သာလပုပ္ဖဒါယက
ပုံပန်းသွင်ပြင်
အရှင်သာလပုပ္ဖဒါယကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရား
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်သာလပုပ္ဖဒါယကထေရ် သည် ခြင်္သေ့မင်း ဖြစ်နေ၏။ တစ်နေ့သောအခါ ထိုခြင်္သေ့သည် တောသတ္တဝါကို ရှာဖွေစဉ် မြတ်စွာဘုရားကို ဖူးမြင်ရ၏။
ထို့နောက် ခြင်္သေ့သည် မြတ်စွာဘုရားအား အင်ကြင်းပန်းခိုင်ကို ချိုးကာ မြတ်စွာဘုရားအား လှူဒါန်းခဲ့၏။[၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကိုးကမ္ဘာထက်တွင် “ဝိရောစန” အမည်ဖြင့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်သာလပုပ္ဖဒါယကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]