ဝီစကီ တေးချော့သီချင်း

ဝီကီပီးဒီးယား မှ
"Whiskey Lullaby (ဝီစကီ တေးချော့သီချင်း)"
Single by ဘရက်ဒ် ပေးဇ်လီအဲလစ်ဆန် ခရောက်စ် (အားဖြည့်သီဆိုသူ)
from the album Mud on the Tires
ထုတ်ပြန်မတ်လ ၂၉၊ ၂၀၀၄
ဖော့မတ်စီဒီ တစ်ကိုယ်တော်
အသံသွင်း၂၀၀၃
အမျိုးအစားကန်းထရီး
လယ်ဘဲလ်Arista Nashville
သီချင်းရေးဆရာဘီလ် အန်ဒါဆန်
ဂျွန် ရန်ဒဲလ်
အသံသွင်းထုတ်လုပ်သူFrank Rogers
ဘရက်ဒ် ပေးဇ်လီ singles chronology
"Little Moments"
(၂၀၀၃)
"Whiskey Lullaby (ဝီစကီ တေးချော့သီချင်း)"
(၂၀၀၄)
"Mud on the Tires"
(၂၀၀၄)

ဝီစကီ တေးချော့သီချင်း (အင်္ဂလိပ်: Whiskey Lullaby) သည် ဘီလ် အန်ဒါဆန်နှင့် ဂျွန် ရန်ဒဲလ် တို့ဖွဲ့ဆိုထားသော သီချင်းတစ်ပုဒ်ဖြစ်၍ အမေရိကန် ကန်းထရီးအဆိုတော် ဘရက်ဒ် ပေးဇ်လီ နှင့် အဲလစ်ဆန် ခရောက်စ် တို့သီဆိုသော စုံတွဲတေးသီချင်းတစ်ပုဒ်ဖြစ်သည်။ ပေးဇ်လီ၏ တတိယမြောက် တေးအခွေ 'တာယာပေါ်က ရွှံ့ဗွက်များ' (Mud on the Tires) တွင် ပါဝင်ကာ ၂၀၀၄ မတ်လ ၂၉ တွင် ဖြန်ချိခဲ့သည်။ ပေးဇ်လီ၏ ဂီတလမ်းကြောင်းတွင် (၁၁)ကြိမ်မြောက် ဇယားပေါ်ရောက်ရှိခဲ့သော သီချင်းလည်းဖြစ်သည်။ ဘီလ်ဘော့ဒ် ရေပန်းစား ကန်းထရီး သီချင်း (၁၀၀) ဇယားတွင် အဆင့်သုံးအထိ ရရှိခဲ့သည်။ ၂၀၀၅ ကန်းထရီးဂီတ တစ်နှစ်တာ အကောင်းဆုံးတေးသီချင်းဆုကိုလည်း ရရှိခဲ့သည်။[၁] ပလက်တီနမ် အဆင့် နှစ်ဆရရှိခဲ့သော ပေးဇ်လီ၏ သီချင်းလေးပုဒ်အနက် တစ်ပုဒ်လည်းဖြစ်သည်။

ပါဝင်မှု[ပြင်ဆင်ရန်]

ဝီစကီ တေးချော့သီချင်းသည် ဘဲလဒ် (ballad) လျှပ်စစ်ဂီတသံမပါ နဂိုအတိုင်းတီးခတ်သော (acoustic) တေးတစ်ပုဒ်ဖြစ်၍ ဘီ မိုင်းနား သံစဉ်ဖြင့် ဖြစ်သည်။ အကူးစတစ်ဂစ်တာ၊ ဒေါဘိုရာဂစ်တာ အမျိုးအစားများဖြင့် တီးခတ်ထားသည်။ ဇာတ်လမ်းအကြောင်းမှာ ရုတ်တရက် နာနာကျင်ကျင်ခွဲခွာခဲ့ရသော စုံတွဲသည် အရက်စွဲသည့် ဝေဒနာခံစားရပြီး နောက်ဆုံး အရက်ကြောင့်ပင် သေခြင်းတရားကို ကြုံတွေ့ရသည့် အကြောင်းဖြစ်၏ ။ ပထမအနေဖြင့် အမျိုးသားမှာ ခွဲခွာနာကျင်၍ အရက်စွဲသွားပြီး ထပ်မံ၍ ထိုအမျိုးသား သေဆုံးသဖြင့် အပြစ်မကင်းသလို ခံစားရသော အမျိုးသမီးသည် အရက်ကျေးကျွန်ဖြစ်၍ သေပွဲဆင်ရသည်။ သီချင်းစာသား၌ အမျိုးသမီးသည် အမျိုးသားကို နာကျင်ရင်ကွဲစေရန် ဖောက်ပြန်ခြင်း (သို့) ထိုသို့သော အခြေအနေမျိုး ပြုလုပ်ခဲ့ခြင်းမရှိပေ။

ပေးဇ်လီသည် ပထမ အပိုဒ်နှင့် သံပြိုင်အပိုဒ်ကို သီဆို၍ ခရောက်စ်က ဒုတိယ အပိုဒ်နှင့် သံပြိုင်အပိုဒ်ကို ဆိုသည်။ ပထမအပိုဒ်မှာ အမျိုးသားဇာတ်ရုပ်ကို သရုပ်ဖော်၍ အမျိုးသမီးအတွက် ဒုတိယအပိုဒ်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Gallagher၊ Pat (November 11, 2009)။ Brad Paisley & Alison Krauss, 'Whiskey Lullaby': Story Behind the LyricsThe Boot။ October 1, 2010 တွင် ပြန်စစ်ပြီး။