
ပုံပန်းသွင်ပြင်
အရှင်သုမနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]သိခီမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]သိခီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ အရှင်သုမနထေရ်သည် “သုမန” အမည်ဖြင့် ပန်းသည် ဖြစ်၏။ သုမနသည် မြတ်စွာဘုရားကို ဖူးမြင်ရသောအခါ မုလေးပန်းတို့ကို လှူဒါန်းခဲ့၏။
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုသို့ မုလေးပန်းတို့ကို လှူဒါန်းခဲ့ရသည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ နှစ်ဆယ့်ခြောက်ကမ္ဘာထက်တွင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော "စကြဝတေးမင်း" လေးကြိမ် ဖြစ်ခဲ့၏။
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝ ပစ္ဆိမဘဝိကတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် "အရှင်သုမနထေရ်" အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၂]