သင့်လူ

ဝီကီပီးဒီးယား မှ
ဒေါက်တာ
သန့်စင်ထူး
အမည်ရင်းသန့်စင်ထူး
မွေးဖွား(၁၉၇၃ -ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၀"။-၁၅)ဇွန် ၁၅၊ ၁၉၇၃
ပဲခူးမြို့ပဲခူးတိုင်းဒေသကြီး
ကလောင်အမည်သင့်လူ
အလုပ်အကိုင်အမြဲတမ်းလက်ထောက်အတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
နိုင်ငံလူမျိုးမြန်မာ
နိုင်ငံသားမြန်မာ
မိခင်ကျောင်းအမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးဆေးတက္ကသိုလ် မန္တလေး
အိမ်ထောင်ဖက်ဒေါက်တာဥမ္မာဌေး

သင့်လူ (၁၉၇၃ ခုဖွား) သည် မြန်မာလူမျိုး ဆရာဝန်နှင့် စာရေးဆရာ ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၇၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ဒေါက်တာကျော်ဦး၊ ဒေါ်မြသိန်းတို့က ပဲခူးတိုင်းပဲခူးမြို့၌ မွေးဖွားသည်။ အမည်ရင်းမှာ သန့်စင်ထူး ဖြစ်သည်။ မွေးချင်း ၂ ဦးရှိပြီး သားကြီးဖြစ်သည်။

၁၉၈၉ ခုနှစ်တွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပဲခူးမြို့ (ယခင် အမျိုးသားတန်းမြင့်ကျောင်း) မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ၁၉၉၃ ခုတွင် ဆေးတက္ကသိုလ်၊ မန္တလေးသို့ တက်ရောက်ခဲ့ပြီး ၂၀၀၀ ပြည့်တွင် ဆေးပညာဘွဲ့ (MBBS) ရခဲ့သည်။ ၂၀၀၅ ခုတွင် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျန်းမာရေးဘောဂဗေဒ Health Economics ဖြင့် မဟာသိပ္ပံဘွဲ့ ရခဲ့သည်။

အလုပ်အကိုင်[ပြင်ဆင်ရန်]

ဆေးတက္ကသိုလ်၊ မန္တလေးတွင် ကထိကရာထူးအထိ ထမ်းဆောင်ကာ ၂၀၁၃ ခုတွင် ကျန်းမာရေးစီမံကိန်း ဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ကာ လက်ရှိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် လက်ထောက်အမြဲတမ်းအတွင်းဝန် ရာထူး၌ တာဝန်ထမ်းဆောင်လျက်ရှိသည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]

ဂေဘရီယယ် ဂါဆီယာ မားကွိဇ်One Hundred Years of Solitude စာအုပ်အား ဘာသာပြန်ကာ စာပေလောကသို့ ဝင်ရောက်သည်။

ရေးသားသောစာအုပ်များ[ပြင်ဆင်ရန်]

နံပါတ် ခေါင်းစဉ် မူရင်း ခေါင်းစဉ် မူရင်း ရေးသူ ထုတ်ဝေနှစ် ပုံနှိပ်တိုက် မှတ်ချက်
ဝေးလွင့်ကင်းကွာ နှစ်တစ်ရာ One Hundred Years of Solitude ဂေဘရီယယ် ဂါဆီယာ မားကွိဇ် ၂၀၁၁ ကံ့ကော်ဝတ်ရည်
ကြောင်ကို ချူဆွဲကြသူများ ၂၀၁၀
ပြစ်မှုတစ်ခု ဖွားမြင်ခြင်း Born a Crime Trevor Noah ငါတို့စာပေ
ပိုင့်ဘဝလမ်း Life of Pi Yann Martel ၂၀၁၃/၂၀၂၀ သက်ခိုင်စာပေ/ကံကော်ဝတ်ရည်
အိုဘယ့် အစိမ်းတို့မြေ From the Land of Green Ghosts ပါစကယ် ခူးသွယ် ငါတို့စာပေ
ခေတ်ပြိုင်ကမ္ဘာ အထင်ကရပုဂ္ဂိုလ် ၁၀၀ ၂၀၁၃ အခြား ဘာသာပြန်ဆရာများနှင့် စုပေါင်းရေးသားခြင်း ဖြစ်သည်
လေလွင့်ကြောင် A Street Cat Named Bob James Bowen ၂၀၁၇ ကံ့ကော်ဝတ်ရည်
ဘော့ပ် ချစ်တဲ့ကမ္ဘာ The World According to Bob James Bowen ၂၀၁၈ ကံ့ကော်ဝတ်ရည်
နှစ်ခေတ်တစ်ယောက် Look Who's Back Timur Vermes ငါတို့စာပေ
၁၀ ရာမ Rendezvous with Rama Arthur C. Clarke ငါတို့စာပေ
၁၁ မိစ္ဆာမြူးချိန် In Evil Hour ဂေဘရီယယ် ဂါဆီယာ မားကွိဇ် ကံ့ကော်ဝတ်ရည်
၁၂ တေးဆိုငှက်ဒဏ္ဍာရီ The Wind-Up Bird Chronicle ဟာရူကီ မူရာကာမီ
၁၃ မိစ္ဆာ Outbreak Robin Cook
၁၄ ဗိုလ်မှူးကြီးထံ စာရေးမည့်သူ မရှိပါနှင့် ဝတ္ထုတိုများ No One Writes to the Colonel and Other Stories ဂေဘရီယယ် ဂါဆီယာ မားကွိဇ် ကံ့ကော်ဝတ်ရည်
  • ဗိုလ်မှူးကြီးထံ စာရေးမည့်သူ မရှိပါ
  • အင်္ဂါနေ့လယ် တစ်မှေးအိပ်ချိန်
  • ကမ်းတင်ရေမျော လူခံချော
  • တောင်ပံကျိုးနှင့် နတ်ဆိုးဗိုလ်
  • တစ္ဆေသင်္ဘော၏ နောက်ဆုံးခရီးစဉ်
  • ထိုတစ်နေ့
၁၅ သက်တော်ရာကျော် ထပ်ကာ ရှည်စေသော်ဝ် The Accidental Further Adventures of Hundred Year-Old Man Jonas Jonasson ငါတို့စာပေ
၁၆ သက်တော်ရာကျော် ရှည်စေသော်ဝ် The Hundred Year-Old Man Who Climbed Out of the Window and Disappeared Jonas Jonasson ငါတို့စာပေ
၁၇ ကျားဖြူ The White Tiger Aravind Adiga ငါတို့စာပေ
၁၈ ခွေးသေတစ်ခု အရင်းပြု The Curious Incident of the Dog Mark Haddon ၂၀၁၄ ငါတို့စာပေ
၁၉ ကပ်တွင်းက ချစ်ခြင်း Lone in the Time of Cholera ဂေဘရီယယ် ဂါဆီယာ မားကွိဇ် ကံ့ကော်ဝတ်ရည်
၂၀ ကယ်တင်ရှင် The Girl Who Saves the King Jonas Jonasson ငါတို့စာပေ
၂၁ နားစွင့် ကြားဟန် ရင်ခုန်သံ The Art of Hearing Heartbeats Jan-Philipp Sendker ကံ့ကော်ဝတ်ရည်
၂၂ နူးညံ့စိတ်ထားနှလုံးသား A Well-Tempered Heart Jan-Philipp Sendker ကံ့ကော်ဝတ်ရည်
၂၃ အကျဉ်းစံနှလုံးသား The Heart Remember Jan-Philipp Sendker ၂၀၂၀ ကံ့ကော်ဝတ်ရည်
၂၄ လူရွေးပွဲ Audition Ryu Murakami ကံ့ကော်ဝတ်ရည်
၂၅ စူး The Piercing Kyu Murakami ကံ့ကော်ဝတ်ရည်
၂၆ သားသတ်လွတ်သမ The Vegetarian Han Kang ငါတို့စာပေ
၂၇ အတ္တလန်တစ် ရှာပုံတော် Atlantis Found Clive Cussler ငါတို့စာပေ
၂၈ ကျင်းပေါက်များ Holes Louls Sachar ၂၀၂၀ alphabooks
၂၉ ပညာဆိုတာ ဒီလိုရှာ Educated Tara Westover ၂၀၂၁ ငါတို့စာပေ

ကိုးကား[ပြင်ဆင်ရန်]

  1. သင့်လူ။ နားစွင့်ကြားဟန် ရင်ခုန်သံ