ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့
| ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ | |
|---|---|
ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ လက်မောင်းတံဆိပ် | |
| တည်ထောင် | ၂၀၁၆ |
| သစ္စာခံ | |
| ပင်မတပ်ဖွဲ့ အမျိုးအစား | |
| တပ် အမျိုးအစား | ပြည်သူ့စစ်တပ်ဖွဲ့ (အတိုကောက် ပသစ) |
| အခန်းကဏ္ဍ | တိုက်ခိုက်ရေး နှင့် ပြည်သူ့လုံခြုံရေး |
| တပ် အရွယ်အစား | ၃၀၀~ |
| အစိတ်အပိုင်း | |
| ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး | စစ်ရုံး၊ နေပြည်တော်ပြည်ထောင်စုနယ်မြေ |
| အမည်ပြောင် | ဝါရာဇွပ် |
| ဆောင်ပုဒ် | "စစ်ပွဲကိုအတတ်နိုင်ဆုံးရှောင်မည်
မလွှဲသာ၍စစ်တိုက်ရမည်ဆိုရင်လဲ မီးကုန်ယမ်းကုန်တိုက်မည်" "စွန့်လွတ် စွန့်စား ဝါရာဇွပ်စစ်သား" |
| အရောင်များ |
|
| တိုက်ပွဲများ | ရှဒူးဇွပ် ကျေးရွာတိုက်ပွဲ၊ ကနွယ်တူတပ်စခန်းသိမ်းတိုက်ပွဲ၊ ဝါးခစခန်းတိုက်ပွဲ |
| အုပ်ချုပ်သူများ | |
| တပ်ဖွဲ့မှူး | မင်းဇေသန့် [၁] |
| ဒုတပ်ဖွဲ့မှူး | ညီဇော်ရှိန်း |
| အဆောင်အယောင်များ | |
| အလံတော် | |
ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးပြည်သူ့စစ်တပ်ဖွဲ့တစ်ခုဖြစ်သည်။ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ကို ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံအရ တပ်မတော် (ကြည်း) နှင့် ပို၍ဆက်စပ်မှုရှိသည်။ ကချင်ပြည်နယ်ဒေသများအတွင်း စစ်ရေးလှုပ်ရှားလျက်ရှိသည်။၂၀၂၁ နောက်ပိုင်း အင်အားပိုမိုကြီးထွားလာသည်။ကချင်လွတ်မြောက်ရေးတပ် (KIA) ကို အဓိကထား တိုက်ခိုက်သည်။ [၂]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့၏ ဖွဲ့စည်းပုံမှာ တပ်မတော် (ကြည်း) ဖွဲ့စည်းပုံကို အတုယူကာစုဖွဲ့ထားရှိသည်။[၃] [၄] တပ်သား၊ ဒုတပ်ကြပ်၊ တပ်ကြပ်စသည်မှစ၍ စစ်ကြောင်းမှူး၊ တပ်ဖွဲ့မှူးအထိ ဖွဲ့စည်းထားသည်။
ကွပ်ကဲမှု
[ပြင်ဆင်ရန်]ကွပ်ကဲမှုသည်လည်း တပ်မတော်ကွပ်ကဲမှုအတိုင်း နမူနာယူဆောင်ရွက်ကြသည်။ တပ်ဖွဲ့မှူးမှဒုတပ်ဖွဲ့မှူး ဒုတပ်ဖွဲ့မှူး စစ်ကြောင်းမှူး စသဖြင့်အဆင့်ဆင့်ကွပ်ကဲသည်။
စစ်ရေးအခြေအနေ
[ပြင်ဆင်ရန်]၂၀၂၂ ခုနှစ် ဧပြီ ၃ရက်နေ့ကစပြီး ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ ၏ စစ်ရေးလှုပ်ရှားမှုများကို တယ်လီဂရမ် စာမျက်နှာမှတဆင့် ထုတ်ပြန်မှုများ စတင်ပြုလုပ်သည်။၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ရက်နေ့တွင် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာ ရှိ ဦးမင်းဇေသန့် ဦးဆောင်သော ပြည်သူ့စစ်စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၂ ၊ အမှတ် ၁၄ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဝါရာဇွပ်ပြည်သူ့စစ် စစ်ဦးစီးချုပ်၏ ညီ ဒူးလေးပါတီခေါင်းဆောင် ဦးရွှေမင်း၏ သမက် ဒုတိယစစ်ဦးစီးချုပ် ဦးဇော်ရှိန်း အပါအဝင် ၁၅ ဦးခန့် သေဆုံးခဲ့သည်။[၅] [၆]
အခြားလေ့လာရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့တွေကို ပိုသုံးလာတယ်လို့ဆို။ RFA Burmese (၁၆ အောက်တိုဘာ ၂၀၂၃)။ ၄ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ KIA တပ်စခန်းငယ် ၁ ခုကို ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ သိမ်းပိုက်ဖျက်ဆီး။ DVB (၂ အောက်တိုဘာ ၂၀၂၃)။
- ↑ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က KIA တပ်ဖွဲ့ဝင်နှစ်ဦးကိုဖမ်းဆီး။ the74media (၁၂ ဇွန် ၂၀၂၃)။ 4 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့စစ်အဖွဲ့တွေ KIO နဲ့ ပူးပေါင်းဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း။ RFA Burmese (၂၅ အောက်တိုဘာ ၂၀၂၄)။ ၄ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တနိုင်းမြို့နယ်၊ ရှဒူးဇွပ်ကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်မှု ဝါရာဇွပ်ပြည်သူ့စစ် ဒုစစ်ဦးစီးချုပ် ညီဇော်ရှိန်း အပါအဝင် ၁၅ ဦးသေဆုံး၊ KIA ဘက်မှ ၃ ဦးကျဆုံး။ ရန်ကုန်ခေတ်သစ်မီဒီယာ (၈ ဇူလိုင် ၂၀၂၃)။ 4 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ KIA တပ်စခန်းတစ်ခုကို စစ်ကောင်စီလက်အောက်ခံ၊ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ သိမ်းပိုက်။ mpapress (၂ အောက်တိုဘာ ၂၀၂၃)။ 4 May 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၄ မေ ၂၀၂၅ တွင် ပြန်စစ်ပြီး။