မာတိကာသို့ ခုန်သွားရန်

စန္ဒာသွယ်

ဝီကီပီးဒီးယား မှ

စန္ဒာသွယ်
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူမင်းအောင်လှိုင်
သမ္မတမင်းအောင်လှိုင်
ယခင်လူကိုယ်တိုင်
တာဝန်သက်တမ်း
၂၃ မတ် ၂၀၂၂  ၁၀ ဧပြီ ၂၀၂၆
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ယခင်လူသင်းသင်းနွဲ့
ဆက်ခံသူကိုယ်တိုင်
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁  ၂၃ မတ် ၂၀၂၂
ခန့်အပ်သူသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၂
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

ဒေါ်စန္ဒာသွယ် (၁၉၆၂ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီးတစ်ဦးဖြစ်သည်။[]၎င်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည်။[]ထိုတာဝန်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၃ ရက် တွင် ပေးအပ်ခံရသည်။[]

ပညာရေး

[ပြင်ဆင်ရန်]

ရန်ကုန်က္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝနှင့်တရားလွှတ်တော်တရားသူကြီးဘဝ

[ပြင်ဆင်ရန်]

၁၉၈၄ ခုနှစ်ကစပြီး တရားရေးဌာနသို့ ဝင်ရောက်သည်။စတင်ဝင်ရောက်ချိန်တွင် တရားရေးဝန်ထမ်း အဆင့် (၄) ဖြစ်သည်။သူမသည် ၂၀၁၁ မတ်လ ၃၀ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တာဝန်ပေးအပ်ခံရသည်။ယင်းတာဝန်ကို ၁၀နှစ်ကျော် တစ်ဆက်တည်းတာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူမကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၏ ၄ဦးမြောက် တရားသူကြီးချုပ် တာဝန် အပ်နှင်းသည်။ သူမ၏ တရားရေးလုပ်သက်မှာ (၃၈) နှစ်ကျော်သည်။[]

အသစ်ဖွဲ့စည်းသော ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရာသူကြီးချုပ်အဖြစ် ၂၀၂၆ ဧပြီ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က သူ့ကို ပြန်လည်ခန့်အပ်ခဲ့သည်။[]

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဒေါ်စန္ဒာသွယ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သမီးတစ်ဦးရှိသည်။

ဂုဏ်ပြုခံရခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့ ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ရန်ကုန်တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်များ ရန်ကုန်တိုင်းတရားလွှတ်တော် ၂၀၂၂ခုနှစ် တရားရုံး နှစ်စဉ်အစီရင်ခံစာ (၂၀၂၃)။ 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်တို့ တွေ့ဆုံ၍ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေး Myanmar Digital News (၂၆ ဇူလိုင် ၂၀၂၃)။ 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း MOI Myanmar (၂၃ မတ် ၂၀၂၂)။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တရားသူကြီးများ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် 25 August 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-12 တွင် ပြန်စစ်ပြီး။
  6. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-04 တွင် ပြန်စစ်ပြီး။