ကယ်နယဲ့

ဝီကီပီးဒီးယား မှ
ကယ်နယဲ့
လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်ကောင်
ကယ်နယဲ့
ပထမဆုံး ပါဝင်ခြင်းအတွဲ ၁
အချက်အလက်များ
လိင်ပုလ္လိင်
ယခင်အလုပ်ချင်ဘုရင်လက်အောက်ခံဓားသမား
လက်နက်ယွမ်းဟုန်၊သစ်သားဓား

ကယ်နယဲ့သည် လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(ရှန်လော့ဖိင်) ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၃၀ အရွယ် ဓားသမားတစ်ဦး ဖြစ်သည်။

စိတ်နေသဘောထား[ပြင်ဆင်ရန်]

တည်ငြိမ်သည်။ လက်တွေ့ကျသည်။ မိမိသဘောထားနှင့် ရပ်တည်ချက်ကို ပွင့်လင်းစွာပြောတတ်သော်လည်း ခံစားချက်ကိုမူ ထုတ်မပြောဘဲ သိမ်းထားလေ့ရှိသည်။

စွမ်းရည်[ပြင်ဆင်ရန်]

ချင်ဘုရင်၏သက်တော်စောင့်လုပ်စဉ်က ချင်တစ်နိုင်ငံလုံးတွင် အတော်ဆုံးဟုသတ်မှတ်ခံရသည်။ လပြည့်ညရဲ့စိန်ခေါ်သံဇာတ်လမ်းတွဲတွင် အသက်ရှင်ဆဲ ဖြစ်သော ဓားသမားများ၌ ကယ်နယဲ့ကို အနိုင်တိုက်နိုင်သူမရှိ။ ခြေလှမ်းတရာ ဓားပျံသည် ကယ်နယဲ့၏တိုက်ကွက်များထဲတွင် အကျော်ကြားဆုံးဖြစ်သည်။

လက်နက်[ပြင်ဆင်ရန်]

ဓားကိုလက်နက်အဖြစ်သုံးသည်။ ကွေကူဂိုဏ်းတွင် သိုင်းသင်စဉ်က သုံးသောဓားမှာ သစ်သားဓားဖြစ်သည်။ နောင်တွင် ယွမ်းဟုန်ဓားကိုသုံးသည်။ ယွမ်းဟုန်ဓားကျိုးသွားသောအခါ သစ်သားဓား နောက်တစ်လက် ထပ်သုံးသည်။

ဝတ်စုံအဆင်[ပြင်ဆင်ရန်]

၂ခုရှိသည်။ ငယ်စဉ်က ဝတ်သော ဝတ်စုံတစ်စုံနှင့် လက်ရှိဝတ်နေသော ဝတ်စုံတစ်စုံဖြစ်သည်။

ဇာတ်ကွက်[ပြင်ဆင်ရန်]

ကွေကူ(သရဲတောင်ကြား) ဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး ဝေ့ကျွမ်း၏ဆရာတူအစ်ကိုဖြစ်သည်။ ချင်ဘုရင် ယင်ကျန့်၏ သက်တော်စောင့်တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ သူငယ်ချင်း ကျင်းခေါ၏သားကို ရှာဖွေတွေ့ရှိချိန်တွင် ချင်နိုင်ငံကို စွန့်ခွာခဲ့သည်။ ဤတွင် ချင်စစ်သားများ လိုက်လံဖမ်းဆီးမှုကြောင့် ဒဏ်ရာရခဲ့သည်။ ထို့နောက် ရှောက်ယွီ စစ်ဗျူဟာမှူးလျန်တို့နှင့် တွေ့ဆုံခဲ့ပြီး ရှောက်ယွီတို့ကို မြေခွေးဘုရင်၏ရန်မှ ကာကွယ်ပေးခဲ့ရာ ထပ်မံဒဏ်ရာရခဲ့သည်။ ဒဏ်ရာကို ဆေးဆရာမလေး တွမ်းမုလုံက ကုသပေးခဲ့သည်။ ထို့နောက်လျိုရှား အဖွဲ့၏လိုက်လံတိုက်ခိုက်မှုကို ရှောင်တိမ်းရန် မော့ဂိုဏ်းစက်မှုမြို့တော်သို့ ပြောင်းရွှေ့ခဲ့သည်။ စက်မှုမြို့တော်ကျဆုံးချိန်တွင် စန်းဟိုင်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။