ဝမ်းဘဲအင်းရွာ
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
ဝမ်းဘဲအင်းရွာ သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ရှိ ရွာတစ်ရွာ ဖြစ်သည်။[၁] ပဲခူးမြို့မှ (၁၆)မိုင်ခန့် အကွာတွင် တည်ရှိသည်။
ပညာရေး
[ပြင်ဆင်ရန်]အထက်တန်းအဆင့်ပညာရေးကို အ.ထ.က - ဝမ်းဘဲအင်း တွင် သင်ကြားနိုင်သည်။ အ.ထ.က(ခွဲ)အဖြစ် နှစ်အတော်ကြာ ရပ်တည်ခဲ့ရပြီး နိုင်ငံတော် အစိုးရမှ အထက်တန်းကျောင်းအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်မှာ (၂)နှစ်ခန့်သာ ရှိသေးသည်။ များသောအားဖြင့် ထိုရွာမှ ကျောင်းသားများ သင်ကြားလျက်ရှိသည်။ ဤစာသင်ကျောင်းသည် အမှတ်(၂) ကားလမ်း၏ ဘေးတွင် တည်ရှိသည်။
စီးပွားရေး
[ပြင်ဆင်ရန်]တောင်သူလယ်သမားများ အများစုနေထိုင်ကြသည်။ စပါးကို အဓိကထား စိုက်ပျိုးကြသည်။ ထို့ပြင် ရာသီပေါ်သီးနှံတို့ကိုလည်း စိုက်ပျိုးကြသေးသည်။ တစ်နိုင်စီးပွားရေးအဖြစ် အချို့ အိမ်များတွင် ကြက်၊ ဝက်၊ ဘဲ စသော တိရစ္ဆာန်များကိုလည်း မွေးမြူကြသည်။
မိုးယွန်းကြီးအင်း နှင့် နီးသောကြောင့် ထိုအင်းကို အမှီပြုကာ ရေလုပ်ငန်းဖြင့်လည်း အသက်မွေးကြသည်။
ဘာသာရေး
[ပြင်ဆင်ရန်]ဗုဒ္ဓဘာသာဝင်များနှင့် ဟိန္ဒူဘာသာဝင်များ အများစု နေထိုင်ကြသည်။ ဝမ်းဘဲအင်းရွာတွင် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းပေါင်း (၇၀) ကျော်ခန့်တည်ရှိသည်။ ထိုဘုန်းကြီးကျောင်းများသည် အရိပ်အာဝါသအလွန်ကောင်းသည့် နေရာတွင် တည်ရှိသည်။ ဒေးစွန်ပါစေတီတော် အဝင်မှစကာ ဘုရားတည်ရှိရာ ကုန်းတော်သွားရာ လမ်းဘေးတွင် တည်ရှိကြသည်။
ဝမ်းဘဲအင်းရွာတွင် နတ်ကိုးကွယ်ယုံကြည်မှုလည်း ရှိ၏။ နေအိမ်များ၏ အိမ်ရှေ့တွင် နတ်ကွန်းများဆောက်လုပ်ကာ ကိုးကွယ်ကြသည်။ ဝမ်းဘဲအင်းရွာရှိ ဒေးစွန်ပါစေတီတော် သို့ ရန်ကုန် နှင့် ပဲခူးတစ်ဝိုက်ရှိ ဘုရားဖူးပြည်သူများသည် လာရောက်လာလည်ပတ်ဖူးမြော်လေ့ရှိပြီး အခါကြီးရက်ကြီးများတွင် အထူးစည်ကားသည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ ပဲခူးမြို့နယ် ကျေးရွာများပြ မြေပုံ Archived 16 July 2019 at the Wayback Machine. - မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (မေ ၂၀၁၆)
ဤ ပဲခူးတိုင်းဒေသကြီး တည်နေရာ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |