ဘရက်ဒ် ပေးဇ်လီ
ဘရက်ဒ် ပေးဇ်လီ | |
---|---|
![]() အိမ်ဖြူတော်တွင် ဖျော်ဖြေနေသော ပေးဇ်လီ၊ ၂၀၀၉။ | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | ဘရက်ဒ် ဒေါက်ဂ်လပ်စ် ပေးဇ်လီ |
မွေးဖွား | အမေရိကန်ပြည်ထောင်စု၊ အနောက် ဗာဂျီးနီးယားပြည်နယ်၊ ဂလန်းဒေးလ်မြို့ | အောက်တိုဘာ ၂၈၊ ၁၉၇၂
ဂီတဟန် | ကန်းထရီး |
အလုပ်အကိုင် |
|
တူရိယာ | |
တက်ကြွသည့်နှစ်များ | ၁၉၉၈ – လက်ရှိ |
တေးသံသွင်း ကုမ္ပဏီ | Arista Nashville |
ဘရက်ဒ် ဒေါက်ဂ်လပ်စ် ပေးဇ်လီ (အင်္ဂလိပ်: Brad Douglas Paisley) (မွေးဖွား : ၁၉၇၂-အောက်တိုဘာ-၂၈) သည် အမေရိကန် ကန်းထရီးဂီတ အဆိုတော်တစ်ဦးဖြစ်သည်။ ၎င်း၏ ၁၉၉၉-ပွဲဦးထွက်အခွေ Who Needs Pictures မှစတင်ကာ စတူဒီယိုအခွေ (၁၁)ခွေနှင့် ခရစ်စမတ်သီချင်းခွေ Arista Nashville (လူစုံ) တို့ထွက်ရှိထားပြီးဖြစ်သည်။ ၎င်း၏တေးအယ်လ်ဘမ်များအားလုံးကို အမေရိက တေးသံသွင်းလုပ်ငန်းအဖွဲ့မှ ရွှေအဆင့် (သို့) ရွှေအဆင့်အထက် သတ်မှတ်ထား၏ ။[၁] အမေရိကန် ဘီလ်ဘော့ဒ်ဇယားတွင် ထိပ်တန်းသီချင်း (၁၀)ပုဒ်ထဲသို့ ၎င်း၏ သီချင်း (၃၂)ပါဝင်ခဲ့သည်။ (၁၉)ပုဒ်မှာ အဆင့်(၁) ရောက်ရှိခဲ့သည်။ ၂၀၀၉၌ ထိုဇယား၏ နံပါတ်(၁)နေရာကို အများဆုံးဆက်တိုက်ရောက်ရှိခဲ့သော (၁၀ကြိမ်) စံချိန်သစ်တစ်ရပ်လည်း ပိုင်ဆိုင်ထားသည်။
ပေးဇ်လီသည် တေးအယ်လ်ဘမ် (၁၁)သန်းကျော်ရောင်းချခဲ့ရ၍ ဂရမ်မီဆု (၃)ဆု၊ ကန်းထရီးဂီတအကယ်ဒမီဆု (၁၄)ဆု၊ ကန်းထရီးဂီတအဖွဲ့ဆု (၁၄)ဆု၊ အမေရိကန်ဂီတဆု (၂)ဆု ကိုပိုင်ဆိုင်ထားသည်။ Grand Ole Opry ၏အဖွဲ့ဝင် တစ်ဦးဖြစ်၍ ကန်းထရီးဂီတ၏ ထိပ်တန်းအောင်မြင်မှုဆုကိုလည်း ပိုင်ဆိုင်ထားသည်။[၂] ပစ်ခ်ဇာ ကုမ္ပဏီ၏ ကာတွန်းရုပ်ကြွ "ကား" ဇာတ်ကားအတွက် သီချင်းများကို ရေးသားခဲ့သည်။ အဆိုပါသီချင်းများမှာ ("Behind the Clouds", "Find Yourself", "Collision of Worlds" (ရော်ဘီ ဝီလျမ်စ် နှင့်တွဲဖက်), "Nobody's Fool", အစရှိသည်တို့ဖြစ်၏ ။
ကိုးကား
[ပြင်ဆင်ရန်]- ↑ [၁] December 12, 2013, ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Brad Paisley Biography။ The Ellen DeGeneres Show။ 27 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 March 2020 တွင် ပြန်စစ်ပြီး။
![]() | ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |