ဝီထိသမ္မဇ္ဇက

ဝီကီပီးဒီးယား မှ

အရှင်ဝီထိသမ္မဇ္ဇကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိခီမြတ်စွာဘုရားလက်ထက်တော်အခါက ဖြစ်၏။ တစ်ခုသောအချိန်တွင် မြတ်စွာဘုရားကြွတော်မူသည်ကို ဝီထိသမ္မဇ္ဇကထေရ်သည် မြင်၏။ ထိုအခါ မြတ်စွာဘုရားသွားမည့် လမ်းခရီးကို တံမြက်လှည်းကာ တံခွန်စိုက်ထူခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ကိုးဆယ့်တစ်ကမ္ဘာထက်တွင် တံခွန်စိုက်ထူကာ လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ထို့ပြင် လေးခုမြောက်ကမ္ဘာထက်တွင် “သုဓဇ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဝီထိသမ္မဇ္ဇကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ဗန္ဓုဇီဝကဝဂ်