သစ်ကွင်း

ဝီကီပီးဒီးယား မှ

သစ်ကွင်းသည် သစ်တောအတွင်း သစ်ပင်၏ အကိုင်းအခက်များမှ နေ၍ သဘာဝအလျောက် ဝလုံးသဏ္ဌာန် မပြတ်မတောက် မကျိုးမပဲ့ဘဲ ဖြစ်တည်လာသော အဝိုင်းကွင်းကြီး ဖြစ်ပြီး၊ ရခဲသည်။ တခါတရံ တောကြီးထဲရှိ သစ်ပင်ကြီးများကို ခုတ်လှဲသည့်အခါ ရရှိတတ်ပြီး၊ နေ့ခုတ်ခြင်း ဖြစ်က အပူဓာတ် ပါလာပြီး၊ ညခုတ်လျှင် အအေးဓာတ် ရသည်။ သစ်ကွင်းဆောင်လျှင် မီးနှင့် သူခိုးကွင်းသည်ဟု ယူဆပြီး၊ ကွင်းဆိုသည့်အတိုင်း လာဘ်ပါ ကွင်းတတ်သည်ဟုလည်း ယုံကြည်ကာ မိမိအိမ်ပေါ် အပူ မရောက်လာစေရန် ခြံထိပ်တွင် သံကောက်နှင့် ချိတ်တွယ်ထားကြလေ့ ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သုတထွန်း (ဇူလိုင်၊ ၂၀၀၁)။ သစ်ကွင်းအသုံးချနည်း။ နက္ခတ္တရောင်ခြည်။ p. ၂၃။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)