ပြဒါး သာမိုမီတာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Mercury-in-glass thermometer for measurement of room temperature. Daniel Fahrenheit's mercury-in-glass thermometer was far more reliable and accurate than any that had existed before, and the mercury thermometers in use today are made in the way Fahrenheit devised.
Danzig-born Daniel Gabriel Fahrenheit, a pioneer of exact thermometry (or precision thermometry. He invented the mercury thermometer (first practical, accurate thermometer) and Fahrenheit scale (first standardized temperature scale to be widely used).

ပြဒါး သာမိုမီတာ (အင်္ဂလိပ်: mercury-in-glass or mercury thermomete) ကို ၁၇၁၄ တွင် အမ်စတာဒမ်မြို့တွင် ရူပဗေဒပညာရှင် ဒန်ညယ် ဂါဘရီး ဖားရင်ဟိုက်က တီထွင်ခဲ့သည်။ အဝကျဉ်းဖန်ပြွန်ကို ပြဒါးပါဝင်သော ဖန်လုံး(ဖု) တစ်ခုတွဲဆက်၍ တပ်ဆင်ထားသည်။ ပြဒါး၏ ထုထည်သည် ဖန်လုံးအတွင်းပိုင်းထုထည်ထက် အလွန်နည်း၏ ။ ပြဒါးထုထည်မှာ အပူချိန်အလိုက် အနည်းငယ်ပြောင်းလဲသည်။ ဆိုလိုသည်မှာ ထုထည်အနည်းငယ်ပြောင်းရုံမျှဖြင့် အဝကျဉ်းဖန်ပြွန်ဘက်၌ သိသိသာသာ ပြောင်းလဲသွားသည်။ ပြဒါး၏အထက်တွင် နိုက်ထရိုဂျင်ဓာတ်ငွေ့ ဖြည့်သွင်းခြင်း (သို့) တပိုင်းလေဟာနယ် (လေထုဖိအားထက်နည်းစေရန်) ပြုလုပ်ထားသည်။

သာမိုမီတာကို အပူချိန်အမှတ်အသားများ ပြုလုပ်ရန် ရေ/ရေခဲ ရောနှောမှုကဲ့သို့ စံအပူချိန်တစ်ခုနှင့်အတူ အပူမျှခြေတစ်ခု ရရှိရန် ဖန်လုံးကို ထိုအခြေနေသို့ ရောက်အောင် ဆောင်ရွက်ထားရသည်။ ထို့နောက် ရေ/ခိုးငွေ့ စံအပူချိန်ဖြင့် ဖန်လုံးအခြေအနေကို ဖန်တီးရသည်။ ဖန်ပြွန်ကို အစွန်းနှစ်ဖက်ကြား တူညီ ညီမျှသော အပိုင်းများရရှိစေရန် ပိုင်းကန့်သည်။ အခြေခံသဘောအားဖြင့် သာမိုမီတာများကို မတူညီသော ပါဝင်အသုံးပြုပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်ကြ၍ ဥပမာအနေဖြင့် အရောင်ပါ အယ်လ်ကိုဟော သာမိုမီတာသည် ပါဝင်အရည်၏ ပြန့်ကားနိုင်စွမ်းကြောင့် မတူညီသော တိုင်းတာမှုဖတ်ရှုခြင်းကို ပေးနိုင်သည်ဟု ထင်မြင်ယူဆနိုင်သည်။ လက်တွေ့၌ အသုံးပြုအရည်တို့သည် မျဉ်းဖြောင့် ပြန့်ကားမှု (တသမတ် ပြန့်ကားမှု) ဂုဏ်သတ္တိများရှိသောကြောင့် စစ်မှန်သော သာမိုဒိုင်းနမစ် အပူချိန်၏ လုပ်ဆောင်ခြင်းအစွမ်းရှိ၍ ဆင်တူသော ရလဒ်များကို ပေးနိုင်လေသည်။

ပြဒါး (၁၇၁၄) နှင့် ဖာရင်ဟိုက် စကေး (၁၇၂၄) ကို ဖန်ပြွန်သာမိုမီတာများအတွက် အသုံးပြုခြင်းသည် သာမိုမီတာနယ်ပယ်တွင် တိကျသေချာသော ခေတ်တစ်ခေတ်ကို အစပျိုးပေးနိုင်ခဲ့လေသည်။ ၁၉၆၆ မှစ၍ ယနေ့ခေတ်ထိတိုင် အတိကျဆုံး ရနိုင်သမျှသော သာမိုမီတာများအနက် တစ်ခုအပါအဝင် ဖြစ်သည်ဟု ယူဆကြ၏ ။[၁]

သမိုင်း[ပြင်ဆင်ရန်]

A large mercury in glass thermometer.

သာမိုမီတာကို ဖာရင်ဟိုက် နှင့် ဆဲစီးယပ်စ် တိုင်းတာမှုများကို ဦးဆောင်ဦးရွက် ပြုခဲ့သူများက အသုံးပြုခဲ့ကြသည်။

အန်ဒါ့စ် ဆဲလ်စီးယပ်စ် သည် ဆွီဒင် သိပ္ပံပညာရှင်ဖြစ်၍ ဆဲစီးယပ်စ်တိုင်းတာမှုစနစ်ကို တီထွင်ခဲ့သူဖြစ်ကာ ၎င်း၏ စာအုပ် 'ဆဲစီးယပ်စ် အပူချိန် တိုင်းတာမှုစနစ်၏ ဇာစ်မြစ်' (၁၇၄၂) ၌ ဤတိုင်းတာမှုကို ဖော်ပြခဲ့သည်။

ဆဲစီးယပ်စ်သည် ၎င်း၏ တိုင်းတာမှုစနစ်တွင် အမှတ်နှစ်ခုကို ကိန်းသေထားခဲ့ကာ ယင်းအမှတ်များမှာ ရေခဲပျော်မှတ်နှင့် ရေဆူမှတ်တို့ဖြစ်သည်။ နယူတန်သည် ယခင်ကတည်းက ဤပုံစံသဘောတရားကို ဖော်ထုတ်လုပ်ဆောင်ခဲ့သောကြောင့် ဤအမှတ်ချထားခြင်းသည် စိတ်ကူးသစ်တစ်ရပ်မဟုတ်ပေ။ ဆဲစီးယပ်စ်၏ ထူးခြားချက်မှာ ရေဆူမှတ်ကိုသာ သုံးထားပြီး ရေခဲမှတ်ကို မသုံးထားချေ။ ၎င်းသာမိုမီတာအတွက် စိတ်ချ၍ကောင်းမွန်သော တိုင်းတာမှုအနေအထားရရှိစေရန် ဆောင်းရာသီနှစ်ခု ကြမြင့်ခဲ့သည်။ ထပ်ခါတလဲလဲ စစ်ဆေးစမ်းသပ်ခြင်းဖြင့် ၎င်းတွေ့ရှိခဲ့သည့် အချက်မှာ ရေခဲသည် အမြဲတမ်း သာမိုမီတာ၏ တူညီသော အမှတ်တစ်ခု၌ အရေပျော်ခြင်းဖြစ်သည်။ ရေဆူခြင်းမှ ရေငွေ့ဖြစ်သွားခြင်း တိုင်းတာ အမှတ်အသားပြုခြင်းကိုလည်း တူညီသော အမှတ်တစ်နေရာ၌ ဖြစ်သည်ကို တွေ့ခဲ့သည်။ (အလွန်တရာ တိကျမှုရရှိရန် လုပ်ဆောင်ခဲ့သောအခါ လေထုဖိအားပေါ်မူတည် ထိုအမှတ်(များ)သည် ပြောင်းလဲတတ်ကြောင်း ဆဲစီးယပ်စ် သတိပြုမိခဲ့သည်။) ထိုစဉ် ရေငွေ့များကြားမှ သာမိုမီတာကို ဖယ်လိုက်သောအခါ ပြဒါးသည် ဖြည်းဖြည်းခြင်းတက်လာသည်။ ဤအချက်သည် ဖန်ပြွန်၏ လျှင်မြန်စွာ အေးသွားခြင်း (နှင့် ကျုံ့ဝင်ခြင်း) သဘောတရားနှင့် ဆက်စပ်သည်။

ဆဲစီးယပ်စ်သည် ၎င်း၏ ကိုယ်ပိုင် အပူချိန်အမှတ်အသားကို အသုံးပြုရန် ဆုံးဖြတ်လိုက်သောအခါ မူလက ဆဲစီးယပ်စ်သည် ၎င်း၏ အပူချိန်အမှတ်အသားကို ပြောင်းပြန် အနေအထား ပြုလုပ်ခဲ့သည်။ ဆိုလိုသည်မှာ သန့်စင်သောရေ၏ ရေဆူမှတ်ကို ၀ °C (၂၁၂ °F) ၌ထား၍ ရေခဲမှတ်ကို ၁၀၀ °C (၃၂ °F) တွင် ထားရှိခဲ့သည်။[၂] တစ်နှစ်ခန့်အကြာတွင် ပြင်သစ်လူမျိုး ယွန်း-ဖြဲ ခရစ်စတန် (Jean-Pierre Christin) က ရေခဲမှတ်ကို ၀ ဒီဂရီ စင်တီဂရိတ် (၃၂ ဒီဂရီ ဖာရင်ဟိုက်) ၊ ရေဆူမှတ်ကို ၁၀၀ ဒီဂရီ စင်တီဂရိတ် (၂၁၂ ဒီဂရီ ဖာရင်ဟိုက်) ပြန်ပြောင်းထားရန် အဆိုပြုခဲ့သည်။[၃] ထို့နောက် စင်တီဂရိတ် (Centigrade - အမှတ်/အဆင့် ၁၀၀ ရှိခြင်း) ဟူ၍ အမည်ပေးခဲ့သည်။

အဆုံးတွင် ဆဲစီးယပ်စ်သည် သာမိုမီတာကို အမှတ်အသား ပြုလာပ်ခြင်းနှင့်ပတ်သက်သော နည်းလမ်းတစ်ခုကို အဆိုပြုခဲ့သည်။

  1. သန့်စင်ရေ (ရေသန့်) နှင့်ပြုလုပ်ထားသော ရေခဲကို အရည်ဖျော်ရာတွင် ယင်း၌ သာမိုမီတာ၏ စလင်ဒါ (ပြွန်) ကို ထားရှိရန်နှင့် သာမိုမီတာထဲရှိ ငွေ့ရည် (fluid) တည်ငြိမ်သည့်အမှတ်ကို မှတ်သားရန်။ ဤအမှတ်သည် ရေ၏ ရေခဲမှတ်/ရေပျော်မှတ် (freeze/thaw point) ဖြစ်သည်။
  2. ထိုနည်းတူစွာဖြင့် သာမိုမီတာကို ဆူနေသောရေ ခိုးငွေ့၌ထားသောအခါ သမိုမီတာအတွင်း ငွေ့ရည် ငြိမ်သော အမှတ်ကို မှတ်းသားရန်။
  3. ထိုအမှတ်နှစ်နေရာကြားအပိုင်းကို အညီအမျှ အပိုင်း (၁၀၀) ပိုင်းရန် တို့ဖြစ်သည်

ဤအမှတ်များသည် အနီးစပ်ဆုံး တိုင်းတာမှတ်သားရန်အတွက် လုံလောက်၏ ။ သို့သော် အမှတ်နှစ်ခုစလုံးသည် လေထုဖိအားအလိုက် ပြောင်းလဲကြသည်။ ယနေ့ခေတ်တွင် ရေခဲမှတ်အစား ရေ၏ သုံးဆမှတ် (triple point) ကိုသုံးစွဲကြသည်။ ယင်းအမှတ်တန်ဖိုးမှာ ၂၇၃.၁၆ ကယ်လ်ဗင် (K)၊ ၀.၀၁ °C ဖြစ်သည်။

စစ်မှန်သော သာမိုဒိုင်းနမစ် အပူချိန်ကို ရှာဖွေမတွေ့မီ သာမိုမီတာသည် အပူချိန်ကို သတ်မှတ်ဆုံးဖြတ်ပေးသော ကိရိယာဖြစ်၍ အမျိုးအစားမတူသော ပါဝင်ပစ္စည်းအမျိုးမျိုးဖြင့် ပြုလုပ်သော သာမိုမီတာများသည် အမျိုးမျိုးသော အပူချိန်တိုင်းတာမှုအမှတ်များကိုပြသ၏ ။ (အရောင်သွင်း အယ်လ်ကိုဟော သာမိုမီတာများသည် ပြဒါး သာမိုမီတာနှင့် အနည်းငယ်ကွဲလွဲသော အမှတ်ကို ပြသတတ်သည်။ အမှတ်ဝက်ခန့် ကွာနိုင်ခြေရှိသည်) လက်တွေ့တွင် အချို့သော (သာမိုမီတာ) ပါဝင်ပစ္စည်းများသည် အချင်းချင်းသော်၎င်း၊ စစ်မှန်သော သာမိုဒိုင်းနမစ် အပူချိန်နှင့်သော်၎င်း ခပ်ဆင်ဆင် အပူချိန်များကို ပြသသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Grigull, Ulrich (1966). Fahrenheit, a Pioneer of Exact Thermometry. (The Proceedings of the 8th International Heat Transfer Conference, San Francisco, 1966, Vol. 1, pp. 9–18.)
  2. Anders Celsius 1701–1744Astronomical Observatory: History။ Uppsala University။
  3. Smith၊ Jacqueline (2009)။ "Appendix I: Chronology"။ The Facts on File Dictionary of Weather and Climate။ Infobase Publishing။ p. 246။ ISBN 978-1-4381-0951-01743 Jean-Pierre Christin inverts the fixed points on Celsius' scale, to produce the scale used today.