သာမိုမီတာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အခန်းအပူချိန်တိုင်း မာကျူရီ သာမိုမီတာ

ကလေးနေထိုင်မကောင်းလျှင် မိခင်ဖြစ်သူ သည်များသောအားဖြင့် ကလေး၏နဖူးပြင်ပေါ်၌ လက်ဝါးတင်၍ ကလေး၏ကိုယ်ပူချိန်ကို စမ်းသပ်ကြည့်လေ့ရှိသည်။ သို့ရာတွင် ခေတ်မီသော မိခင်ဖြစ်မူကား လက်ဝါးနှင့်မစမ်းသပ်ဘဲ သာမိုမီတာခေါ် အပူအအေးတိုင်း ကရိိယာဖြင့် ကလေး၏ အပူချိန်ကို တိကျစွာတိုင်းကြည့်ပေလိမ့် မည်။

သာမိုမီတာကို ပြဒါးတိုင်ဟုလည်းခေါ်လေ့ရှိခြင်းမှာ ဖန်ပြွန်ချောင်းကလေးအတွင်း ပြဒါး ထည့်ထားသည့် ကရိယာ မျိုးကိုသာ မြင်တွေ့နေကြသောကြောင့်ဖြစ်လေသည်။ သို့ရာတွင် စတင်ပေါ် ပေါက်လာသည့်နေ့မှစ၍ ယနေ့ တိုင်အောင် အသုံးပြုခဲ့အသုံးပြုဆဲဖြစ်သော အပူအအေးတိုင်းကရိယာများ ကိုကြည့်လျှင်ပြဒါးအပြင်လေကိုလည်းကောင်း၊ အရက်ပြန်ကို လည်းကောင်း၊ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကိုလည်းကောင်း၊ သတ္ထုကြီး သက်သက်ကိုလည်းကောင်း အသီးသီးအသုံးပြုခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် အငွေ့အရည်အခဲ ဤသုံးမျိုးအနက် မည်သည့် ပစ္စည်းကိုအသုံးပြု သည်ဖြစ်စေ သာမိုမီတာများကို ယေဘုယျပြုလုပ်ထားပုံမှာ အရာဝတ္ထုတို့သည် အေးလျှင်ကျုံ့၍ ပူလျှင်ကားတတ်သည် ဟူသော သဘောအပေါ်တွင် အခြေပြုထားခြင်းပင်ဖြစ်ပေသည်။

ပထမဆုံး သာမိုမီတာကို တီထွင်သူမှာ ဣတာလျံလူမျိုး နက္ခတ်ပညာကျော် ဂယ်လီလေအိုဖြစ်၍ ၁၆ ရာစု နှစ်အတွင်း သူကြံစည်သောပထမကရိယာမှာ ပြဒါးအစား လေကိုသုံးထား သည့်ကရိယာဖြစ် လေသည်။ နောက်နှစ်အ နည်းငယ်ကြာ သောအခါ ဂယ်လီလေအိုသည် လေအစားအရက်ပြန်ကို အသုံးပြုသော ဒုတိယအမျိုးအစားကရိယာကို တိုးတက်ကြံစည်ပြန်လေသည်။ ၁၇ ရာစုနှစ်အတွင် ဒပ်ချလူမျိုး ဒရက်ဗဲဆိုသူကြံစည်သောသာမိုမီတာမှာမူ ပုလင်း အဝကျဉ်း လည်ပင်းရှည်တွင် ရေကိုထည့်ထား၍ ထိုရေအမှတ်အတက် အကျကိုမှတ်ထားခြင်းဖြင့် အပူအအေးကိုတိုင်း တာလေသည်။ ထိုကရိယာကိုတစ်ဖန် ပြင်သစ်လူမျိုးဇန်းရဝါဆိုသူက ၁၆၃ဝ ပြည့်နှစ်တွင် ရေအစား အရက်ပြန် ကိုသုံးကာ တစ်မျိုး ပြုပြင်လိုက်ပြန်သည်။ တစ်ဖန် နောက်ဆယ်နှစ်ကြာသောအခါ တပ်စကန်နီနယ်စားကြီးက အထက်ပါအရက်ပြန်ကို အသုံးပြု သည့်ကရိယာတွင် ပုလင်းထဲရှိလေကိုထုတ်ပစ်ပိတ်ဆို့ခြင်းဖြင့် အမှတ်အသားပို၍တိကျ မှန်ကန်သော အမျိုးအစားကိုကြံ စည်လိုက်ပြန်လေသည်။ ၁၇၁၄ ခုနှစ်တွင်ဂျာမန်သိပ္ပံ ပညာရှင်ဖာရင်ဟိုက်ဆိုသူက အရက်ပြန်စား ပြဒါးကိုအသုံး ပြုသော သာမိုမီတာကိုပြုလုပ်၍ အပူအအေးစံချိန် အမှတ် သညာသစ်ကို တီထွင်လေသည်။ သူ့အမှတ်အသားအရ ရေခဲသည့်အအေးချိန်ကို ၃၂ ဒီဂရိီဟူ၍ သတ်မှတ်ပြီးလျှင် ရေဆူသည့်အပူချိန်ကို ၂၁၂ ဒီဂရီဟု သတ်မှတ်ခဲ့သည်။ ထိုသာမိုမီတာမျိုးကိုလည်း တီထွင်သူအားအစွဲပြု၍ ဖာရင်ဟိုက် သာမိုမီတာဟုခေါ်ကြ သည်။

ယခုခေတ်သုံးသာမိုမီတာများတွင်မူ ပြဒါးကိုအသုံး များကြလေသည်။ ပြဒါးကိုအသုံးပြုခြင်းမှာ ပြဒါးသည် ဖာရင်ဟိုက် ၆၇၅ ဒိီဂရီရောက်မှဆူ၍သုညအောက် ၃၈ ဒိီဂရီရောက်မှခဲပြီးလျှင် အပူတိုက်ပေး၍ကား(ကြီးထွား) လာသောအခါ၌လည်း ညီညာမှန်ကန်သည့်အတွက်ဖြစ်လေသည်။ သို့ရာတွင်သုညအောက် ၃၈ ဒိီဂရီထက်အောက်ကျသော အအေးကို တိုင်းတာလိုသောအခါ ပြဒါးခဲချိန်အမှတ်ထက် အရက်ပျံခဲချိန် အမှတ်ကပို၍နိမ့်သည့်အတွက်ပြဒါးအစား အရက်ပြန်ကို အသုံးပြုရလေသည်။ အပူရှိန်အားကြီးသော အပူချိန်ကို တိုင်းတာရာတွင်မူ ဟိုက်ဒြိုဂျင်စသော ဓာတ် ငွေ့သုံးကရိယာမျိုုးနှင့် ပိုင်ရိုမီတာခေါ် ဖန်ပြွန်အစား ကျောက်သလင်းပြွန်ကိုအသုံးပြုပြီးဖိနှိပ်ထားသောဟိုက်ဒြိုဂျင်၊ သို့မဟုတ် ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ကိုထည့်ထားသည့် ကရိယာမျိုးကိုသုံးရပြန်လေသည်။

( ပိုင်းရိုမီတာ•။)

သာမန်သာမိုမီတာတွင် ထိပ်ဖျားတွင်ဖန်သီးငယ်ရှိသော ဖန်ပြွန်ချောင်းကလေးဖြစ်သည်။ ဖန်ပြွန်ချောင်း၏ ထိပ်ဘက်ကို မိီးမြှိုက်အရည်ပျော်စေခြင်းဖြင့် အပေါက်ပိတ်ထားသည်။ ထိုဖန်ပြွန် ချောင်းတွင်ပြဒါး၊ သို့မဟုတ် အရောင်ဆိုးထားသော အရက်ပြန်တစ်ခုခုကိုထည့်ထား၍ ပြွန်ချောင်း၏အထက်ပိ်ုင်းကို ပလာနယ်ဖြစ်နေအောင် စီမံထား လေသည်။ ဒိီဂရီ အမှတ်အသားကိုမှတ်သားရာတွင် အဆိုပါကရိယာကို ရှေးဦးစွာ ရေခဲတွင်နှစ်၍ ရေခဲချိန်အမှတ်ကိုရှာရ သည်။ ထိုနောက် ဆူပွက်နေသည့်ရေမှထွက်လာသောရေ နွေးငွေ့တွင်ပြ၍ ရေဆူချိန် အမှတ်ကိုရှာပြန်လေသည်။

ဒိီဂရီများကို စင်တီဂရိတ်နှင့်ဖာရင်ဟိုက်ဟူ၍ အမှတ်အသားနှစ်မျိုးနှင့် မှတ်သားလေ့ရှိသည်။ စင်တီ ဂရိတ်တွင် ရေခဲသည့်အမှတ်ကိုသုံညဒီဂရိီ၊ ရေဆူသည့်အမှတ်ကိုဒီဂရီ ၁ဝဝ ဟုမှတ်သားပြီးသော် ထိုအမှတ်နှစ်ခုအ ကြားတွင် အပိုင်းညီအမှတ်ကလေးပေါင်း ၁ဝဝ ခွဲစိတ်ပိုင်းခြားထားသည်။ စင်တီဂရိတ်သာမိုမီတာကိုတီထွင်သူ အန်ဒါဝဲလဆီးယပ်အား အစွဲပြု၍ ဝဲလဆီးယပ်သာမိုုမီတာဟုလည်းခေါ်သည်။ ဖာရင်ဟိုက် တွင်မူ ရေခဲသည့်အမှတ်သည် ၃၂ ဒီဂရီဖြစ်၍ ရေဆူသည့်အမှတ်မှာ ၂၁၂ ဒီဂရိီဖြစ်ပြီးလျှင် အဆိုပါအမှတ် နှစ်ခုကြား၌ အပိုင်းညီအမှတ်ကလေး ပေါင်း ၁၈ဝ ခွဲစိတ်ပိ်ုင်းခြားထားလေသည်။ စင်တီဂရိတ်အမှတ်သုံး သာမိုမီတာ ကိုသိပ္ပံပညာပိုင်းဆိုင်ရာ ကိစ္စများ အတွက်တစ်ကမ္ဘာလုံးက အသုံးပြုကြပြိီးလျှင် ဖာရင်ဟိုက်အမှတ်သုံးသာမိုမီတာကို အင်္ဂလိိပ် ဘာသာစကားကိုပြောဆို ကြသောနိုင်ငံများတွင်သာ သာမန်ကိစ္စများအတွက်အသုံးများလေသည်။ ထို့ပြင်ယခု အသုံး နည်းသေးသော ဂျာမဏီ နိုင်ငံသုံး ရေအိုမျူအာခေါ် သာမိုမီတာမျိုးဟူ၍လည်းရှိသေးသည်။ ယင်းတွင်ရေခဲသည့် အမှတ်ကို သုည၊ ရေဆူသည့် အမှတ်ကိုဒိီဂရိီီ ၈၈ဝ ဟုမှတ်သားထားလေသည်။ အတွေ့ရအများဆုံးသော သာမိုမီတာမျိုးမှာ ဆရာဝန်သုံးပြဒါးတိုင် ပင်ဖြစ်သည်။

ထိုသာမိုမီတာသည် သာမန်ဖာရင်ဟိုက်သာမိုမီတာကို တစ်မျိိုး တစ်မည် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုပြ ဒါးတိုင်တွင် ဖန်သီးကလေးအထက်ဘက်၌ ဖန်ပြွန်ချောင်းကို အနည်းငယ် အပေါက်ကျဉ်းထားသည်။ ထို့ကြောင့် လူနာ၏ပါးစပ်မှ နုတ်ယူလိုက်ပြီးသည့်အခါတွင် ပြဒါးသည်အောက်ကို ပြန်မဆင်း ဘဲနေသဖြင့် လူနာ၏အပူချိန်အမှတ်ကို တိကျစွာကြည့်ရှု မှတ်သားနိုင်လေသည်။ ထို့ကြောင့် အဆိုပါသာမိုမီတာကို အသုံးပြုမည်ကြံသောအခါ ပြဒါးအားလုံး ဖန်သီးထဲသို့ ပြန်လည်ရောက်ရှိနေစေရန် ပြဒါးတိုင်ကို ပထမလှုပ်ရှားခါ ပေးရလေသည်။ သာမန်လူကောင်းတစ်ဦး၏ ပျမ်းမျှအပူချိန်သည် ဖာရင်ဟိုက် ၉၈ ့၄ဒီဂရိီဖြစ်၍ ဆရာဝန်သုံးပြဒါးတိုင်အပေါ်တွင် ဖာရင်ဟိုက်ဒိီဂရိီ ၉၃ မှ ၁၁ဝ အထိသာမှတ်သားထား လေ့ရှိသည်။

ပေါင်မုံ့ဖို ကိတ်မုံ့ဖို စသောအပူရှိန်ပြင်းသည့် နေရာမျိုးတွင် ပြဒါးနှင့်အရက်ပြန်တို့ကိုသုံးရန် မဖြစ်နိုင်သည့် အတွက် သတ္တုချည်းသက်သက်ကိုအသုံးပြုထားသော ကရိိယာ မျိုးကိုသုံးရလေသည်။ ထိုကရိယာ တွင်ထိပ်ချည်းဆက် ထားသောသတ္တုပြားနှစ်ခု (ပုံပမာ•ကြေးဝါနှင့်သံ)ကို အခွေပြု လုပ်ထားသည်။ ပူလာသောအခါ သတ္တုနှစ်မျိိုးစလုံး ကားထွက်လာသည်။ သို့သော်ကားပုုံခြင်းမတူသဖြင့် အထက်ပါ သတ္တု ခွေသည်ပူလျှင်ပူသလို စန့်ထွက်လာလေသည်။ ထိုသတ္တုခွေတွင် လက်တံတပ်ထား၍ ထိုလက်တံက အပူချိန် ဒီဂရီအမှတ်ကိုညွှန်ပြလေသည်။

အပူအအေးချိန်များကို မိမိဖာသာမှတ်သားပေးသည့် ကရိယာမျိုးလည်းရှိသေး၍ ထိုကရိယာကို 'သာမိုဂရပ်' ဟုခေါ်လေသည်။ သာမိုဂရပ်သည် အထက်ပါသတ္တုခွေ သုံးသာမိုမီတာကို တိုးတက်ကြံစည်ပြုလုပ်ထားခြင်းပင်ဖြစ် သည်။ ဤကရိယာတွင် သတ္တုခွေ၌လက်တံအစား အဖျား၌မင် တံတပ်ထားသောမောင်းတံကိုအသုံးပြုထားသည်။ ထို မင်တံကို နာရီစက်ဖြင့် တစ်ရွေ့ရွေ့လည်နေသည့် စက္ကူပေါ်တွင် ထောက်ထားသည်။ စက္ကူပေါ်တွင်နာရီမိနစ်များ ဒီဂရိီ များဖြင့်ဇယားကွက်များချထားသည်။ ထိုအခါ ဇယားပေါ်ရှိ မျဉ်းကြောင်းကိုကြည့်ခြင်းဖြင့်မည်သည့်အချိန်၌ အပူအ အေးချိန် မည်မျှရှိသည်ကို အဆင်သင့်တွေ့နိ်ုင်လေသည်။ ယမန်နေ့က အအေးဆုံးဒီဂရီမည်မျှ၊ အပူဆုံးဒီဂရီမည်မျှ ရှိသည်စသည်ဖြင့် မိုးလေဝသဌာန ပြန်တမ်းများ၌တွေ့မြင်ရတတ်သည်။

အမှန်စင်စစ်ထိုဒီဂရိီအမှတ်အသားများကို မည်သူမျှ တစ်နေ့လုံး တစ်ညဉ့်လုံးထိုင် စောင့်ပြီးကြည့်မှတ်ထားသည်မဟုတ်ချေ။ သူ့အလိုအလျောက်မှတ်သားသည့် ကရိ်ယာမှ ကြည့်ယူခြင်း သာလျှင်ဖြစ်ပေသည်။ ထိုကိစ္စအတွက် အထက်ဖေါ်ပြပါ သတ္တုခွေသုံးကရိယာမျိုးကို အသုံးပြု၍'အအေးဆုံး အမှတ်ပြသာမိုမီတာ'နှင့် 'အပူဆုံးအမှတ်ပြသာမိုမီတာ'ဟု ခေါ် သော ကရိယာမျိုးကိုလည်းအသုံးပြုကြသည်။ ဒုတိယအမျိုးအစား ကရိိယာနှစ်မျိုးတွင် ဖန်ပြွန်ချောင်းအတွင်း၌ အရက်ပြန်ကို အသုံးပြုလေ့ရှိပြီးလျှင် အရွယ် တော်အမှတ်ပြ ဖန်စနှင့်သံစ ကလေးတစ်ခုစီကိုထည့်ထားလေသည်။ အအေးသုံး အမှတ် ပြကရိယာတွင်ရှိသော အဆိုပါ သံစကလေးတွင် အရက်ပြန် အမှတ်နှင့် အတူလိုက်ပါနိမ့်ကျသွားနိုင်သည်။ သို့သော် အပူချိန်တိုးလာ၍အရက်ပြန် အမှတ်တက်လာသောအခါ သံစ ကလေးသည်မိမိအောက်အ နိမ့်ဆုံးရောက်သော အမှတ်တွင် ကျန်ရစ်ခဲ့လေသည်။ ထိုအ မှတ်ကားအအေးဆုံး ဒီဂရီအမှတ်ပင်ဖြစ်လေသည်။ အပူဆုံးအမှတ်ပြကရိယာတွင် ရှိသောဖန်စမှာမူ အထက်ဘက်သို့သာ လိုက်ပါနိုင်၍ အောက်ဘက် သို့အလိုအလျောက်မကျနိုင်ချေ။ အဆိုပါ ကရိယာများကို နောက်တစ်ကြိမ်ထပ်မံ အသုံး ပြုသောအခါ သံစကလေးကို အပြင်ဘက်မှသံလိုက်ဖြင့်ဆွဲ၍လည်းကောင်း၊ ဖန်စကလေးကို မူလက်ဖြင့်အသာတောက ်ပေးခြင်းဖြင့် လည်းကောင်း မူလနေရာအသီးသီးသို့ရွှေ့ပေးရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)