ရှန့်ရှောက်ယွီ

ဝီကီပီးဒီးယား မှ
(ရှောက်ယွီ မှ ပြန်ညွှန်းထားသည်)
ရှန့်ရှောက်ယွီ
လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်ကောင်
ရှောက်ယွီ
ပထမဆုံး ပါဝင်ခြင်းအတွဲ ၁
အချက်အလက်များ
လိင်ပုလ္လိင်
ဆွေမျိုးသားချင်းချူနိုင်ငံ ဘုရင်(ဖခင်၊ ကွယ်လွန်)
နိုင်ငံသားချူနိုင်ငံသား
အသက်၁၄

ရှန့်ရှောက်ယွီ သည် လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(ရှန်လီပင်း) ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၁၄ နှစ်အရွယ် ချူမျိုးနွယ် မင်းသားတစ်ပါးဖြစ်သည်။

စိတ်နေသဘောထား[ပြင်ဆင်ရန်]

သွက်လက်သည်။ အစအနောက်သန်သည်။

ဇာတ်ကွက်[ပြင်ဆင်ရန်]

ဖခင်မှာ ချူဘုရင်ဖြစ်ပြီး တိုက်ပွဲတွင်ကျဆုံးခဲ့သည်။ စစ်ပွဲတွင် ရန်သူများဝန်းရံခံရချိန်၌ ချူစစ်သည်အမြောက်အမြား ကျဆုံးခဲ့ရမှုကို မိမိကြောင့်ဟု ယူဆကာ တစ်နှစ်ခန့် စိတ်ဒဏ်ရာရနေခဲ့သည်။ ချူမျိုးနွယ် စစ်သားအချို့နှင့်အတူ ရွာတစ်ရွာတည်၍ နေထိုင်သည်။ ကျေးရွာအကြီးအကဲ များအဖြစ် စစ်ဗျူဟာမှူးလျန်နှင့် အခြားတစ်ဦးက ဆောင်ရွက်သည်။ ထို့နောက် ရှောက်ယွီသည် ထျန်းမင် ကယ်နယဲ့တို့နှင့် ဆုံတွေ့ကာ မော့ဂိုဏ်းစက်မှုမြို့တော်သို့ အတူခရီးဆက်ခဲ့သည်။ စက်မှုမြို့တော် ကျဆုံးချိန်တွင် စန်းဟိုင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုမြို့တွင် ကွန်ဖြူးရှပ်ဂိုဏ်းဝင် ကျောင်းသားတစ်ဦးအဖြစ် ရုပ်ဖျက်နေထိုင်ခဲ့သည်။ စန်းဟိုင်မြို့တွင်ပင် ကွဲကွာနေသော ချူစစ်သည်များနှင့် ပြန်လည်တွေ့ဆုံခဲ့သည်။