ရွှေငှက်ပျော

ဝီကီပီးဒီးယား မှ
ရွှေငှက်ပျော
Musa acuminata 'Red Dacca'
တန်ဇန်းနီးယားနိုင်ငံမှ အသီးနှင့် အပွင့်များရှိနေသော ရွှေငှက်ပျောပင် တစ်ပင်
မျိုးစိတ်Musa acuminata
စိုက်ပျိုးပင်အုပ်စုAAA Group
စိုက်ပျိုးပင်'Red Dacca'
မူလအရှေ့တောင်အာရှ
ဂွာတီမာလာနိုင်ငံရှိ ​ဈေးတစ်ခုတွင် ရောင်းချနေသော ရွှေငှက်ပျောသီးများ
အရှည်လိုက်နှင့် အပိုင်းလိုက်ဖြတ်ထားသော ​ရွှေငှက်​ပျောသီးများ

ရွှေငှက်ပျောသည် နီညိုရောင်အရေခွံရှိသော ငှက်ပျော မျိုးကွဲအုပ်စုဖြစ်သည်။ အချို့မှာ သာမန် သီးမွှေး ငှက်ပျောသီးထက် သေးငယ်ပြီး အချို့မှာ ပိုကြီးသည်။ ရွှေငှက်ပျောသီးစိမ်းသည် မှည့်သောအခါတွင် ခရင်မ်ရောင်မှ ပန်းရောင်သမ်းသော အသားတစ်ခုရှိသည်။ ၎င်းတို့သည် အဝါရောင် သီးမွှေးငှက်ပျော မျိုးကွဲများထက် ပျော့ပျောင်းပြီး ပို၍ ချိုပြီး၊ အချို့မှာ ရတ်စ်ဘယ်ရီ အရသာရှိပြီး အချို့မှာ မြေကြီးရောင်ဖြစ်သည်။ ရွှေငှက်ပျောသီးအများအပြားကို အရှေ့အာဖရိက၊ အာရှ၊ တောင်အမေရိကနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ရှိ ထုတ်လုပ်သူများက နိုင်ငံရပ်ခြားသို့ တင်ပို့ရောင်းချကြသည်။ ၎င်းတို့သည် ဗဟိုအမေရိကတွင် လူကြိုက်များသော ငှက်ပျောသီးဖျော်ရည်တစ်မျိုးအဖြစ် ပြုလုပ်ရောင်းချကြပြီး[၁] [၂] အိန္ဒိယတွင် မျိုးဖောက်ခြင်းကိုသာ အဓိကပြုလုပ်သော်လည်း ကမ္ဘာတစ်ဝှမ်းသို့လည်း တင်ပို့ရောင်းချသည်။

မျိုးရိုးခွဲခြားခြင်း နှင့် အမည်ပေးခြင်း[ပြင်ဆင်ရန်]

ရွှေငှက်ပျောသည် AAA အဖွဲ့တွင်ပါဝင်သော တောရိုင်းငှက်ပျောမျိုးဖြစ်သည့် Musa acuminata ၏ သုံးဆမျှသော မျိုးစပ်ဖြစ်သည်။[၃]

၎င်း၏တရားဝင်အမည်မှာ Musa acuminata (AAA Group) 'Red Dacca' ဖြစ်သည်။[၄][၅]

အခြားသော မျိုးရိုးခွဲခြားမှုဆိုင်ရာ အမည်ကွဲများမှာ အောက်ပါအတိုင်းဖြစ်သည် -

  • Musa acuminata Colla (AAA Group) cv. 'Red'
  • Musa sapientum L. f. rubra Bail.
  • Musa sapientum L. var. rubra (Firm.) Baker
  • Musa rubra Wall. ex Kurz.
  • တမေး နဒူးဒေသမှ ရွှေငှက်ပျောသီး
    Musa × paradisiaca L. ssp. sapientum (L.) Kuntze var. rubra
  • Musa acuminata Colla (AAA Group) cv. 'Cuban Red'
  • Musa acuminata Colla (Cavendish Group) cv. 'Cuban Red'
  • Musa acuminata Colla (AAA Group) cv. 'Red Jamaican'
  • Musa acuminata Colla (AAA Group) cv. 'Jamaican Red'
  • Musa acuminata Colla (AAA Group) cv. 'Spanish Red'.

ရွှေငှက်ပျောအား အင်္ဂလိပ်ဘာသာစကားတွင် -

  • Red dacca (ဩစတြေးလျ)
  • Red banana
  • 'Red' banana (အမေရိကန်ပြည်ထောင်စု)
  • Claret banana
  • Cavendish banana "Cuban Red"
  • Jamaican red banana နှင့်
  • Red Cavendish banana

ဟူ၍ အသီးသီး ခေါ်ဝေါ်သုံးနှုန်းကြသည်။

ဖော်ပြချက်[ပြင်ဆင်ရန်]

ရွှေငှက်ပျောသီး အမှည့်တစ်ဖီးပုံ

ရွှေငှက်ပျောသီးများမှည့်သောအခါတွင် အနီရောင် သို့မဟုတ် အမဲရောင် အခွံပါရှိပြီး အနာအဆာမပါသည့် အနည်းငယ်ပျော့ပြောင်းမှုရှိသော အသီးသည် စားသုံးရန် အကောင်းဆုံးဖြစ်သည်။ ဤအမျိုးအစားသည် အဝါရောင်ငှက်ပျောသီးထက် ဘီတာကယ်ရိုတင်းနှင့် ဗီတာမင် စီ ပို၍ကြွယ်ဝသည်။ ပိုတက်စီယမ်နဲ့ သံဓာတ်လည်း ပါဝင်သည်။ အသီးများ၏ အရောင်မှာ ပို၍နီလေလေ၊ ကယ်ရိုတင်းပါဝင်မှုပိုများလေဖြစ်ပြီး၊ ဗီတာမင် စီ လည်း ပို၍ကြွယ်ဝလေဖြစ်သည်။[၆] အဝါရောင်ငှက်ပျောသီးကဲ့သို့ပင်၊ အနီရောင်ငှက်ပျောသီးများသည် အခန်းအပူချိန်တွင် ရက်အနည်းငယ်အတွင်းမှည့်လာမည်ဖြစ်ပြီး ရေခဲသေတ္တာအပြင်ဘက်တွင် သိမ်းဆည်းပါက အကောင်းဆုံးဖြစ်သည်။

လူစားများသော သီးမွှေးငှက်ပျောသီးများနှင့် နှိုင်းယှဉ်ပါက ရွှေငှက်ပျောသီးသည် သေးငယ်ပြီး မွှေးသောအရသာရှိကာ အခွံအနည်းငယ်ပိုထူပြီး အဝါရောင်ငှက်ပျောသီးထက် သက်တမ်းလည်း ပိုရှည်ကြသည်။ ၎င်းတို့သည် အဝါရောင်ငှက်ပျောသီးများထက် ထုတ်လုပ်တင်ပို့မှု ပိုနည်းသောကြောင့် တစ်ပေါင်လျှင် ဈေးနှုန်း ၅၀% ခန့် ပိုပေး၍ ဝယ်ယူရလေ့ရှိသည်။

အသုံးပြုမှုများ[ပြင်ဆင်ရန်]

ရွှေငှက်ပျောသီးကို အဝါရောင်ငှက်ပျောသီးကဲ့သို့ အခွံနွှာပြီး စားသုံးကြသည်။ ၎င်းတို့ကို အစိမ်းလိုက်၊ အလုံးလိုက် သို့မဟုတ် ခုတ်ထစ်ကာ အချိုပွဲများနှင့် သီးစုံပွဲများတွင် စားသုံးလေ့ရှိသော်လည်း မီးဖုတ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ စားသုံးနိုင်သည်။ အချို့ဒေသများတွင် ရွှေငှက်ပျောသီးကို အခြောက်လှန်း၍လည်းရောင်းချလေ့ရှိသည်။

ရွှေငှက်ပျောသီးမှာ အဝါရောင်ငှက်ပျောသီးမျိုးများထက် ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် စီ ပို၍ကြွယ်ဝစွာပါဝင်လေသည်။[ကိုးကားချက်လိုသည်] ငှက်ပျောသီးအားလုံးတွင် သကြားဓာတ် သုံးမျိုးဖြစ်သော ဆူးခြို့ဖရူးတို့စ် နှင့် ဂလူးကို့ ဓာတ်များပါရှိကြသည်။

ရွှေငှက်ပျောသီးများကို အမေရိကန်ပြည်ထောင်စုရှိ စူပါမားကတ်ကြီးများတွင် တစ်နှစ်ပတ်လုံး ရရှိနိုင်သည်။[၇]

ကျရောက်တတ်သော ရောဂါများ[ပြင်ဆင်ရန်]

ဆက်လက်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Red Banana: the Curious and Colourful Superfood
  2. Bananas: Red Bananas Description and Facts
  3. Michel H. Porcher (2002-07-19)။ Sorting Musa names။ The University of Melbourne။ 11 January 2011 တွင် ပြန်စစ်ပြီး။
  4. Edible Medicinal And Non Medicinal Plants: Volume 3, Fruits။ 10 February 201212 January 2020 တွင် ပြန်စစ်ပြီး
  5. Banana Varieties။ 12 January 2020 တွင် ပြန်စစ်ပြီး။
  6. Red Bananas Fruit Profile။ Chiquita Bananas။ 18 January 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 December 2022 တွင် ပြန်စစ်ပြီး။
  7. John V McAree (1953) The Cabbagetown Store (Toronto: Ryerson Press) p. 19.
  8. ENCANTO FARMS