လာလီဆာ

ဝီကီပီးဒီးယား မှ
"လီဆာ"ကို ဤနေရာသို့ ညွှန်းသည်။ အခြား အဓိပ္ပာယ်များအတွက် လီဆာ (သံတူကြောင်းကွဲ)ကို ကြည့်ပါ။
လာလီဆာ
180819 블랙핑크 팬싸인회 코엑스 라이브프라자 리사.jpg
ဇာတိ အမည်ลลิษา มโนบาล
မွေးဖွားပရန်ပရီယာ မနိုဗန်
(1997-03-27) မတ် ၂၇၊ ၁၉၉၇ (အသက် ၂၆)
ဘူရီရမ်ပြည်နယ် ထိုင်းနိုင်ငံ
အလုပ်အကိုင်အဆိုတော် ၊ မော်ဒယ် ၊ အက ၊ ရက်ပါ
ဂီတခရီးလမ်း
ဂီတဟန်ကေပေါ့ပ် ၊ ဟစ်ဟော့
တူရိယာအဆို
တက်ကြွသည့်နှစ်များ၂၀၁၆ - လက်ရှိ
တေးသံသွင်း ကုမ္ပဏီYG ဖျော်ဖြေရေး ၊ အင်တာစကုပ် တေးသံသွင်း [၁]
ပူးတွဲ ပါဝင်မှုဘလက်ပင့်ခ် ၊ YG မိသားစု
လက်မှတ်
Signature of Lisa.svg

လာလီဆာ မနိုဗန် (အင်္ဂလိပ်: Lalisa Manoban, ထိုင်း: ลลิษา มโนบาล) (၂၇ မတ် ၁၉၉၇ မွေးဖွား) သည် လီဆာ (အင်္ဂလိပ်: Lisa) ဟုလူသိများသော ထိုင်းနိုင်ငံသား ကေပေါ့ပ် အဆိုတော်၊ ရက်ပါ ၊ Dancer နှင့် မော်ဒယ် တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားအခြေစိုက် YG ဖျော်ဖြေရေးလုပ်ငန်းလက်အောက်ရှိ မိန်းကလေးကေပေါ့ပ်အဆိုတော်အဖွဲ့ ဘလက်ပင့်ခ် ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ [၂]

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

ပရန်ပရီယာ မနိုဗန် ကို ၁၉၉၇ ခုနှစ်၊ မတ်လ၊ ၂၇ ရက်နေ့၌ ထိုင်း နိုင်ငံ၊ ဘူရီရမ် ပြည်နယ် တွင် မွေးဖွားခဲ့သည်။ နောက်ပိုင်းတွင် ပရန်ပရီယာ မှ လာလီဆာ ဟု အမည်ပြောင်းလဲခဲ့သည် ။ လီဆာ သည် ထိုင်းလူမျိုး မိခင် နှင့် ဆွစ်လူမျိုး ဘထွေး တို့၏ တဦးတည်းသော သမီး ဖြစ်သည်။ လီဆာ သည် အထက်တန်းပညာကို အမှတ် ၁ ၊ ၂ ပရာဖာမွန်ထရီး (အင်္ဂလိပ်: Praphamontree) ကျောင်းတွင် လေ့လာဆည်းပူးခဲ့သည်။

[၃]

အနုပညာလုပ်ငန်းများ[ပြင်ဆင်ရန်]

၂၀၀၉ ခုနှစ် အစောပိုင်းကာလတွင် လာလီဆာသည် ကျောင်းကိုယ်စားပြု အနေဖြင့် ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာန၏ စိတ်ဓာတ်မြှင့်တင်ရေးဗဟိုဌာနကဦးဆောင်ကျင်းပပြုလုပ်သော အဆိုပြိုင်ပွဲ တခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ လီဆာသည် နံပါတ်တစ်ဖြစ်ရန် (To Be Number One) အပါအဝင် အကပြိုင်ပွဲများစွာကိုလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ [၄] ထို့နောက်မကြာမီ အဖွဲ့ဝင် ၁၁ ဦးပါဝင်သော အကအဖွဲ့ We Zaa Cool တွင် ဝင်ရောက်ခဲ့သည်။ ဂေါ့တ်ဆဲဗင်း (Got7) အဖွဲ့ဝင် ဘမ်ဘမ် သည်လည်း We Zaa Cool အဖွဲ့ဝင်ဖြစ်သည်။ [၅] ၂၀၁၀ ခုနှစ်တွင် လီဆာသည် YG ဖျော်ဖြေရေးလုပ်ငန်း မှ ထိုင်းနိုင်ငံတွင် ပြုလုပ်သော လူရွေးချယ်ပွဲ သို့ဝင်ရောက်ခဲ့သည်။ လီဆာသည် ၂၀၁၁ခုနစ် ဧပြီလတွင် YG ဖျော်ဖြေရေးလုပ်ငန်း ၏ ပထမဦးဆုံး နိုင်ငံခြားသား သင်တန်းသားအဖြစ်တရားဝင် စတင်ခဲ့သည်။

လူနေမှုဘဝ[ပြင်ဆင်ရန်]

လီဆာသည် မိခင်ဘာသာ ထိုင်းဘာသာ အပြင် အင်္ဂလိပ် ဘာသာ ၊ ကိုရီးယားဘာသာ တို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။ ဂျပန်ဘာသာ နှင့် တရုတ် ဘာသာတို့ကိုလည်း အနည်းငယ်ပြောဆိုနိုင်သည်။ လီဆာ သည် အင်စတာဂရမ် တွင် followers အများဆုံးရှိသော ကေပေါ့ပ်အနုပညာရှင် ဖြစ်သည်။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Herman၊ Tamar။ "BLACKPINK Sign With Interscope Records & UMG in Global Partnership With YG Entertainment: Exclusive"၊ Billboard၊ October 22, 2018။ 
  2. BLACKPINK။ May 18, 2019 တွင် ပြန်စစ်ပြီး။
  3. Caspar Li။ "4 reasons why we love Lisa, BLACKPINK's youngest member"၊ South China Morning Post၊ March 27, 2019။ May 21, 2019 တွင် ပြန်စစ်ပြီး 
  4. 'LISA' YG New Girl Group : ลลิษา มโนบาล กับเรื่องราวที่เล่าโดยพี่สาวถ (in th) (July 4, 2019)။ June 8, 2016 တွင် ပြန်စစ်ပြီး။
  5. Gadong၊ Katreena (August 14, 2016)။ BLACKPINK Lisa Manoban and Got7 Bambam childhood friends?။ November 2, 2016 တွင် ပြန်စစ်ပြီး။
  6. Moon၊ Kat (4 April 2019)။ Everything to Know About K-Pop Group BLACKPINKTime။ 22 May 2019 တွင် ပြန်စစ်ပြီး။