အဲလစ်ဆန် ခရောက်စ်

ဝီကီပီးဒီးယား မှ
အဲလစ်ဆန် ခရောက်စ်
၂၀၀၇တွင် တွေ့မြင်ရသော ခရောက်စ်၊ မားဖက်စ်ဂီတပွဲတော်။
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းအဲလစ်ဆန် မာရီယာ ခရောက်စ်
မွေးဖွား (1971-07-23) ဇူလိုင် ၂၃၊ ၁၉၇၁ (အသက် ၅၂)
အမေရိကန်ပြည်ထောင်စုအီလီနွိုင်းပြည်နယ်၊ ဒါခဲဒါမြို့,
မူလတိုင်းပြည်အီလီနွိုင်းပြည်နယ်၊ ရှမ်ပန်မြို့
ဂီတဟန်
  • Bluegrass
  • country
  • adult contemporary
  • R&B
  • pop
အလုပ်အကိုင်
  • ဂီတပညာရှင်
  • အဆိုတော်
  • ထုတ်လုပ်သူ
  • ဂီတမှူး
တူရိယာ
တက်ကြွသည့်နှစ်များ၁၉၈၄ – လက်ရှိ
တေးသံသွင်း ကုမ္ပဏီ
  • Rounder
  • Capitol
ပူးတွဲ ပါဝင်မှု
ဝက်ဘ်ဆိုက်alisonkrauss.com

အဲလစ်ဆန် မာရီယာ ခရောက်စ် (အင်္ဂလိပ်: Alison Maria Krauss) (မွေးဖွား : ၁၉၇၁-ဇူလိုင်-၂၃ ) သည်ဘလူးဂရက်စ်-ကန်းထရီး အဆိုတော်၊ ဂီတပညာရှင် တစ်ဦးဖြစ်၍ ဂီတလောကသို့ ငယ်စဉ်ကပင် ဝင်ရောက်ခဲ့သည်။ အသက်(၁၀)နှစ်တွင် ဒေသတေးဆိုပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ကာ အသက်(၁၄)နှစ်တွင် ပထမဦးဆုံး အသံသွင်းမှုပြုလုပ်ခဲ့သည်။ ည ရောင်းဒါတေးသံသွင်းနှင့် ၁၉၈၅၌ စာချုပ်ချုပ်ဆိုခဲ့ပြီး ပထမဆုံးအခွေကို ၁၉၈၇တွင် ဖြန့်ချိခဲ့သည်။ ယခုလက်ရှိဖျော်ဖြေနေသော တီးဝိုင်းသို့ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ကြားခံခဲ့ရ၍ ထိုတီးဝိုင်းမှသူများနှင့်အတူ သူမ၏ပထမဆုံး အုပ်စုအယ်လ်ဘမ်သည် ၁၉၈၉တွင် ထွက်ရှိခဲ့သည်။[၂]

ယခုအချိန်ထိ တေးအခွေ (၁၄)ခွေထွက်ရှိထားပြီး မြောက်မြားစွာသော သီချင်းများတွင်လည်း ပါဝင်သီဆိုထားသည်။ အမေရိကတွင် ဘလူးဂရက်စ်ဂီတ (bluegrass) အပေါ်ပြန်လည်စိတ်ဝင်စားလာမှုကို အကူအညီအထောက်အပံ့ဖြစ်စေခဲ့သည်။ သူမ၏သီချင်းများသည် များစွာလူကြိုက်များခဲ့၍ အို..မောင်ကြီး ဘယ်မှာလဲရှင် (O Brother, Where Art Thou?) (ဇာတ်ဝင်)သီချင်းအခွေသည် အမေရိကန်များ၏ ဘလူးဂရက်စ်ဂီတအပေါ် စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်ခဲ့ကာ အေးမြသောတောင်တန်း (Cold Mountain) (ဇာတ်ဝင်)တေးသီချင်းဖြင့် ၂၀၀၄ခုနှစ်၌ အကယ်ဒမီဆု ရရှိခဲ့သည်။

၂၀၁၉ ဂရမ်မီဆုပေးပွဲ အချိန်ကာလထိ သူမသည် ဂရမ်မီဆုအတွက် (၄၂)ကြိမ် ရာထားခြင်းခံခဲ့ရပြီး (၂၇)ဆုရရှိထားသည်။ ဆာ ဂျော့ ရှော်လ်တီ၊ ကွင်စီဂျုံးစ် ပြီးလျှင် တတိယမြောက် ဂရမ်မီဆုအများဆုံးရသောသူလည်းဖြစ်သည်။[၃] ဂရမ်မီသမိုင်းတွင် ဆုအများဆုံးရသော အဆိုတော်အမျိုးသမီးအနုပညာရှင် လည်းဖြစ်၏ ။[၄]

၂၀၁၉ နိုဝင်ဘာ ၂၁တွင် သမ္မတ ဒေါ်နယ်လ် ထရမ့်အမျိုးသားအနုပညာ ဆုတံဆိပ် (National Medal of Arts) ချီးမြင့်ခြင်းခံရသည်။[၅]

ထွက်ရှိပြီးသော တေးအယ်လ်ဘမ်များ[ပြင်ဆင်ရန်]

ထွက်ရှိထားသော တေးအယ်လ်ဘမ်များမှာ :

  • 1985: Different Strokes (Viktor Krauss ကထုတ်ဝေသော စဦးအခွေ၊ အဲလစ်ဆန် ခရောက်စ် ၏ သီဆိုမှု၊ တယောတူရိယာတီးခြင်းများ)
  • 1987: Too Late to Cry
  • 1989: Two Highways (Union Station တီးဝိုင်းနှင့်အတူ)
  • 1990: I've Got That Old Feeling
  • 1992: Every Time You Say Goodbye (Union Station တီးဝိုင်းနှင့်အတူ)
  • 1994: I Know Who Holds Tomorrow (The Cox Family အဖွဲ့နှင့်အတူ)
  • 1997: So Long So Wrong (Union Station တီးဝိုင်းနှင့်အတူ)
  • 1999: Forget About It
  • 2001: New Favorite (Union Station တီးဝိုင်းနှင့်အတူ)
  • 2004: Lonely Runs Both Ways (with Union Station)
  • 2007: Raising Sand (အဆိုတော် Robert Plant နှင့်အတူ)
  • 2011: Paper Airplane (Union Station တီးဝိုင်းနှင့်အတူ)
  • 2017: Windy City

ကိုးကား[ပြင်ဆင်ရန်]

  1. Yo-Yo Ma & Friends, Songs of Joy & Peace album
  2. Alison Krauss Biography။ Angelfire.com။ May 19, 2015 တွင် ပြန်စစ်ပြီး။
  3. Martin Chilton။ "Alison Krauss makes Grammy history"၊ February 13, 2012။ 
  4. Leopold၊ Ted။ "Plant, Krauss rise with 'Raising Sand' at Grammys"၊ CNN၊ February 9, 2009။ July 27, 2009 တွင် ပြန်စစ်ပြီး 
  5. President Donald J. Trump to Award the National Medal of Arts and National Humanities Medal။ 23 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 21, 2019 တွင် ပြန်စစ်ပြီး။