ရှယ်ရီ ခရိုး

ဝီကီပီးဒီးယား မှ
Sheryl Crow
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းSheryl Suzanne Crow
ဂီတဟန်Pop rock, alternative rock, roots rock, folk rock, country
အလုပ်အကိုင်Singer-songwriter, musician, record producer, actress, activist
တူရိယာVocals, guitar, bass guitar, piano, keyboards, organ, accordion, harmonica, autoharp, hammond b3, wurlitzer, Moog bass, mandolin, mandola
တက်ကြွသည့်နှစ်များ1986–present
တေးသံသွင်း ကုမ္ပဏီA&M Records
ပူးတွဲ ပါဝင်မှုStevie Nicks, Sarah McLachlan, Michael Jackson, Don Henley, Eric Clapton, Keith Richards, Dixie Chicks, Kevin Gilbert, Counting Crows, Bill Bottrell, Kid Rock, Sting, Liz Phair, Citizen Cope, Wolfgang Niedecken, Miley Cyrus, Justin Timberlake
ဝက်ဘ်ဆိုက်Official Website

ရှယ်ရီ ခရိုး (Sheryl Crow) (၁၉၆၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့ဖွား) သည် အမေရိကန် တေးရေးတေးဆို အဆိုတော် တစ်ဦးဖြစ်သကဲ့သို့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်သည်။ သူမဖန်တီးသည့် တေးသီချင်း လက်ရာများတွင် ရော့ခ်၊ ပေါ့ပ်၊ ကန်းထရီး (ကျေးလက်)၊ ဟစ်ဟော့ပ် စသည့် ဂီတဟန်များ ပေါင်းစပ်ပါဝင်သည်။ သူမသည် ဂီတလောကမှ အထင်ကရ ဂရမ်မီဆုကြီး ၉ ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဖြစ်သည်။

ရှယ်ရီ ခရိုးသည် ရိုးရင်းစတုန်း (Rolling Stones) အဖွဲ့နှင့် သီဆိုခဲ့ဖူးသည့်အပြင် ကမ္ဘာကျော်အဆိုတော်များ ဖြစ်ကြသည့် မိုက်ကယ်ဂျက်ဆင် (Michael Jackson)၊ အဲရစ်ခ် ကလက်ပ်တန် (Eric Clapton)၊ စတင်း (Sting) တို့နှင့်အတူ စုံတွဲသီချင်းများ၊ တီနာ တာနာ (Tina Turner)၊ ဒန် ဟင်လေ (Don Henley) နှင့် Belinda Carlisle တို့၏ နောက်ခံ ဗိုကယ် (vocal) အဖြစ် တွဲဖက်သီဆိုခဲ့ဖူးသူဖြစ်သည်။ သူမသည် တေးအယ်လ်ဘမ် ၇ ခု ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး အယ်လ်ဘမ် ‘100 Miles from Memphis’ ကို ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖြန့်ချိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]