မာတိကာသို့ ခုန်သွားရန်

သုဒဿန

ဝီကီပီးဒီးယား မှ

အရှင်သုဒဿနထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်

[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ တစ်ခုသောအချိန်တွင် အရှင်သုဒဿနထေရ် သည် ဝိနတာမြစ်ကမ်းနား၌ ရှိသော ညောင်ကြတ်ပင်ကို ရှာဖွေနေ၏။ ထိုအခါ သိခီမြတ်စွာဘုရားကို ဖူးမြင်ရ၏။ ထို့နောက် အရှင်သုဒဿနထေရ် သည် ဆတ်သွားပန်းကို မြင်၍ ခူးယူပြီးလျှင် မြတ်စွာဘုရားအား ကပ်လှူပူဇော်၏။ []

အကျိုးခံစားရခြင်း

[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ သုံးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်သုံးကမ္ဘာထက်တွင် “ဖလုဂ္ဂတ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်နှစ်ကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သုဒဿနထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ သုဒဿနတ္ထေရအပဒါန်