ရုရှား တပ်မတော်

ဝီကီပီးဒီးယား မှ
Russian President Vladimir Putin and Defence Minister Sergey Shoygu at the Moscow Victory Day Parade, 9 May 2013
Ratnik infantry combat system in recon variant and AFV crew individual protection kit Ratnik-ZK

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တပ်မတော်(ရုရှား: Вооружённые си́лы Росси́йской Федера́ции, tr. Vooruzhonnije síly Rossíyskoj Federátsii)အား များသောအားဖြင့် ရုရှား တပ်မတော်ဟု ဆိုကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံစစ်အင်အားစုအဖြစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ဘော့ရစ် ယဲ့ဆင်သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအား တည်ထောင်သည့် သမ္မတအမိန့်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှား၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရုရှား ဆိုဗီယက် ဖက်ဒရယ်ဆိုရှယ်လစ် သမ္မနိုင်ငံ၏ နယ်နိမိတ်အတွင်းရှိ ဆိုဗီယက်တပ်မတော်အားလုံးနေရာတွင် အစားထိုးချထားခဲ့သည်။[၁] ရုရှားတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်မှာ ရုရှားသမ္မတဖြစ်သည်။ ရုရှားတပ်မတော်အား ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ရုရှားတပ်မတော်သည် ဥရောပတွင် အင်အားအကြီးမားဆုံးသော တပ်မတော်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံးတပ်မတော်များထဲမှ တစ်ခုလည်း ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Credit Suisse ဘဏ်လုပ်ငန်း၏ လေ့လာချက်များအရ ရုရှားသည် ကမ္ဘာ‌ပေါ်ရှိ ဒုတိယမြောက် အင်အားအကြီးဆုံး တပ်မတော်ကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။[၂] ရုရှားတပ်မတော်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်များ အများဆုံးပိုင်ဆိုင်သော တပ်မတော်လည်း ဖြစ်သည်။[၃]

ရုရှားဖက်ဒရယ်ဥပဒေ၏ အောက်၌ ရုရှားတပ်မတော်သည် ဖက်ဒရယ်လုံခြုံရေးဌာန(Federal Security Service (FSB))၏ နယ်ခြားစောင့် တပ်ဖွဲ့များ၊ အမျိုးသား အစောင့်တပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဖက်ဒရယ်ကာကွယ်ရေးဌာန(Federal Protective Service (FSO))၊ နိုင်ငံရပ်ခြား ထောက်လှမ်းရေးတာဝန်(Foreign Intelligence Service (SVR))နှင့် လူထုကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ်၏ အကျိုးဆက်များအား ရှင်းလင်းရေးဝန်ကြီးဌာန( Ministry for Civil Defence, Emergencies and Elimination of Consequences of Natural Disasters) တို့နှင့်အတူ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ၏ တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင် စစ်ဖက်တာဝန်များအား ထမ်းဆောင်သည်။

တပ်ဖွဲ့ခွဲများ[ပြင်ဆင်ရန်]

ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ရုရှားတပ်မတော်ကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။

  • ရုရှားတပ်မတော်၏ တပ်မတော်အခွဲ ၃ ခု(вида вооружённых сил)ဖြစ်သည့် ကြည်းတပ်မတော်(Ground Forces)၊ လေကြောင်းနှင့် အာကာသတပ်မတော်(Aerospace Forces)၊ ရေတပ်မတော်(Navy)
  • သီးခြား တပ်ဖွဲ့ခွဲ(Отдельные рода войск) နှစ်ခုဖြစ်သော မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့(Strategic Missile Forces)၊ လေကြောင်းချီတပ်ဖွဲ့(Airborne Forces)
  • အထူးတပ်မတော်(Спецназ вооружённых сил)ဖြစ်သော အထူးစစ်ဆင်ရေးအဖွဲ့(Special Operations Forces)
  • သီးခြားတာဝန်ဖြင့် တည်ရှိသော ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့(Logistical Support) တို့ဖြစ်သည်။

ထို့ပြင် အမျိုးသား အစောင့်တပ်ဖွဲ့(National Guard)နှင့် နယ်ခြားစောင့်တပ်ဖွဲ့(Border Service)ဟူ၍ သီးခြားတပ်ဖွဲ့ခွဲ ၂ ခုရှိသေးသည်။ ထိုတပ်ဖွဲ့တို့သည် “တပ်မတော်”ဟုသော အမည်နာမအောက်တွင် တရားဝင်တည်ရှိသော်ငြား ရုရှားဖက်ဒရေးရှင်းနိုင်ငံ တပ်မတော် စစ်ဦးစီးချုပ် ၏ တရားစီရင်ပိုင်ခွင့်၏ ပြင်ပ၌ တည်ရှိနေသည်။ အမျိုးသား အစောင့်တပ်ဖွဲ့သည် ယခင် ရုရှားနိုင်ငံ ပြည်ထဲရေးတပ်ဖွဲ့အား အခြေခံ၍ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တပ်ဖွဲ့သစ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ အထူးတာဝန်ဖြင့် ခွဲထုတ်၍ သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံသမ္မတ၏ လက်အောက်တွင် တိုက်ရိုက်အမိန့်အား လိုက်နာဆောင်ရွက်သည်။ နယ်ခြားစောင့်တပ်ဖွဲ့သည် နိုင်ငံတွင် စုံစမ်းထောက်လှမ်းရေးအဖွဲ့ဖြစ်သော ဖက်ဒရယ်လုံခြုံရေးဌာနလက်အောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့အစည်းနှစ်ခုလုံးသည် ၎င်းတို့၏ အဓိက ငြိမ်းချမ်းစဉ် လှုပ်ရှားဆောင်ရွက်မှုများအပြင် သိသာထင်ရှားသော စစ်ဆင်ရေးအတွေ့အကြုံများလည်း ရှိထားပြီး ၎င်းတို့၏ သီးခြား ကြည်းတပ်၊ လေတပ်နှင့် ရေတပ်ဖွဲ့ဝင်များဖြင့် ဆောင်ရွက်လုပ်ကိုင်ကြခြင်း ဖြစ်သည်။


စစ်မှုထမ်းအရေအတွက်သည် ရုရှားနိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ဖွဲ့စည်းခြင်းဖြစ်သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စစ်သည် ၁,၁၃၄,၈၀၀ ဦးအပါအဝင် စစ်မှုထမ်း ၂,၀၁၉,၆၂၉ ဦးရှိသည်။[၄] ၂၀၁၀ ခုနှစ်တွင် International Institute for Strategic Studies (IISS) ၏ ခန့်မှန်းချက်များအရ ရုရှားတပ်မတော်တွင် လက်ရှိထမ်းဆောင်ဆဲ ၁,၀၂၇,၀၀၀ ဦးခန့် ရှိနိုင်ပြီး အရန်တပ်ဖွဲ့မှာ ၂,၀၃၅,၀၀၀ ဦး(အများစုမှ စစ်မှုမထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ခဲ့ကြခြင်း)ခန့်ရှိနိုင်သည်။[၅] အမိန့်ဥပဒေဖြင့် စစ်မှုထမ်း‌အရေအတွက် သတ်မှတ်မှုအပြင် ရုရှားနိုင်ငံ စာရင်းစစ်ဌာနမှ ထုတ်ပြန်သော ဝန်ထမ်းလစာစာရင်းအရ အမှန်တကယ် စစ်မှုထမ်းဆောင်သူအရေအတွက်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ၇၆၆,၀၀၀ ဦးရှိသည်။[၆][၇]

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့အစည်း၏ လေ့လာချက်များအရ ၂၀၀၅-၂၀၀၉ နှင့် ၂၀၁၀-၂၀၁၄ ခုနှစ်အပိုင်းအခြားအတွင်းတွင် ရုရှားနိုင်ငံ၏ အဓိကလက်နက်တင်ပို့မှုမှာ ၃၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။[၈] ၂၀၁၅ ခုနှစ်၌ ရုရှားနိုင်ငံသည် စစ်ရေးအသုံးစရိတ်သည် ဒေါ်လာ ၆၆.၄ ဘီလီယံထိ သုံးစွဲခဲ့ပြီး[၉] ၂၀၁၆ ခုနှစ်တွင် ဒေါ်လာ ၆၉.၂ ဘီလီယံအထိ သုံးစွဲခဲ့ရာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပြီးလျှင် တတိယမြောက် စစ်သုံးစရိတ် မြင့်မားသော နိုင်ငံဖြစ်လာခဲ့သည်။[၁၀] ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ရုရှားတပ်မတော်တွင် ခေတ်မှီလက်နက်များ သုံးစွဲမှုသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် မတူကွဲပြားသော တပ်ဖွဲ့များတွင် ၂၆ ရာခိုင်နှုန်းမှ ၄၈ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး[၁၁] ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ၃၀.၅ - ၇၀.၇ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။[၁၂] ထိုပျမ်းမျှနှုန်းသည် ၂၀၁၉ ခုနှစ်အကုန်တွင် ၆၈.၂ ရာခိုင်နှုန်းကျော်လွန်လာခဲ့သည်။[၁၃][၁၄]

သမိုင်း[ပြင်ဆင်ရန်]

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဆိုဗီယက်ယူနီယံ တရားဝင်ပြိုကွဲသွားပြီးနောက် ဆိုဗီယက်တပ်မတော်ကိစ္စရပ်သည် မပြီးပြတ်သေးသော ကိစ္စအဖြစ် ကျန်ရှိခဲ့သည်။ နောက်ထပ် တစ်နှစ်ခွဲခန့်အကြာထိ အမျိုးမျိုးသော ရည်ရွယ်ချက်များနှင့် တပ်မတော်၏ ညီညွတ်မှုကို ထိန်းသိမ်းထားလိုသောကြောင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့ (Commonwealth of Independent States(CIS))၏ တပ်မတော်အဖြစ် ပြောင်းလဲရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ အချိန်ကာလတစ်ခုကုန်လွန်ပြီးသည့်နောက်တွင် စစ်ရေးဆိုင်ရာ ကန့်သတ်ထိန်းချုပ်ထားသည့်အရာများအား လွတ်လပ်လာသော နိုင်ငံသစ်များအကြားတွင် နိုင်ငံအချင်းချင်း သဘောတူစာချုပ်အဆင့်ဆင့်ဖြင့် ခွဲဝေနေစဉ်အတွင်း၌ပင် လွတ်လပ်ရေးရရှိလာသော သမ္မတနိုင်ငံသစ်များတွင် တည်ရှိသော တပ်များသည် ၎င်းတို့၏ အမျိုးသားအစိုးရသစ်များအပေါ်တွင် သစ္စာစောင့်သိ၍ သွားကြသည်။[၁၅]

အမျိုးသား အစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်မှုအား ကြေညာခြင်းအပါအဝင် ၁၉၉၂ ခုနှစ် မတ်လ မတိုင်မီ တစ်ခုတည်းသော လွတ်လပ်သည့် ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် ထင်ရသည့် ယခင်ဆိုဗီယက်ပြည်တွင်းတပ်ဖွဲ့များနှင့် ကေဂျီဘီ နယ်ခြားစောင့် တပ်ဖွဲ့များအား ထိန်းချုပ်ခြင်းအား ရုရှားအစိုးသစ်မှ ပြုလုပ်ခဲ့သည်။[၁၆] ၁၉၉၅ ခုနှစ် မတိုင်မီထိ အမျိုးသား အစောင့်တပ်ဖွဲ့အား စုစုပေါင်း အင်အား ၁ သိန်းထက်မပိုပဲ အင်အား ၃၀၀၀ မှ ၅၀၀၀ စီရှိသော အနည်းဆုံး တပ်မဟာ ၁၁ ခု တည်ထောင်ရန် ရည်ရွယ်ခဲ့သည်။ အမျိုးသား အစောင့်တပ်ဖွဲ့၏ တပ်အင်အားစုများကို မော်စကိုမြို့အပါအဝင် အရေးပါသော မြို့များနှင့် ဒေသများ စုစုပေါင်း ဒေသ ၁၀ ခုအထိ တပ်ဖြန့်ထားရှိခဲ့သည်။ ၁၉၉၁ ခုနှစ် စက်တင်ဘာလကုန်အရောက်တွင် ဆိုဗီယက်တပ်မတော်မှ စစ်မှုထမ်းဟောင်းများပါဝင်လာရာ မော်စကိုမြို့တွင် အမျိုးသား အစောင့်တပ်ဖွဲ့သည် အင်အား ၁၅,၀၀၀ ခန့်ထိ ရှိလာခဲ့သည်။ အဆုံး၌ သမ္မတ ယဲ့ဆင်သည် ရုရှားအစောင့်တပ်ဖွဲ့၏ ယာယီဖွဲ့စည်းမိန့်ကို ထုတ်ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း အကောင်အထည် ပေါ်မလာခဲ့ပေ။[၁၇]

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဗျဲလာဗဲ့ရှ် သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးနောက် ထိုသဘောတူညီချက်မှ ပေါ်ပေါက်၍ လာခဲ့သော ဓနသဟာယနိုင်ငံသစ်၏ နိုင်ငံများသည် မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့အပါအဝင် ၎င်းတို့နိုင်ငံပိုက်နက်အတွင်းရှိ တပ်ဖွဲ့များနှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် မာရှယ် ယဲ့ဗ်ဂဲညီး ရှာပိုးရှနီးကော့ဗ်(Yevgeny Shaposhnikov)အား အကြိုညှိနှိုင်းသဘောတူညီချက်တွင် လက်မှတ်ရေးထိုး၍ ယာယီခန့်ထားခဲ့သည်။ ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ရှာပိုးရှနီးကော့ဗ်သည် ဓနသဟာယနိုင်ငံများ တပ်မတော်၏ ဦးစီးချုပ်အဖြစ်သို့ တရားဝင် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ရုရှားဖက်ဒရေးရှင်းတပ်မတော်သည် မဟာမိတ်ကွပ်ကဲမှုဌာနချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနအား ထိန်းချုပ်ကွပ်ကဲမှုရနိုင်မည့် အမိန့်ဒီဂရီအား လက်မှတ်ရေးထိုးခဲ့ပြီး ထိုတပ်မတော်၏ အကြီးအကဲမှာ သမ္မတဖြစ်သည်။ အဆုံး၌ ၁၉၉၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ယဲ့ဆင်သည် ရုရှားတပ်မတော် ထူထောင်သည့်အမိန့်အား လက်မှတ်ရေးထိုးခဲ့ပြီးနောက် ထိုတပ်မတော်၏ ဦးစီးချုပ်တာဝန်အား သမ္မတမှ တာဝန်ယူခဲ့သည်။[၁၈]

၁၉၉၂ ခုနှစ် မေလတွင် ဗိုလ်ချုပ်ကြီး ပါဗျယ် ဂရာချော့ဗ်သည် ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီး ထိုတာဝန်ဖြင့် ရုရှားနိုင်ငံ၏ ပထမဆုံးသော စစ်ဦးစီးချုပ်ဖြစ်၍လာခဲ့သည်။ ၁၉၉၃ ခုနှစ်၏ ဩဂုတ် သို့မဟုတ် ဒီဇင်ဘာလလောက်တွင် ဓနသဟာယနိုင်ငံများ တပ်မတော်ဖွဲ့စည်းပုံမှ ဓနသဟာယနိုင်ငံများ ပူးပေါင်းဆောင်ရွက်သော တပ်မတော်ဖွဲ့စည်းပုံအဖြစ်သို့ရောက်ရှိသွားပြီး ထိုဓနသဟာယနိုင်ငံများအပေါ်၌ လွှမ်းမိုးထားနိုင်မှု ကျဆင်းခဲ့ရသည်။[၁၉]

နောင်နှစ်အနည်းငယ်အကြာတွင် ဗဟိုနှင့် အရှေ့ဥရောပ၊ ထို့အတူ လွတ်လပ်လာသော ဆိုဗီယက်ခေတ်လွန် သမ္မတနိုင်ငံအချို့မှ ရုရှားတပ်ဖွဲ့များ ရုပ်သိမ်းခဲ့သည်။ နေရာအများစု၌ တပ်ဖွဲ့များ ရုပ်သိမ်းခြင်းသည် တစုံတရာ ပြဿနာပေါ်ပေါက်ခြင်း မရှိခဲ့သော်လည်း အငြင်းပွားဖွယ်နေရာအချို့ဖြစ်သည့် ခရိုင်းမီးယားဒေသရှိ စီဗာစတာပိုလ် ရေတပ်စခန်းဌာနချုပ်၊ အာဘ်ခါဇီးယား၊ တောင် အာဆက်တီးယားနှင့် ထရန့်စနီစတီးယားဒေသတို့ရှိ စစ်အခြေစိုက်စခန်းများကို ရုပ်သိမ်းခြင်းမပြုပဲ ဆက်လက်ထားရှိခဲ့သည်။ ရုရှားတပ်မတော်တွင် နိုင်ငံရပ်ခြားတိုင်းပြည်များ၌ များစွာသော စစ်အခြေစိုက်စခန်းများ ရှိပြီး အများစုမှာ ယခင်ဆိုဗီယက်နိုင်ငံဟောင်းများတွင် တည်ရှိသည်။


၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းလိုက်သော စစ်ဘက်ဆိုင်ရာ မူဝါဒသစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်မပါဝင်ပဲ ယခင်ဆိုဗီယက်တပ်မတော်ဟောင်းအား လျော့ချခြင်းဖြင့် ဒေသတွင်း စွမ်းအားမြင့်သော တပ်မတော်အဖြစ်သို့ အသွင်းပြောင်းရင် အကြွင်းမဲအသိအမှတ်ပြုခဲ့သည်။ ဒေသတွင်း မတည်ငြိမ်မှုများ၏ အန္တရာယ်အား ရည်ရွယ်သော ထိုမူဝါဒကို သေးငယ်၊ ပေါ့ပါး၊ ပိုမိုရွေ့လျားနိုင်သော ရုရှားတပ်မတော်ဟု ခေါ်ပြီး တိုက်စွမ်းအားမြှင့်၍ လျင်မြန်စွာ တပ်ဖြန့်နိုင်စွမ်းရှိသော တပ်မတော်ဖြစ်စေရန် ရည်ရွယ်ခဲ့သည်။ ထိုကဲ့သို့သော ပြုပြင်ပြောင်းလဲမှုမျိုးသည် အောင်မြင်ရန် အလွန်ခတ်ခဲလှပါသည်။ ပါဗျယ် ဂရာချော့ဗ်(၁၉၉၂ မှ ၁၉၉၆ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ)လက်ထက်တွင် ပို၍ ရွေ့လျားတပ်ဖြန့်နိုင်သော တပ်မတော်အဖြစ် တည်ဆောက်ရန် စီမံကိန်းများ ချထားခဲ့သော်ငြား တပ်တွင်းပြုပြင်ပြောင်းလဲမှုအနည်းငယ်သာ ပြုလုပ်နိုင်ခဲ့သည်။ ၎င်းနောက် တာဝန်ထမ်းဆောင်ခဲ့သော ရာဂျီအိုနော့ဗ်(၁၉၉၆ မှ ၁၉၉၇ ခုနှစ်ထိ)လက်ထက်တွင် ကောင်းမွန်သော အဆင့်အတန်းများရှိခဲ့သော်လည်း အဆုံးသတ်ပြောင်းလဲမှုများကို စတင်ရန် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပေ။ ကာကွယ်ရေးဝန်ကြီး အီဂေါ် ဆဲဂီးယဲ့ဗ်(၁၉၉၇ မှ ၂၀၀၁ ခုနှစ်ထိ)လက်ထက်မှသာ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့များ တည်ဆောက်ရေးတွင် အာရုံစိုက်နိုင်ခဲ့သည့်အပြင် တိကျသေချာသော ကန့်သတ်ထားသည့် ပြောင်းလဲမှုအချို့ကို စတင်နိုင်ခဲ့သည်။[၂၀]

၂၀၀၈ ခုနှစ် တပ်မတော် ပြုပြင်ပြောင်းလဲမှုများ[ပြင်ဆင်ရန်]

၂၀၀၈ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားခဲ့သော ရုရှား-‌ဂျော်ဂျီယာစစ်ပွဲတွင် ရုရှားတပ်မ‌တော်တစ်ရပ်လုံး၏ ကျေနပ်ဖွယ်မရှိသော စွမ်းဆောင်ရည်အား ပြုပြင်နိုင်ရေးအတွက် သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်မည်ဟု ကာကွယ်ရေးဝန်ကြီး အနာတိုလီ ဆယ်ဒျူကော့ဗ်မှ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပြုပြင်ပြောင်းလဲမှု၏ အဓိကအချက်များကို ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ရာ ထိုအထဲတွင် ၂၀၁၂ ခုနှစ်တွင် စစ်အင်အား ၁ သန်းထိ လျော့ချရေး (စီမံချက်၏ ပြီးဆုံးမည့်နေ့စွဲမှာ ၂၀၁၆ ခုနှစ်တွင် ဖြစ်သည်)[၂၁] ၊ အရာရှိများအား လေ့ကျင့်သင်ကြားရေးတွင် ပိုမိုကောင်းမွန်စေရန်အတွက် တပ်မတော်ကျောင်း ၆၅ ခုမှ စည်းစနစ်ပြည့်ဝသော တပ်မတော် လေ့ကျင့်ရေးဗဟို ၁၀ ခုအဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းရေး၊ ဗဟိုကွပ်ကဲမှုဌာနချုပ်များ၏ အရွယ်အစား လျော့ချရေး၊ အရပ်သားထောက်ပံ့ပို့ဆောင်ရေးနှင့် အကူဝန်ထမ်းများအား စတင်အသုံးပြုရေး၊ အထူးလေ့ကျင့်ထားသော စစ်သည်တို့ဖြင့် ဖွဲ့စည်းထားသော တပ်ပေါင်းစုများ ဖျက်သိမ်းရေး၊ အရန်တပ်ဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းရေး၊ တပ်များအား တပ်မဟာစနစ်သို့ ပြန်လည်ဖွဲ့စည်းရေး၊ လေတပ်ဖွဲ့အား လေကြောင်းဆိုင်ရာ တပ်ရင်းကြီးများမှ လေတပ်စခန်းဌာနချုပ်များသို့ ပြန်လည်ဖွဲ့စည်းရေးတို့ ပါဝင်သည်။[၂၂] ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ဒူးမားလွှတ်တော်မှ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌဖြစ်သူမှ RIA Novosti သတင်းဌာနသို့ ပြောကြားခဲ့မှုတွင် ရုရှားနိုင်ငံသည် နှစ်စဉ်ကာကွယ်ရေးဘဏ္ဍာငွေအား တိုးမြှင့်သွားရန် စီစဉ်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၆၁ ဘီလီယံဒေါ်လာ အသုံးပြုရာမှ ၂၀၁၅ ခုနှစ်တွင် ၈၃.၃ ဘီလီယံအထိ တိုးမြှင့်သွားရန် ရည်ရွယ်ခဲ့သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် ဂျီဒီပီ၏ ၂၀၁၃ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်း၊၂၀၁၄ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းနှင့် ၂၀၁၅ ခုနှစ်တွင် ၃.၇ ရာခိုင်နှုန်းထိ သုံးစွဲရန် ရည်ရွယ်ကြောင်း ကာကွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဗလာဒီမီယာ ကာဗာရဲဗဒေါ့ဗ်သည် ၂၀၁၃-၂၀၁၅ ခုနှစ် ရန်ပုံငွေမူကြမ်း‌ရေးဆွဲပွဲ၏ အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။[၂၃]

အောက်တွင် ဖော်ပြထားသော ဇယားနှင့်အညီ တပ်ဖွဲ့အရေအတွက်အား လျော့ချသွားရန် ရည်ရွယ်ခဲ့သည်[၂၄] -

တပ်ဖွဲ့များ ၂၀၀၈ ၂၀၁၂ လျော့ချမည့်နှုန်း
ကြည်းတပ် ၁,၈၉၀ ၁၇၂ -၉၀ %
လေတပ် ၃၄၀ ၁၈၀ -၄၈ %
ရေတပ် ၂၄၀ ၁၂၃ -၄၉ %
မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့ ၁၂ -၃၃ %
အာကာသတပ်ဖွဲ့ -၁၅ %
လေကြောင်းချီတပ်ဖွဲ့ 6 5 -17 %
ဗော့စတော့ခ် ၂၀၁၈ စစ်ရေးလေ့ကျင့်ခန်းတွင် ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် (အလယ်)သည် ကာကွယ်ရေးဝန်ကြီး ဆီဂရဲရီ ရှိုးအီဂူနှင့် စစ်ဦးစီးချုပ် ဗာလေရီ ဂရာစီမော့ဗ်တို့နှင့် တွေ့ဆုံစဉ်

တပ်မတော်ပြုပြင်ပြောင်းလဲရေး၏ အစိတ်အပိုင်းအဖြစ် အရွယ်အစားလျော့ချခြင်းမှာ အရေးကြီးဆုံးသော အစိတ်အပိုင်းအဖြစ် ပါဝင်ခဲ့သည်။ ပြုပြင်ပြောင်းလဲရေး၏ ကနဦးကာလ၌ ရုရှားတပ်မတော်တွင် စစ်မှုထမ်းဆောင်ဆဲ စစ်မှုထမ်းအရေအတွက်မှာ ၁,၂၀၀,၀၀၀ ခန့်ရှိသည်။ စစ်အင်အား လျော့ချခြင်းတွင် အရာရှိအရေအတွက် များစွာ လျော့ချခြင်းပြုလုပ်ခဲ့သည်။ ရည်မှန်းထားသော လျော့ချမည့် စစ်မှုထမ်းအရေအတွက်မှာ အောက်ပါဇယားအတိုင်းဖြစ်သည်။[၂၄]

အဆင့် ၁ စက်တင်ဘာ ၂၀၀၈ ၁ ဒီဇင်ဘာ ၂၀၀၉ ၂၀၁၂ ခုနှစ်အတွက် ရည်မှန်းချက် လျော့ချနှုန်း
ဗိုလ်ချုပ်/Admiral ၁,၁၀၇ ၇၈၀ ၈၇၇ −၂၀.၈ %
ဗိုလ်မှူးကြီး/Captain 1st Rank ၂၅,၆၆၅ ၉,၁၁၄ −၆၄.၅ %
ဒုတိယဗိုလ်မှူးကြီး/Captain 2nd Rank ၁၉,၃၀၀ ၇,၅၀၀ −၆၁ %
ဗိုလ်မှူး/Captain 3rd Rank ၉၉,၅၅၀ ၂၅,၀၀၀ −၇၅ %
ဗိုလ်ကြီး/Captain Lieutenant ၉၀,၀၀၀ ၄၀,၀၀၀ −၅၆ %
First Lieutenant/Senior Lieutenant ၃၀,၀၀၀ ၃၅,၀၀၀ +၁၇%
ဗိုလ် ၂၀,၀၀၀ ၂၆,၀၀၀ +၃၀%
စုစုပေါင်း အရာရှိ ၃၆၅,၀၀၀ ၂၂၀,၀၀၀ −၄၀ %
Praporshchik/Warrant Officer ၉၀,၀၀၀ −၁၀၀ %
အရာခံဗိုလ် ၅၀,၀၀၀, −၁၀၀ %

မျှော်မှန်းထားသော လျော့ချမည့် အရာရှိအရေအတွက် စုစုပေါင်းမှာ ၃၃၅၀၀၀ မှ ၁၅၀၀၀၀ ထိဖြစ်သော်လည်း ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းတွင် ကာကွယ်ရေးဝန်ကြီး အနာတိုလီ ဆာဒျူ‌ကော့ဗ်မှ ယခင်လျာထားချက်အား ဖျက်သိမ်း၍ အရာရှိအရေအတွက်အား ၇၀၀၀၀ မှ ၂၂၀၀၀၀ ထိ တိုးမြှင့်မည်ဟု ကြေညာခဲ့သည်။[၂၅]

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

ရုရှားတပ်မတော်၏ အုပ်ချုပ်ကွပ်ကဲမှုတာဝန်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံသည်။ ဆိုဗီယက်ခေတ်တွင် စစ်ဦးစီးချုပ်သည် ရုရှားတပ်မတော်အား အမိန်ပေးခြင်းနှင့် အုပ်ချုပ်ကွပ်ကဲခြင်းကို အဓိကပြုလုပ်သူဖြစ်ပြီး ထိုသည်ကို ရုရှားအရေးကျွမ်းကျင်သူ အမေရိကန်ဗိုလ်ချုပ်ကြီး ဝီလျံ အိုဒွန်မှ ကာကွယ်ရေးဝန်ကြီးဌာနမရှိသော ဆိုဗီယက်ဦးစီးချုပ်မှာ ဖြစ်တန်ကောင်းပြီး ကာကွယ်ရေးဝန်ကြီးဌာနသည် ဦးစီးချုပ်မရှိပဲနဲ့တော့ မဖြစ်နိုင်ဟု ၁၉၉၈ ခုနှစ်ပိုင်းလောက်က ပြောဆိုခဲ့ဘူးသည်။ သို့သော်လည်း လက်ရှိ စစ်ဦးစီးချုပ်နေရာမှာ ဝန်ကြီးဌာန၏ မဟာဗျူဟာမြောက်စီမံကိန်းဌာနတစ်ခုကဲ့သို့ပဲ လျော့ချထားပြီး ကာကွယ်ရေးဝန်ကြီးဖြစ်သော ဆီဂရဲရီ ရှိုးအီဂူသည် လက်ရှိတွင် တပ်ဖွဲ့ဝင်များအပေါ်တွင် အုပ်ချုပ်မှု အခွင့်အာဏာအား ရရှိထားသည်။ အခြားသော ညွှန်ကြားရေးမှူးရုံးများအဖြစ် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့၊ ရထားထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့နှင့် ဆောက်လုပ်ရေးတပ်ဖွဲ့တို့ ပါဝင်သည်။ လက်ရှိ စစ်ဦးချုပ်မှာ ဗိုလ်ချုပ်ကြီး ဗာလေရီ ဂရာစီမော့ဗ်ဖြစ်သည်။

ရုရှားတပ်မတော်အား ကြည်းတပ်၊ ရေတပ်နှင့် လေတပ်ဟူ၍ ကဏ္ဍ ၃ ခု ခွဲခြားထားသည်။ ထို့ပြင် မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့နှင့် လေကြောင်းချီတပ်ဖွဲ့ဟူ၍ သီးခြားလက်ရုံးတပ်ဖွဲ့ ၂ ခုလည်း ခွဲခြားထားသေးသည်။

စစ်ဒေသကြီးများ[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ်စာရင်းများအရ ရုရှားနိုင်ငံ၏ စစ်ဒေသကြီးများ
  အနောက်ပိုင်းစစ်ဒေသကြီး
  မြောက်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်
  တောင်ပိုင်းစစ်ဒေသကြီး
  အလယ်ပိုင်းစစ်ဒေသကြီး
  အရှေ့ပိုင်းစစ်ဒေသကြီး

၂၀၁၀ ခုနှစ်နှောင်းပိုင်းမှစ၍ ကြည်းတပ်များ၊ ထို့အတူ လေတပ်နှင့် ရေတပ်တို့ကို ဖော်ပြပါ စစ်ဒေသကြီးများဖြင့် ခွဲခြားထားသည်။

  • အနောက်ပိုင်းစစ်ဒေသကြီး
  • တောင်ပိုင်းစစ်ဒေသကြီး
  • အလယ်ပိုင်းစစ်ဒေသကြီးနှင့်
  • အရှေ့ပိုင်းစစ်ဒေသကြီးတို့ဖြစ်သည်။

ထိုစစ်ဒေသကြီးများနှင့်အတူ အနောက်၊ တောင်၊ အလယ်နှင့် အရှေ့ဟူ၍ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်(Joint Strategic Command) ၄ ခုဖွဲ့စည်းထားသည်။ ယခင် ၁၉၉၂ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကြည်းတပ်အား မော်စကိုစစ်ဒေသကြီး၊ လီနင်ဂရတ်စစ်ဒေသကြီး၊ မြောက်ကော့ကေးရှန်းစစ်ဒေသကြီး၊ ဗော်ဂါ-ယူရယ်စစ်‌ဒေသကြီး၊ ဆိုက်ဘေးရီးယားစစ်ဒေသကြီးနှင့် အရှေ့ဖျားစစ်ဒေသကြီးဟူ၍ စစ်ဒေသ ၆ ခုဖြင့် တပ်ဖြန့်ထားပြီး ကာလင်နင်ဂရတ်စစ်ဒေသအား ၁၉၉၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ခုနှစ်ထိ ဖွင့်လှစ်ခဲ့သည်။ ထိုစစ်ဒေသ ၇ ခုအား စစ်ဒေသ ၄ ခုအဖြစ်သို့ ပေါင်းစပ်ဖွဲ့စည်းခဲ့ပြီး ယခုအခါတွင် ထိုစစ်ဒေသတို့၌ လေတပ်နှင့် ရေတပ်တို့ကိုပါ ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။ ယခင် ထရန့်ကော့ကေးဆပ် တပ်ပေါင်းစု၏ အာမေးနီးယားနိုင်ငံ၌ ကျန်ရှိခဲ့သော တစ်ခုတည်းသော စစ်စခန်းဖြစ်သည် အမှတ် ၁၀၂ စစ်အခြေစိုက်စခန်းအား တောင်ပိုင်းစစ်ဒေသကြီးအတွင်းသို့ ပေါင်းစပ်ဖွဲ့စည်းခဲ့သည်။

၂၀၁၀ ခုနှစ် နှစ်လယ်ပိုင်းတွင် ပိုမိုတောင့်တင်းခိုင်မာမှုရှိစေရန် စစ်ဒေသကြီးများနှင့် ရေတပ်၏ သင်္ဘောစုများနှင့် ပေါင်းစပ်ပြီး မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်များအဖြစ် ပြင်ဆင်ဖွဲ့စည်းမှုအား ကြေညာခဲ့သည်။[၂၆] ၂၀၁၄ ခုနှစ်တွင် မြောက်ပိုင်းရေတပ်သင်္ဘောစုအား သီးခြား မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ပထဝီဝင်ဆိုင်ရာအရာ ခွဲခြားထားသော ကွပ်ကဲမှုဌာနချုပ် ၅ ခုမှာ-

  • အနောက်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - အနောက်ပိုင်း စစ်ဒေသကြီး(စိန့်ပီတာစဘတ်မြို့၌ ဌာနချုပ်ရှိ)၊ ဘောလ်တစ်ရေတပ်သင်္ဘောစုပါဝင်သည်။
  • မြောက်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - မြောက်ပိုင်းဒေသသင်္ဘောစု မဟာဗျူဟာမြောက်ကွပ်ကဲမှုဌာနချုပ် (ဆဲဗျဲရာမော့စ်မြို့၌ ဌာနချုပ်ရှိ)၊ မြောက်ပိုင်းဒေသသင်္ဘောစုပါဝင်သည်။
  • တောင်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနာချုပ် - တောင်ပိုင်းစစ်ဒေသကြီး(ရပ်စတော့ဗ် နာ ဒန်နူမြို့တွင် ဌာနချုပ်ရှိ)၊ ကက်စပီယံဗျူဟာရေယာဉ်စုပါဝင်သည်။
  • အလယ်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - အလယ်ပိုင်းစစ်ဒေသကြီး (ယဲ့ကာကျယ်ရင်ဘုဂ်မြို့တွင် ဌာနချုပ်ရှိ)။
  • အရှေ့ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ် - အရှေ့ပိုင်းစစ်ဒေသကြီး(ဟာဘာရာ့စ်မြို့တွင် ဌာနချုပ်ရှိ)၊ ပစိဖိတ်ရေတပ်သင်္ဘောစုပါဝင်သည်။

ထိုစီမံချက်အတိုင်း တပ်များအား ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တပ်ဖြန့်ချထားပြီး ထိုသည်မှာ ယခင် စစ်ဦးစီးချုပ်ဟောင်းဖြစ်သူ ယူရီ ဘာလူယဲ့ဗ်စကီး၏ မပြီးမြောက်ခဲ့သော အရှေ့ပိုင်းဒေသကွပ်ကဲမှုဌာနချုပ်ဖွဲ့စည်းရန် အဆိုပြုချက်အား အကောင်းအထည်ဖော်ခြင်းဖြစ်သည်။[၂၇] ကျန်ကွပ်ကဲမှုဌာနချုပ် ၄ ခုမှ သမ္မတ မစ်ဒဗျဲဂျဲ့၏ အမိန့်ဖြင့် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။[၂၈][၂၉] ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ရုရှားလေတပ်၏ ယခင်အထူးစစ်ဆင်ရေးဌာနချုပ်အား အခြေတည်၍ ဒုံးနှင့် အာကာသရန်ကာကွယ်ရေး မဟာဗျူဟာမြောက် စစ်ဆင်ရေးဌာနချုပ်အား တည်ထောင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် သမ္မတ၏ အမိန့်အာဏာဖြင့် ထိုအသစ်ဖွဲ့စည်းခဲ့သော ဌာနချုပ်များအတွက် တပ်မှူးများအား ခန့်အပ်ခဲ့သည်။[၃၀]

Globalsecurity.org ၏ စာရင်းများအရ ရုရှားနိုင်ငံ၏ စစ်ဖက်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ်များမှာ သမ္မတနှင့် စစ်ဦးစီးချုပ်အတွက် မော်စကိုမြို့တောင်ဘက် ၈၀ ကီလိုမီတာ(၅၀ မိုင်)အကွာရှိ ချက်ကော့/ရှာရာပိုဗာဒေသ၊ ပန်ဇာမြို့အနီးရှိ ချာအာဒါယဲ့ဗ်ကာဒေသ၊ မော်စကိုမြို့အနီးရှိ ဘာရိုနာဗာဒေသ၊ နိုင်ငံတော်ခေါင်းဆောင်းကြီးများအားလုံးအတွက် လီပျဲ့စ်မြို့ရှိ ဌာန၊ ယူရယ်ဒေသရှိ ယာမန်တာအူတောင်နှင့် မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့အတွက် ကွပ်ကဲမှုဌာနချုပ်များအဖြစ် မော်စကိုမြို့တွင် ကုဆယ်ဗာခရိုင်(ပင်မ)နှင့် ယူရယ်ဒေသတွင် ကော့စ်ဗင်းစကီးတောင်(‌ရွေ့လျား)တို့တွင် ထားရှိသည်ဟု ဆိုထားသည်။[၃၁] ထို့ပြင် မော်စကိုမြို့ရှိ ဘန်ကာအများစုကို အမှတ် ၂ အထူး မော်စကို မီသရိုလိုင်းဖြင့် ချိတ်ဆက်ထားနိုင်သည်ဟု မှန်းဆချက်များလည်း ရှိနေသည်။

ရုရှားနိုင်ငံ လုံခြုံရေးနှင့်ဆိုင်သော အဖွဲ့အစည်းများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ပြည်ထဲရေးတပ်ဖွဲ့ (နိုင်ငံတော်အစောင့်တပ်ဖွဲ့ဌာနချုပ်၏ ရုရှားအမျိုးသား အစောင့်တပ်ဖွဲ့)၊ ရုရှားနိုင်ငံ နယ်ခြားစောင့်ဌာန(ဖက်ဒရယ်လုံခြုံရေးဌာန၏ အစိတ်အပိုင်း)၊ ကရင်မလင်နန်းစောင့်တပ်ရင်းနှင့် ဖက်ဒရယ်ကာကွယ်ရေးဌာန၏ အစိတ်အပိုင်းများနှင့် အရေးပေါ်အခြေအနေ ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၁၉၉၅ ခုနှစ်မှစတင်ဖွဲ့စည်းခဲ့သော နိုင်ငံတော်၏ အရပ်ဖက်ကာကွယ်ရေးဌာနများနှင့် ယခင်တည်ရှိခဲ့သော အရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့မှ ပေါ်ပေါက်လာသော အဖွဲ့အစည်းများသည် ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင် မပါဝင်ပေ။

ရေတပ်သင်္ဘောစုများ[ပြင်ဆင်ရန်]

Map of naval bases, shipyards and spent fuel storage sites operated by the Northern Fleet

ရုရှားနိုင်ငံ၏ ရေတပ်တွင် ရေတပ်သင်္ဘောစု ၄ ခုနှင့် ဗျူဟာရေယာဉ်စု ၁ ခုတို့ ပါဝင်သည်။ ၎င်းတို့မှာ-

  • မြောက်ပိုင်းရေတပ်သင်္ဘောစု (ဆဲဗျဲရာမော့စ်မြို့၌ ဌာနချုပ်ရှိ)၊ သီခြား မဟာဗျူဟာမြောက်ကွပ်ကဲမှုဌာနချုပ်အဖြစ် ဖွဲ့စည်းထားသည်။
  • ဘောလ်တစ်ရေတပ်သင်္ဘောစု (သီးခြားနယ်မြေတစ်ခုဖြစ်သော ကာလင်နင်ဂရက်အောဗလက်ရှိ ကာလင်နင်ဂရတ်မြို့၌ ဌာနချုပ်ရှိ)၊ အနောက်ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။
  • ပင်လယ်နက်ရေတပ်သင်္ဘောစု (ဆီပတ်စတိုပိုမြို့တွင် ဌာနချုပ်၊ ထိုမြို့သည် အငြင်းပွားဖွယ်ရာဒေသဖြစ်သော ခရိုင်းမီးယားကျွန်းဆွယ်၌ တည်ရှိသည်)၊ တောင်ပိုင်းဒေသ မဟာဗျူဟာမြောက် ကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။
  • ပစိဖိတ်ရေတပ်သင်္ဘောစု (ဗလာဒီဗော့စတော့မြို့တွင် ဌာနချုပ်ရှိ)၊ အရှေ့ပိုင်းဒေသ မဟာဗျူဟာမြောက် ညှိနှိုင်းကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။
  • ကက်စပီယံဗျူဟာရေယာဉ်စု (အက်စထရာကန်မြို့တွင် ဌာနချုပ်ရှိ)၊ တောင်ပိုင်းဒေသ မဟာဗျူဟာမြောက် ကွပ်ကဲမှုဌာနချုပ်၏ လက်အောက်ခံဖြစ်သည်။

ကာလင်နင်ဂရက်အထူးဒေသသည် မြေပြင်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များပါ ဖွဲ့စည်းထားသော ဘောလ်တစ်ရေတပ်သင်္ဘောစု တပ်မှူး၏ ကွပ်ကဲမှုအောက်၌ တည်ရှိသည်။ ထိုတပ်ဖွဲ့သည် မော်တာရိုင်ဖယ်တပ်မဟာကြီး၊ Sulhoi Su-27 ‘Flanker’ တိုက်ခိုက်ရေးလေတပ်ရင်းနှင့် အခြားတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော ယခင် အမှတ် ၁၁ အစောင့်တပ်တော်ဖြစ်သည်။

ထို့အတူ ပျဲ့သရာပါလော့ဗ်-ကမ်ချထ်စကီးတွင် ဌာနချုပ်ရှိသော အရှေ့မြောက် တပ်နှင့်တပ်ဖွဲ့များအုပ်စုသည် ကမ်ချသကာကရိုင်းနှင့် ချူကော့သကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ရုရှားတပ်များအားလုံးဖြင့် ဖွဲ့စည်းထားပြီး ဗလာဒီဗော့စတော့တွင် ဌာနချုပ်ရှိသော ပစိဖိတ်ရေတပ်သင်္ဘောစု အုပ်ချုပ်သူတပ်မှူး၏ လက်အောက်တွင် ရှိသည်။

စစ်မှုထမ်း[ပြင်ဆင်ရန်]

၂၀၁၅ ခုနှစ် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား(မော်စကို)တွင် ချီတက်စစ်ရေးပြနေသော ရုရှား တပ်ဖွဲ့ဝင်များ
၂၀၁၅ ခုနှစ် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနား(မော်စကို)တွင် တွေ့ရသော ရုရှားတပ်ဖွဲ့ဝင်များ
Inspection of the 56th Guards Air Assault Brigade of the Russian Airborne Forces (2018).

ရုရှားနိုင်ငံတွင် စစ်မှုမထမ်းမနေရဥပဒေသည် အကျုံးဝင်နေဆဲဖြစ်ပြီး စစ်မှုထမ်းကာလမှာ ၁၂ လဖြစ်ပြီး သတ်မှတ်ထားသော အသက်အရွယ်မှာ ၁၈ နှစ်မှ ၃၃နှစ်ကြားဖြစ်သည်။ စစ်မှုထမ်းရွေ့ဆိုင်းခွင့်ကို ဘွဲ့ကြိုနှင့် ဘွဲ့ရကျောင်းသားများ၊ မသန်စွမ်းသော ဆွေမျိုးများအား ထောက်ပံ့နေရသော တစ်ဦးတည်းသာရှိသော သူများ၊ အနည်းဆုံးကလေးနှစ်ယောက်၏ မိဘများနှင့် သမ္မတ၏ ထုတ်ပြန်ချက်ပေါ်မူတည်သော အချို့ စစ်ဖက်နှင့်ဆက်နွယ်သော လုပ်ငန်းများမှ အလုပ်သမားအချို့တို့ဖြစ်သည်။ ပါရဂူဘွဲ့ရရှိပြီးသော ပုဂ္ဂိုလ်များ၊ စစ်မှုထမ်းဆောင်စဉ် ကျဆုံးခဲ့သော သို့မဟုတ် ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့သော တာဝန်ထမ်းဆောင်ခဲ့သောပုဂ္ဂိုလ်၏ သားနှင့် ညီအစ်ကိုများသည် စစ်မှုမထမ်းမဆောင်ရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။

ရုရှားစစ်တပ်အတွင်း၌ ကျယ်ပြန့်သော ပြဿနာတစ်ရပ်ရှိပြီး ၎င်းမှာ ဂျယ်ဒါဗ့်ရှီးနာဟုခေါ်သည့် အထက်အောက်အနိုင်ကျင့်မှုဖြစ်သည်။ ထိုသည်မှာ ဥပဒေအရ စစ်မှုထမ်းသူ ပထမနှစ်များအား ဥပဒေအရ စစ်မှုထမ်းသူ ဒုတိယနှစ်များက အနိုင်ကျင့်ကြခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် စစ်မှုထမ်းကာလအား ၂ နှစ်သို့ ပြောင်းလဲတိုးမြှင့်လိုက်ပြီးချိန်မှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။[၃၂] လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အန်နာ ပါလိထ်ကော့ဗ်စကားယားမှ “ပြီးပြည့်စုံသော တပ်ရင်းတစ်ခုဖြစ်တဲ့ လူ ၅၀၀ ကျော်သည် ရန်သူ့၏ သေနက်ဒဏ်ကြောင့်မဟုတ်ပဲ ထိုးနှက်မှုကြောင့် အသတ်ခံနေရသည်”ဟု ၂၀၀၂ ခုနှစ်တွင် ပြောဆိုခဲ့သည်။[၃၃] ဤပြဿနာအား တိုက်ဖျက်နိုင်ရန်အတွက် ၂၀၀၇ ခုနှစ်တွင် အမိန့်ဒီဂရီတစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီး စစ်မှုမထမ်းမနေရကာလအား ၂၄ လမှ ၁၈ လသို့ လျော့ချခဲ့သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်၌ ထိုကာလအား တစ်နှစ်အထိလျော့ချခဲ့သည်။[၃၄][၃၅]

ရုရှားတပ်မတော်၏ ၃၀ ရာခိုင်နှုန်းသော စစ်မှုထမ်းများသည် ၂၀၀၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် စာချုပ်ဖြင့် ချုပ်ဆိုထမ်းဆောင်ကြသူများဖြစ်သည်။[၃၆] နောင်မကြာမီကာလ၌ တပ်မတော်သည် စာချုပ်/ စစ်မှုမထမ်းမနေရဥပဒေဖြင့် ထမ်းဆောင်ကြသူများ ရော၍နေသော တပ်မတော်တစ်ခု ဖြစ်လာမည်ဖြစ်သည်။[၃၆] အကယ်၍ အမြဲတမ်းတပ်ဖွဲ့များသည် ၎င်းတို့ကိုယ်တိုင် လက်နက်ကိုင်ပဍိပက္ခကို မဟန့်တားနိုင် သို့မဟုတ် မဖိနှိပ်လျှင် အမြဲတမ်းတပ်ဖွဲ့အား ထောက်ပံ့ပေးနိုင်သော ရင်းမြစ်ရှိစေရန် ရုရှားတပ်မတော်အနေဖြင့်အရန်တပ်ဖွဲ့ဖွဲ့စည်းနိုင်ရန် လိုအပ်သည်။[၃၇] လက်ရှိအချိန်တွင် ရုရှားနိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရောဖက်ရှင်နယ်စစ်သားအရေအတွက်သည် စစ်မှုမထမ်းမနေရစစ်သည်အရေအတွက်ထက် များပြားနေကြောင်း ကာကွယ်ရေးဝန်ကြီး ဆီဂရဲရီ ရှိုးအီဂူသည် ၂၀၁၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် သတင်းမီဒီယာသို့ ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လတွင် ရုရှားတပ်မတော်၌ စာချုပ်ဖြင့် စစ်မှုထမ်းသူအရေအတွက် ၄၀၀,၀၀၀ နီးပါးရှိ၍နေသည်။ ကာကွယ်ရေးဝန်ကြီး ဆီဂရဲရီ ရှိုးအီဂူ၏ အဆိုအရ တပ်ရင်းကြီးနှင့် တပ်မဟာတိုင်းတွင် တပ်ရင်း ၂ ခုမှာ စာချုပ်ဖြင့် စစ်မှုထမ်းသူများဖြင့် ဖွဲ့စည်းထားပြီး ကျန်တပ်ရင်းတစ်ခုမှာ တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် မပါဝင်သော တပ်သားသစ်များဖြင့် ဖွဲ့စည်းထားသည်။ လက်ရှိအချိန်၌ တပ်မတော်ရှိ ဗျူဟာတပ်ရင်း ၁၃၆ ခုတွင် စာချုပ်ဖြင့် ချုပ်ဆိုသူများဖြင့် ဖွဲ့စည်းထားသည်။[၃၈] ၂၀၂၀ ခုနှစ် မတ်လတွင် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် စစ်မှုထမ်းသူ ၂၂၅,၀၀၀ ရှိပြီး စာချုပ်ဖြင့် စစ်မှုထမ်းသူအရေအတွက်မှာ ၄၀၅,၀၀၀ ရှိ၍နေသည်။[၃၉][၄၀]

ရုရှားတပ်မတော်၏ ရဲဘော်သစ်စုဆောင်းခြင်းတွင် လွတ်လပ်သော ဓနသဟာယနိုင်ငံများမှ ရုရှားလူမျိုးမဟုတ်သော နိုင်ငံသားများအတွက်လည်း ဝင်ရောက်အမှုထမ်းနိုင်ခွင့်ရှိစေရန် ခွင့်ပြုထား၍ထားသည်။[၄၁] ၂၀၀၃ ခုနှစ် ဒီဇင်ဘာလတွင် ရုရှားပါလီမန်သည် ယေဘုယျအားဖြင့် နိုင်ငံခြားသားများအား ရုရှားတပ်မတော်တွင် ခန့်အပ်ပြီး နှစ်ကာလတစ်ခု တာဝန်ထမ်းဆောင်ပြီးနောက် ရုရှားနိုင်ငံသားဖြစ်ခွင့်ပေးမည့် ဥပဒေကို အတည်ပြုပေးခဲ့သည်။[၄၂] နိုင်ငံခြားသားများသည် ရုရှားနိုင်ငံ ပတ်စပို့ရရှိပြီးနောက်မှသာ ရုရှားတပ်မတော်တွင်း၌ တာဝန်ထမ်းဆောင်ခွင့်ရှိခဲ့သည်။ ၂၀၁၀ ကာကွယ်ရေးဝန်ကြီးဌာနစီမံကိန်းအရ နှစ်နိုင်ငံအတွက် နိုင်ငံသားခံယူထားသူမဟုတ်သော နိုင်ငံခြားသားများသည် ၅ နှစ် စစ်မှုထမ်းစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ပြီး ၃ နှစ်တာဝန်ထမ်းဆောင်ပြီးနောက် ရုရှားနိုင်ငံသားဖြစ်ခွင့်အတွက် အကျုံးဝင်စေခဲ့သည်။[၄၃][၄၄] ထိုပြောင်းလဲမှုသည် ဓနသဟာယနိုင်ငံများမှ နိုင်ငံသားများအား ရုရှားနိုင်ငံသားဖြစ်ခွင့်အား လျင်မြန်စွာရရှိနိုင်စေခဲ့ပြီး ထိုစစ်တပ်၏ လူသစ်စုဆောင်းခြင်းသည် ရုရှားနိုင်ငံ လူဝင်မှုပြဿနာနှင့် ကြုံတွေ့စေခဲ့သည်။ တာဝန်ထမ်းဆောင်နေသော စစ်သားတိုင်းသည် ရုရှားတပ်မတော်သည် စစ်မှုထမ်းသက်သေခံကဒ်ပြားရရှိသည်။

ရုရှားတပ်မတော်၏ ဆုတံဆိပ်နှင့် ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ခြင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဆုတံဆိပ်စည်းမျဉ်းများအရ လွှမ်းခြုံဆောင်ရွက်သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ တွင် ဗိုလ်ချုပ်ကြီး နီကိုလိုင်း မာကာရော့ဗ်မှ ရုရှားနိုင်ငံသည် စစ်မှုမထမ်းမနေရ တာဝန်နှင့်ပတ်သက်၍ ပြဿနာတစ်ခုနှင့် ကြုံတွေနေရပြီဟု ဆိုခဲ့သည်။ ထိုသည်မှာ ထမ်းဆောင်ရန် အမျိုးသားအရေအတွက် မလုံလောက်သည့်အပြင် စစ်မှုထမ်းကာလကို ထက်ဝက်ထိ လျော့ချရန် ဖိအားပေးခံရခြင်းတို့ ဖြစ်သည်။[၄၅] ၂၀၁၉ ခုနှစ် မတ်လတွင် စစ်မှုမထမ်းမနေရ ဥပဒေမှ တိမ်းရှောင်သူသည် ၂၀၁၂ ခုနှစ်ထက်စာလျှင် ၆၆% မျှ လျော့ကျသွားခဲ့သည်။ ၂၀၁၈ ခုနှစ် ဆောင်းဦးတွင် ရုရှားတပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းခဲ့သော လူငယ် ၈၀ ရာခိုင်နှုန်းခန့်သည် စစ်မှုထမ်းရန် သင့်လျော်သည်ကို တွေ့ရသည်။ ရွေ့ပြောင်းလှုပ်ရှားတပ်ဖွဲ့ ခေါင်းဆောင်၏ အဆိုအရ မကြာသေးမီနှစ်များအတွင်း လူသစ်များ၏ ကျန်းမာကြံ့ခိုင်ရေးသည် ၇% ထိ တိုး၍လာခဲ့သည်။[၄၆]

၂၀၁၃ ခုနှစ် မတ်လတွင် ကာကွယ်ရေးဝန်ကြီး ဆီဂရဲရီ ရှိုးအီဂူသည် ထိုနှစ်ကုန်လျှင် စစ်တန်းလျားတိုင်း၌ ရေပန်းဖြင့်ရေချိုးရန်နေရာများ ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။[၄၇] RIA သတင်းဌာန၏ အဆိုအရ ရေပန်းများထားရှိခြင်း အစီအစဉ်သည် မကြာသေးမီကာလက ကာကွယ်ရေးဝန်ကြီးဌာနမှ ကြေညာခဲ့သော သက်တောင့်သက်သာဖြစ်စေရန် အဆင်မြှင့်တင်မှု လုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည်။ ဇန်နဝါရီလလယ်လောက်တွင်လည်း ရှိုးအီဂူမှ သူ၏ ပါ့ကျန်ကီးဟုခေါ်သော ခြေထောက်အား ပတ်စည်းသည် အဝတ်သည် ခေတ်မမီတော့သဖြင့် စွန့်ပစ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် စစ်ယူနီဖောင်းသစ်၏ ရုရှားဒီဇိုင်းနာများမှ ဆောင်းတွင်းတွင် ဆောင်းရသော ဦရှန်းကာဟုခေါ်သည် နားများကို ဖုံးအုပ်သော အစရှည်များပါသည့် ဦးထုတ်အား ပို၍ခေတ်မီသော ဦးထုပ်ပုံစံဖြင့် အစားထိုးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားတပ်မတော်တွင် စစ်ယူနီဖောင်းသစ်များအား ထုတ်ပေးခဲ့သည့် ၂၀၁၃ မှ ၂၀၁၅ ခုနှစ်အတွင်းတွင် ဦးထုပ်ဒီဇိုင်းအား မြှင့်တင်ခဲ့သည်။ သမာရိုးကျ ရိုးရာဒီဇိုင်း၏ ပုံစံသစ်ဖြစ်သော ဦးထုပ်သည် အပူထိန်းမှုအား ပို၍ကောင်းမွန်ပြီး နားကိုဖုံးအုပ်သော အစမှာ ပို၍ရှည်သည်။[၄၈]

ရုရှားစစ်ဖက်အရာများတွင် ထိပ်တန်းလျှို့ဝှက်အဆင့် လုံခြုံရေးရှင်းလင်းမှုရှိသူများအား ပြည်တွင်းထုတ် လုံခြုံရေးအလွန်မြင့်မားသည့် ဝှက်စာကုဒ်များဖြင့် ကာကွယ်ထားသော Atlas M-663S ဖုန်းများအား ထုတ်ပေးခဲ့သည်ဟု အီဇ်ဗျက်ကျီယာ သတင်းစာ(Izvestia newspaper)မှ ၂၀၁၈ ခုနှစ် အစောပိုင်းတွင် ဖော်ပြခဲ့သည်။ ပူသော ရာသီများ၌ ဝတ်ဆင်ရန် ယူနီဖောင်းပုံစံသစ်ကိုလည်း ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်အသုံးပြုခဲ့သည်။[၄၉]

ကိုးကား[ပြင်ဆင်ရန်]

  1. Greg Austin & Alexey Muraviev, The Armed Forces of Russia in Asia, Tauris, 2000, p.130
  2. O’Sullivan၊ Michael; Subramanian၊ Krithika (2015-10-17)။ The End of Globalization or a more Multipolar World? (အစီရင်ခံစာ)။ Credit Suisse AG။ 15 February 2018 တွင် မူရင်း အား မော်ကွန်းတင်ပြီး။
  3. Status of World Nuclear Forces – Federation Of American Scientists။ Fas.org။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}. (in ru)။ Garant.ru (6 February 2008)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  5. IISS Military Balance 2010, p. 222
  6. "766,055"၊ 31 October 2013။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး 
  7. You must specify title = and url = when using {{cite web}}. (in ru)။ RIA Novosti (24 October 2013)။ 14 April 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  8. Trends in International Arms Transfer, 2014။ Stockholm International Peace Research Institute။ 19 March 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  9. Trends in World Military Expenditure, 2015။ Stockholm International Peace Research Institute (April 2016)။ 20 April 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  10. Россия вышла на третье место в мире по объему военных расходов, оттеснив Саудовскую Аравию Archived 24 April 2017 at the Wayback Machine. NEWSru, 24 April 2017.
  11. Template error: argument title is required. 
  12. "Putin holds single day of military products' acceptance, modern weapons share up to 70%"၊ TASS၊ 16 July 2015။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး 
  13. Russian army gets 1,500 weapon titles, 80,000 pieces of equipment 2018 - Military & Defense။ TASS။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  14. Russian Army boosts its combat potential in 2019, defense chief says - Military & Defense။ TASS။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  15. For an account of this period, see William Eldridge Odom (1998)။ The Collapse of the Soviet Military။ Yale University Press။ ISBN 0-300-07469-7
  16. For some early discussion on this period, see Richard Woff, "A Russian Army", Jane's Intelligence Review, May 1992, 198-200. See also Voenniy vestnik No 12, 1991.
  17. Short life of the new Russian Guard။ Tsiganok.ru (21 December 2006)။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  18. You must specify title = and url = when using {{cite web}}. (in ru)။ Politika.su။ 21 December 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  19. The Staff for Coordinating Military Cooperation was established as the CIS Joint Armed Forces High Command in March 1992 and then reorganised as the Coordinating Staff in August 1993. It quickly became a very weak body as the new states' authorities asserted their control over their own armed forces. (Russia and NIS Mineral Industry Handbook, International Business Publications, 2007.) Army General Vladimir Yakovlev (general) appears to have become Chief of the Staff in June 2001 (DS2002-0819).
  20. Parchomenko, Walter (Winter 1999–2000). "The State of Russia's Armed Forces and Military Reform". Parameters: The U.S. Army's Senior Professional Journal: 98–110. ssi.armywarcollege.edu. ISSN 0031-1723. Retrieved on ၁၆ နိုဝင်ဘာ ၂၀၂၀.  မော်ကွန်းတင်ပြီးမိတ္တူ။ 10 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 November 2020 တွင် ပြန်စစ်ပြီး။
  21. "Russia's top brass gather in Moscow to discuss military reform"၊ 2 September 2009။ ၁၈ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။ Archived from the original on 3 September 2009။ 
  22. Moscow Defence Brief, 20 (2), 2010
  23. Russia to Boost Defense Spending 59% by 2015။ RIA Novosti (17 October 2012)။ 1 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။ “'Targeted national defense spending as a percentage of GDP will amount to 3.2 percent in 2013, 3.4 percent in 2014 and 3.7 percent in 2015,' Defense Committee chairman Vladimir Komoedov is quoted as saying in the committee's conclusion on the draft budget for 2013-2015.”
  24. ၂၄.၀ ၂၄.၁ Reform of the Russian Armed Forces။ En.rian.ru။ 22 January 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၈ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  25. 16.01.12 Реформа ВС РФ повысила эффективность авиации — командир авиагруппы ВВС — Военный паритет။ Militaryparitet.com။ 23 March 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  26. Wallace, Andrew (27 May 2010). "New military command structure and outsourcing initiatives". THE ISCIP ANALYST (Russian Federation) an Analytical Review XVI (13). Boston University.  Archived 21 October 2012 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 21 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2020 တွင် ပြန်စစ်ပြီး။
  27. Golts၊ Alexsander။ "3 Heads are worse than one"၊ 20 July 2010။ Archived from the original on 22 July 2010။ 
  28. "Russia sets up four strategic commands"၊ RIA Novosti၊ 14 July 2010။ Archived from the original on 16 July 2010။ 
  29. "Russia's regional military commands"၊ RIA Novosti၊ September 2010။ Archived from the original on 6 December 2011။ 
  30. You must specify title = and url = when using {{cite web}}. (in ru)။ Presidential Administration of Russia (9 January 2011)။ 12 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  31. Strategic C3I Facilities။ globalsecurity.org (2000)။ 12 January 2003 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  32. Odom, The Collapse of the Soviet Military
  33. Politkovskaya၊ Anna (2007)။ Putin's Russia: Life in a Failing Democracy။ Henry Holt and Company။ p. 2။ ISBN 978-1-4299-3915-7။ 28 October 2023 တွင် မူရင်း အား မော်ကွန်းတင်ပြီး30 December 2020 တွင် ပြန်စစ်ပြီး
  34. "History of Russian Armed Forces started with biggest military redeployment ever"၊ 7 May 2007။ 
  35. Giles၊ Keir (2006)။ Where have all the soldiers gone?: Russia's military plans versus demographic reality။ Conflict Studies Research Centre။ ISBN 978-1-905058-92-1။ 26 June 2019 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး။ ၃၀ ဒီဇင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး: Explores some of the challenges of the March 2007 transition to the new approach to deployment.
  36. ၃၆.၀ ၃၆.၁ Central Intelligence Agency, The World Fact Book: Russia Archived 3 July 2015 at the Wayback Machine.
  37. Recruitment: New Personnel Policy။ 23 August 2006 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  38. Nearly 400,000 contractors serve in Russian army - Military & Defense။ TASS။ ၅ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  39. analysis focus army defence military industry army (2020-03-27)။ Russian Defense Minister reports to Federation Council | analysis focus army defence military industry army။ Armyrecognition.com။ ၅ ဇန်နဝါရီ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  40. https://tass.com/defense/1236937
  41. "Azeris attracted to serve in Russian army." BBC Worldwide Monitoring. (Originally in the Azerbaijani paper Echo.) 14 March 2005. (Via Lexis-Nexis, 27 July 2005).
  42. Henry Ivanov, Quality not quantity: Country Briefing: Russia, Jane's Defence Weekly, 17 December 2003, p.25
  43. Okorokova၊ Lidia (25 November 2010)။ Russia's new Foreign Legion။ The Moscow News။ 17 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  44. Now you can join the 'Russian Foreign Legion'။ info-wars.org (29 November 2010)။ 14 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  45. Russian military has 'no one left to draft'။ RIA Novosti (17 November 2011)။ 5 April 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  46. Military draft dodging declines 66% since 2012 - Society & Culture။ TASS။ 2020-06-09 တွင် ပြန်စစ်ပြီး။
  47. Russian Defense Chief Promises Soldiers Showers by Year End။ RIA.ru (4 February 2013)။ 11 October 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။
  48. Archived copy။ 9 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 October 2018 တွင် ပြန်စစ်ပြီး။
  49. Archived copy။ 18 June 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 January 2021 တွင် ပြန်စစ်ပြီး။