သင်းသင်းနွဲ့
သင်းသင်းနွဲ့ | |
---|---|
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁၅ မတ် ၂၀၂၂ | |
ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
သမ္မတ |
|
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် | |
တာဝန်သက်တမ်း ၇ ဖေဖော်ဝါရီ ၂၀၂၁ – ၁၅ မတ် ၂၀၂၂ | |
ခန့်အပ်သူ | နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
သမ္မတ |
|
ဝန်ကြီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ယခင်လူ | ဦးလှအေး(၂၀၁၈-၂၀၂၀) |
ဆက်ခံသူ | ဒေါ်စန္ဒာသွယ် |
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၁ – ၇ ဖေဖော်ဝါရီ ၂၀၂၁ | |
ခန့်အပ်သူ | ဦးသိန်းစိန် |
သမ္မတ |
|
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၉၅၉ မြန်မာနိုင်ငံ |
လူမျိုး | မြန်မာ |
ပညာရေး | ရန်ကုန်တက္ကသိုလ် |
အလုပ်အကိုင် | တရားသူကြီး |
ဒေါ်သင်းသင်းနွဲ့(၁၉၅၉ ဖွား) သည် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်သည်။[၁] [၂] သူမသည် ထိုတာဝန် မယူမီ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်ခဲ့သည်။ ဝဏ္ဏကျော်ထင် ဘွဲ့ အပ်နှင်း ခံရသော အမျိုးသမီးတရားသူကြီးလည်းဖြစ်သည်။
ပညာရေး
[ပြင်ဆင်ရန်]၁၉၈၁ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိသည်။
ဝန်ထမ်းဘဝ
[ပြင်ဆင်ရန်]၁၉၈၃ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တရားရုံးချုပ် (ရန်ကုန်) ၌ တွဲဖက်ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်သည်။ တရားရုံး အဆင့်ဆင့်တွင် တရားရေးလုပ်သက် (၂၈) နှစ်ကျော် ရှိခဲ့သည်။
တရားလွှတ်တော်တရားသူကြီးဘဝ
[ပြင်ဆင်ရန်]၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခံရသည်။ စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ၌ တရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။[၃]ယင်းနောက်ဒေါ်သင်းသင်းနွဲ့သည် တိုင်းလွှတ်တော်တရားသူကြီးချုပ်အဖြစ်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှစ၍ ထပ်မံ ခန့်အပ်ခဲ့ရသည်။[၄] [၅]
မိသားစုဘဝ
[ပြင်ဆင်ရန်]ဒေါ်သင်းသင်းနွဲ့သည် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသုံးဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ခန့်အပ်။ Eleven Media Group (၁၅ မတ် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်များ။ ရန်ကုန်တိုင်းတရားလွှတ်တော် ၂၀၂၂ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာ (၂၀၂၃)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ခန့်အပ်တာဝန်ပေး။ MWD Webportal (၁၄ မတ် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရာဇဝတ်အထူး အယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၇)မှုတို့ကို စီရင်ချက်ချမှတ် တရားမအထူးအယူခံမှု (၂)မှု ရုံးထိုင်ကြားနာ။ Myanmar Digital News (၆ ဖေဖော်ဝါရီ ၂၀၂၃)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။