လင်ကင်းပါ့
Linkin Park | |
---|---|
![]() ဘာလင်မြို့၌ ဖျော်ဖြေစဉ် (၂၀၁၀) | |
ကိုယ်ရေး အချက်အလက်များ | |
အခြားအမည်များ |
|
မူလတိုင်းပြည် | Agoura Hills, California, U.S. |
ဂီတဟန် | |
တက်ကြွသည့်နှစ်များ | 1996–present |
တေးသံသွင်း ကုမ္ပဏီ | |
ပူးတွဲ ပါဝင်မှု |
|
ဝက်ဘ်ဆိုက် | linkinpark.com |
လက်ရှိအဖွဲ့ဝင်များ |
|
အဖွဲ့ဝင်ဟောင်းများ |
|
လင်ကင်းပါ့ (အင်္ဂလိပ်: Linkin Park) သည် ကာလီဖိုးနီးယားပြည်နယ်၊ အဂိုရာဟေးမှ ရော့ခ်တီးဝိုင်းတစ်ခု ဖြစ်သည်။ ၁၉၉၆ ခုတွင် စထောင်ကာ ၂၀၀၀ ခုနှစ်ထုတ် မျိုးစပ်သီအိုရီ အခွေဖြင့် ကမ္ဘာတန်းဝင် ဖြစ်လာသည်။ ထပ်ထွက်သည့် ဥက္ကာခဲ ခွေမှာလည်း အောင်မြင်မှုကို ဆက်ထိန်းနိုင်သည်။ ၂၀၀၃ ခုနှစ် ဘေလဘုတ် ထိပ်တန်း ၂၀၀ စာရင်းတွင် ရှေ့မှ ပြေးသည်။
အစောပိုင်း နှစ်ခွေမှာ နူးမက်တယ်နှင့် ရက်ပ်မက်တယ် များဖြစ်ပြီး ၂၀၀၇ ထွက်သည့် မိနစ်များမှသည်သန်းခေါင်ဆီ တွင်မူ အခြားဂီတပုံစံများကို စူးစမ်းထားသည်။ ၂၀၁၀ ထုတ် ထောင်ချီသောနေများ ၌ကား အီလက်ထရောနစ်သံ ထပ်ဖြည့်သည့် သီချင်းများ ဖြစ်လာသည်။
ပဉ္စမခွေ သက်ရှိများ ကို ၂၀၁၂ တွင် ထုတ်ရာ ရှေ့အခွေများထက် ထူးမခြားနားချေ။ ၂၀၁၄ ထွက် အမဲလိုက်အဖွဲ့ မှာမူ ရော့ခ်သံပြင်းပြင်းဘက် ပြန်ရောက်လာသည်။ ခုနှစ်ခုမြောက် အခွေဖြစ်သော နောက်တစ်ညလောက် အရောက်တွင် အီလက်ထရောနစ်နှင့် ပေါ့အခြေပြုဆီသို့ ကူးလာသည်။
ဂီတလမ်းကြောင်း[ပြင်ဆင်ရန်]
အဖွဲ့သားများ[ပြင်ဆင်ရန်]
အဖွဲ့သားဟောင်း[ပြင်ဆင်ရန်]
- မာ့ခ်ဝိတ်ဖီး - ပင်တိုင်အဆို (၁၉၉၆-၉၈)
- ချက်စတာဘန်နင်တန် - ပင်တိုင်အဆို၊ ရစ်သမ်ဂီတာ၊ နောက်ခံအဆို (၁၉၉၉-၂၀၁၇)
- ကိုင်လ်ခရစ္စတနာ - ဘေ့ (၁၉၉၈-၉၉)
အာဂန္တုများ[ပြင်ဆင်ရန်]
- စကော့ခိုဇီ - ဘေ့ (၁၉၉၉-၂၀၀၀)
- အိုင်ယန်ဟွန်းဘက် - ဘေ့ (၂၀၀၀)
- ဘန်ဂျမင်ချန်ဒလာ - လိဒ်ဂီတာ (၂၀၁၄-၁၅)
- ဝါရန်ဝေလစ် - ကီးဘုတ် (၂၀၁၅)
လက်ရှိအဖွဲ့ဝင်[ပြင်ဆင်ရန်]
- ရော့ဘ်ဘော်ဒန် - ဒရမ်၊ ဗုံ၊ နောက်ခံအဆို (၁၉၉၆-ယခုထိ)
- ဂျိုးဟန် - ကီးဘုတ်၊ ဆင်သဆိုက်ဇာ၊ နောက်ခံအဆို (၁၉၉၆-ယခုထိ)
- ဒေ့ဖာရယ် - ကီးဘုတ် (၂၀၁၀-၁၄)၊ ဘေ့နှင့် နောက်ခံအဆို (၁၉၉၆-၉၈၊ ၂၀၀၀-ယခုထိ)
- ဘရက်ဒဲလဆန် - ဘေ့ (၂၀၀၀)၊ ကီးဘုတ် (၂၀၁၀-၁၄)၊ လိဒ်ဂီတာနှင့် နောက်ခံအဆို (၁၉၉၆-ယခုထိ)
- မိုက်ရှီနိုဒါ - အဆို၊ ရစ်သမ်ဂီတာ၊ ကီးဘုတ်၊ ဆင်သဆိုက်ဇာ (၁၉၉၆-ယခုထိ)
ထုတ်ဝေသည့် အခွေများ[ပြင်ဆင်ရန်]
- မျိုးစပ်သီအိုရီ (၂၀၀၀)
- ဥက္ကာခဲ (၂၀၀၃)
- မိနစ်များမှသည်သန်းခေါင်ဆီ (၂၀၀၇)
- ထောင်ချီသောနေများ (၂၀၁၀)
- သက်ရှိများ (၂၀၁၂)
- အမဲလိုက်အဖွဲ့ (၂၀၁၄)
- နောက်တစ်ညလောက် (၂၀၁၇)