ဝီကီပီးဒီးယား:ပါဠိအမည်များ

ဝီကီပီးဒီးယား မှ

ပါဠိဘာသာကို ၎င်းပျံ့နှံ့ရောက်ရှိရာဒေသရှိ အက္ခရာများဖြင့် အသုံးပြုရေးသားနိုင်သည်။ မြန်မာနိုင်ငံတွင် မြန်မာအက္ခရာဖြင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းအက္ခရာဖြင့်လည်းကောင်း၊ သီရိလင်္ကာတွင် သီဟိုဠ်အက္ခရာဖြင့်လည်းကောင်း၊ ကမ္ဘောဒီးယားတွင် ခမာအက္ခရာဖြင့်လည်းကောင်း၊ အိန္ဒိယတွင် ဒေဝနာဂရီအက္ခရာဖြင့်လည်းကောင်း စသဖြင့် အက္ခရာဖလှယ်ရေးသားကြသည်။ ထိုနည်းတူ လန်ဒန် ပါဠိစာမူတော်အသင်း (London Pali Text Society) က ​ရောမအက္ခရာ (Roman script) ဖြင့် ဖလှယ်ရေးသားသည်။ ထို ​ရောမအက္ခရာဖြင့် ဖလှယ်နည်းကို ယခုအခါ နိုင်ငံတကာအသုံးအဖြစ် သတ်မှတ်အသုံးပြုကြသည်။

ထို ရောမအက္ခရာဖြင့် ရေးသားထားသည့် ပါဠိအမည်များကို မြန်မာဘာသာသို့ ဖလှယ်ရာတွင် အသံဖလှယ်နည်းထက် အက္ခရပရိဝတ္တနဟူသည့် အက္ခရာဖလှယ်နည်းကို အသုံးပြုရသည်။ အဆိုပါ အက္ခရာဖလှယ်ပုံကို အောက်တွင် အသေးစိတ်ဖော်ပြထားသည်။

ပါဠိဘာသာတွင် သရ ၈ လုံး ရှိသည်။

ရောမအက္ခရာ a ā i ī u ū e o
မြန်မာအက္ခရာ အာ
သင်္ကေတ ​ေ ​ော

ပါဠိဘာသာတွင် ဗျည်း ၃၂ လုံး၊ နိဂ္ဂဟိတ် တစ်လုံး၊ စုစုပေါင်း ၃၃ လုံးရှိသည်။

အစုရှိဗျည်းများ[ပြင်ဆင်ရန်]

က ဝဂ်[ပြင်ဆင်ရန်]

ရောမအက္ခရာ k kh g gh
မြန်မာအက္ခရာ က် ခ် ဂ် ဃ် င်

စ ဝဂ်[ပြင်ဆင်ရန်]

ရောမအက္ခရာ c ch j jh ñ
မြန်မာအက္ခရာ စ် ဆ် ဇ် ဈ် ဉ်

ဋ ဝဂ်[ပြင်ဆင်ရန်]

ရောမအက္ခရာ ṭh ḍh
မြန်မာအက္ခရာ ဋ် ဌ် ဍ် ဎ် ဏ်

တ ဝဂ်[ပြင်ဆင်ရန်]

ရောမအက္ခရာ t th d dh n
မြန်မာအက္ခရာ တ် ထ် ဒ် ဓ် န်

ပ ဝဂ်[ပြင်ဆင်ရန်]

ရောမအက္ခရာ p ph b bh m
မြန်မာအက္ခရာ ပ် ဖ် ဗ် ဘ် မ်

အစုမဲ့ဗျည်းများ[ပြင်ဆင်ရန်]

ရောမအက္ခရာ y r l v s h
မြန်မာအက္ခရာ ယ် ရ် လ် ဝ် သ် ဟ် ဠ်

ပေါင်းစပ်ပုံ[ပြင်ဆင်ရန်]

ဗျည်းနှင့်သရ ​ပေါင်းစပ်ပုံ[ပြင်ဆင်ရန်]

သရတွင် ကိုယ်ပိုင်အသံရှိသော်လည်း ဗျည်းတွင် ကိုယ်ပိုင်အသံမရှိပါ။ ဗျည်းနှင့်သရ ပေါင်းစပ်မှသာ အသံဖြစ်ပေါ်လာသည်။

ရောမအက္ခရာ k+a=ka k+ā=kā k+i=ki k+ī=kī k+u=ku k+ū=kū k+e=ke k+o=ko
မြန်မာအက္ခရာ က်+အ=က က်+အာ=ကာ က်+ဣ=ကိ က်+ဤ=ကီ က်+ဥ=ကု က်+ဦ=ကူ က်+ဧ=ကေ က်+ဩ=ကော

သရနှင့်နိဂ္ဂဟိတ် ​ပေါင်းစပ်ပုံ[ပြင်ဆင်ရန်]

နိဂ္ဂဟိတ် (ံ) ရှေ့တွင် အ၊ ဣ၊ ဥ သရအတို သုံးလုံးသာ ရှိရသည်။

ရောမအက္ခရာ a+ṃ=aṃ ā+ṃ=aṃ i+ṃ=iṃ ī+ṃ=iṃ u+ṃ=uṃ ū+ṃ=uṃ
မြန်မာအက္ခရာ အ+ံ=အံ အာ+ံ=အံ ဣ+ံ=အိံ ဤ+ံ=အိံ ဥ+ံ=အံု ဦ+ံ=အံု

ဗျည်းနှင့် နိဂ္ဂဟိတ် ပေါင်းစပ်ထားသောသရတို့ ပေါင်းစပ်ပုံ[ပြင်ဆင်ရန်]

ရောမအက္ခရာ ka+ṃ=aṃ kā+ṃ=aṃ ki+ṃ=iṃ kī+ṃ=iṃ ku+ṃ=uṃ kū+ṃ=uṃ
မြန်မာအက္ခရာ က+ံ=ကံ ကာ+ံ=ကံ ကိ+ံ=ကိံ ကီ+ံ=ကိံ ကု+ံ=ကံု ကူ+ံ=ကံု

ဗျည်းနှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

အုပ်စုတွင်း ပထမအက္ခရာချင်း နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

k+k=kk က်+က်=က္က sakka သက္က
c+c=cc စ်+စ်=စ္စ amacca အမစ္စ
ṭ+ṭ=ṭṭ ဋ်+ဋ်=ဋ္ဋ vaṭṭa ဝဋ္ဋ
t+t=tt တ်+တ်=တ္တ putta ပုတ္တ
p+p=pp ပ်+ပ်=ပ္ပ kappa ကပ္ပ

အုပ်စုတွင်း ပထမအက္ခရာနှင့် ဒုတိယအက္ခရာတို့ နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

k+kh=kkh က်+ခ်=က္ခ dukkha ဒုက္ခ
c+ch=cch စ်+ဆ်=စ္ဆ maccha မစ္ဆ
ṭ+ṭh=ṭṭh ဋ်+ဌ်=ဋ္ဌ raṭṭha ရဋ္ဌ
t+th=tth တ်+ထ်=တ္ထ hattha ဟတ္ထ
p+ph=pph ပ်+ဖ်=ပ္ဖ puppha ပုပ္ဖ

အုပ်စုတွင်း တတိယအက္ခရာချင်း နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

g+g=gg ဂ်+ဂ်=ဂ္ဂ magga မဂ္ဂ
j+j=jj ဇ်+ဇ်=ဇ္ဇ majja မဇ္ဇ
d+d=dd ဒ်+ဒ်=ဒ္ဒ bhaddā ဘဒ္ဒါ
b+b=bb ဗ်+ဗ်=ဗ္ဗ nibbāna နိဗ္ဗာန

အုပ်စုတွင်း တတိယအက္ခရာနှင့် စတုတ္ထအက္ခရာတို့ နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

g+gh=gh ဂ်+ဃ်=ဂ္ဃ byaggha ဗျဂ္ဃ
j+jh=jjh ဇ်+ဈ်=ဇ္ဈ yujjha ယုဇ္ဈ
ḍ+ḍh=ḍḍh ဍ်+ဎ်=ဍ္ဎ vaḍḍa ဝုဍ္ဎ
d+d=ddh ဒ်+ဓ်=ဒ္ဓ Buddha ဗုဒ္ဓ
b+bh=bbh ဗ်+ဘ်=ဗ္ဘ abbhuta အဗ္ဘုတ

ပဉ္မမအက္ခရာနှင့် အုပ်စုတွင်းအက္ခရာများ နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

ṅ+k=ṅk င်+က်=င်္က paṅka ပင်္က
ñ+c=ñc ဉ်+စ်=ဉ္စ muñca မုဉ္စ
ṇ+ṭ=ṇṭ ဏ်+ဋ်=ဏ္ဋ kaṇṭa ကဏ္ဋ
n+t=nt န်+တ်=န္တ danta ဒန္တ
m+p=mp မ်+ပ်=မ္ပ limpa လိမ္ပ

အစုမဲ့ဗျည်းများ ပါဝင်သော နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

အစုမဲ့ဗျည်း ၈ လုံးအနက် ယ၊ ရ၊ ဝ၊ ဟ လေးလုံးတို့သည် နှစ်လုံးဆင့်လျှင် ျ၊ ြ၊ ွ၊ ှ အဖြစ် ​ပြောင်းလဲသွားသည်။ သ နှစ်လုံးဆင့်ပါက ဿ ဖြစ်သွားသည်။

အစုမဲ့ဗျည်းချင်း နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

y+y=yy ယ်+ယ်=ယျ် seyya သေယျ
y+v=yv ယ်+ဝ်=ယွ် yvāyaṃ ယွာယံ
y+h=yh ယ်+ဟ်=ယှ် mayhaṃ မယှံ
v+v=vv ဝ်+ဝ်=ဝွ် sivva သိဝွ
v+y=vy ဝ်+ယ်=ဝျ် vyādhi ဝျာဓိ
l+l=ll လ်+လ်=လ္လ pulliṅga ပုလ္လိင်္ဂ
l+y=ly လ်+ယ်=လျ် kalyā ကလျာ
s+s=ss သ်+သ်=ဿ် sissa သိဿ
s+v=sv သ်+ဝ်=သွ် svāhaṃ သွာဟံ

အစုရှိဗျည်းနှင့် အစုမဲ့ဗျည်းတို့ နှစ်လုံးဆင့်ခြင်း[ပြင်ဆင်ရန်]

b+y=by ဗ်+ယ်=ဗျ် byasana ဗျသန
t+r=tr တ်+ရ်=တြ် tatra တတြ
n+v=nv န်+ဝ်=နွ် anveti အနွေတိ
ṇ+h=ṇh ဏ်+ဟ်=ဏှ် uṇha ဥဏှ

ဥဒါဟရုဏ်[ပြင်ဆင်ရန်]

မြန်မာအက္ခရာမှ ရောမအက္ခရာသို့[ပြင်ဆင်ရန်]

ယော ကပ္ပကောဋီဟိပိ အပ္ပမေယျံ၊
ကာလံ ကရောန္တော အတိဒုက္ကရာနိ၊
ခေဒံ ဂတော လောကာဟိတာယ နာထော၊
နမော မဟာကာရုဏိကဿ တဿ။
Yo kappakoṭīhipi appameyyaṃ,
kālaṃ karonto atidukkarāni,
khedaṃ gato lokāhitāya nātho,
namo mahākāruṇikassa tassa.

ရောမအက္ခရာမှ မြန်မာအက္ခရာသို့[ပြင်ဆင်ရန်]

Phullantā sukhapaṅkajā,
mettāpuṇṇindusaṅgamā,
manosarasi sabbesaṃ,
pavāyantu sugandhakā.
ဖုလ္လန္တာ သုခပင်္ကဇာ၊
မေတ္တာပုဏ္ဏိန္ဒုသင်္ဂမာ၊
မနောသရသိ သဗ္ဗေသံ၊
ပဝါယန္တု သုဂန္ဓကာ။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]