ကျင်းထျန်းမင်

ဝီကီပီးဒီးယား မှ
(ထျန်းမင် မှ ပြန်ညွှန်းထားသည်)
ကျင်းထျန်းမင်
လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်ကောင်
ပထမဆုံး ပါဝင်ခြင်းအတွဲ ၁
အသံသရုပ်ဆောင်ဖှုန်းကျွင့်ဟွာ
အချက်အလက်များ
လိင်ပုလ္လိင်
အလုပ်အကိုင်မော့ဂိုဏ်းခေါင်းဆောင်
ဆွေမျိုးသားချင်းကျင်းခေါ (ဖခင်)
နိုင်ငံသားဟန်နိုင်ငံသား
လက်နက်ဖှေးကုန်း၊မော့မေ

ကျင်းထျန်းမင်သည် လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(လီပင်းရှန်) ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးဖြစ်သည်။

စိတ်နေသဘောထား[ပြင်ဆင်ရန်]

ဟန်ဆောင်မှုကင်းသည်။ ပျော်ပျော်နေတတ်သည်။

ဇာတ်ကွက်[ပြင်ဆင်ရန်]

ဖခင်ဖြစ်သူမှာ ယင်ကျန့်ကို လုပ်ကြံရန် မော့ဂိုဏ်းက ရွေးချယ်စေလွှတ်ခဲ့သော သူရဲကောင်းကျင်းခေါ ဖြစ်သည်။ အစပထမတွင် ကလေးမရှိသော အဘိုးအိုနှင့် အဘွားအိုမောင်နှံက မွေးစားခဲ့သော်လည်း ထိုဇနီးမောင်နှံ ကွယ်လွန်ချိန်တွင် လေလွင့်ကလေးတစ်ဦးအဖြစ် ဘဝကိုကျင်လည်ခဲ့ရသည်။ နောက်ပိုင်းတွင် ဖခင်၏သူငယ်ချင်းဖြစ်သူ ကယ်နယဲ့က ရှာတွေ့ခဲ့သည်။ အသတ်ခံရမည့်ဆဲဆဲတွင် သူရဲကောင်း ကယ်နယဲ့က ကယ်တင်ခဲ့ပြီး ထိုအချိန်မှစ၍ ကယ်နယဲ့ကို ဦးလေးအဖြစ် သတ်မှတ်ခဲ့သည်။ မော့ဂိုဏ်းကို ဝေ့ကျွမ်းတို့အဖွဲ့ တိုက်ခိုက်မှုကြောင့် ဂိုဏ်းချုပ်မှလွဲ၍ မော့ဂိုဏ်းခေါင်းဆောင်အများစု ဒဏ်ရာရနေချိန်တွင် ဝေ့ကျွမ်းကို စိန်ခေါ်ခဲ့သည်။ ဝေ့ကျွမ်း၏တိုက်ကွက်ကို အသက်နှင့်ရင်း၍ ခုခံခဲ့သဖြင့် မော့ဂိုဏ်း ဂိုဏ်းချုပ်က မိမိကွယ်လွန်ခါနီးတွင် ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ စန်းဟိုင်မြို့တွင် ရုပ်ဖျက်နေထိုင်စဉ်အတောအတွင်း ကွန်ဖြူးရှပ်ဂိုဏ်းတွင် ပညာသင်ယူကာ ဂိုဏ်းဝင်အဖြစ်နေထိုင်ခဲ့သည်။