ဝီဂါ ဘာသာစကား
ပုံပန်းသွင်ပြင်
ဝီဂါ ဘာသာစကား (ဝီဂါ: ئۇيغۇر تىلى) သည် ယခင်က အရှေ့တာကီစကားဟု လူသိများသော တာကစ် ဘာသာစကားတမျိုး ဖြစ်သည်။ ဝီဂါ ပါဆို-အာရဘစ် အက္ခရာဖြင့် ရေးသည်။ သုံးစွဲသူ ၁၀-၁၅ သန်းမျှ ရှိပြီး တရုပ်အနောက်ဘက်ရှိ ရှင်းကျန်း-ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနေ ဝီဂါလူမျိုးတို့ အဓိကသုံးသည်။ [၁][၂]
အသုံးများသောအသိုင်းအဝိုင်းမှာ ကာဇက်စတန်၊ ကာဂျစ္စတန်နှင့် ဥဇဘက္ကစ္စတန်တို့တွင် ဖြစ်ပြီး ယင်းနိုင်ငံရှိ နယ်စပ်ဒေသတချို့တွင်လည်း ဤစကားကို သုံးသည်။ ရှင်းကျန်း-ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ရုံးသုံးစကားအဖြစ် သတ်မှတ်ထားသည်။ သတင်းစာ၊ ရုပ်သံနှင့် ရေဒီယိုအစီအစဉ်များတွင်လည်း သုံးသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "Uyghur". Omniglot. Retrieved 6 April 2012.
- ↑ Eberhard, David M.; Simons, Garry F.; Fennig, Charles D. "Uyghur 16 July 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .". Ethnologue: Languages of the World. Dallas, Texas: Ethnologue. Retrieved 6 April 2012.