သမင်ပြောက်
Jump to navigation
Jump to search
Chital | |
---|---|
အာသံပြည်နယ် တိရစ္ဆာန်ဥယျာဉ် နှင့် ရုက္ခဗေဒဥယျာဉ်မှ သမင်ပြောက်များ | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
| |
သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း ![]() | |
လောက: | Animalia |
Phylum: | Chordata |
Clade: | Synapsida |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Artiodactyla |
မျိုးရင်း: | Cervidae |
မျိုးရင်းသေး: | Cervinae |
Genus: | Axis C. H. Smith, 1827 |
မျိုးစိတ်: | A. axis
|
ဒွိနာမ | |
Axis axis (Erxleben, 1777) | |
![]() | |
Chital native range |
သမင်ပြောက်၏ သိပ္ပံအမည်မှာ အက်ဆစ် အက်ဆစ် ဖြစ်သည်။ ချီတယ် ဟုလည်းကောင်း၊ ချီးတယ်ဟုလည်းကောင်း ခေါ်တွင်ကြသည်။ အိန္ဒိယတိုက်ငယ်တွင် တွေ့ရသည့် သမင်တစ်မျိုး ဖြစ်သည်။ ကိုယ်အရွယ်အစား အလယ်အ လတ်ရှိသည်။
သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]
သမင်ပြောက်သည် အခြားသမင်များထက် အတန်ငယ်သေးသည်။ အသွေးအရောင်မှာ အညိုရောင်ပေါ်တွင် အဖြူ အစက်အပြောက်များ အများအပြား ရှိလေရာ ကြည့်ရ အလွန်လှပသော သမင် ဖြစ်သည်။ ကိုယ်လုံးအ ရောင်မှာ အညိုရောင် ဖြစ်လင့်ကစား လည်တံအောက်ပိုင်း၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် ခြေထောက်အတွင်းပိုင်းတို့ မှာ အရောင်နုလှသည်။ နားနှစ်ဖက်မှာ ထောင်ပြီး ကားသည်။
တွေ့ရှိရာဒေသနှင့် ပျံ့နှံ့ကျက်စားပုံ[ပြင်ဆင်ရန်]
သမင်ပြောက်ကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန် နှင့် သီရိလင်္ကာနိုင်ငံတို့ တွင် တွေ့ရသည်။ [၂]လူသားတို့၏ တင်သွင်းမှုများကြောင့် ဩစတြေးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် ခရိုအေးရှားနိုင်ငံများတွင်လည်း သမင်ပြောက်များ ရှိလေသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ "Axis axis" (2015). IUCN Red List of Threatened Species 2015. IUCN. doi:. Retrieved on 27 August 2016.
- ↑ မောင်ဝင်းနိုင်၏ တိရစ္ဆာန်ရုံနှင့် တိရစ္ဆာန်များ