ရာသီအလိုက်ပွင့်သောပန်းများ

ဝီကီပီးဒီးယား မှ

ခရေပန်း

မြန်မာပြည်၏ရာသီအလိုက်ပွင့်သောပန်းများနှင့်ရာသီပွဲတော်များ[ပြင်ဆင်ရန်]

  • တန်ခူးလ - ပိတောက်ပန်း၊ ကံ့ကော်ပန်း၊ ရင်ခတ်ပန်း(သက်ြန်ပွဲ)
  • ကဆုန်လ- စံကားပန်း(ညောင်ရေသွန်းပွဲ)
  • နယုန်လ- စံပယ်ပန်း၊ မုလေးပန်း(စာပြန်ပွဲ)
  • ဝါဆိုလ- ပုန်းညက်ပန်း(ဝါဆိုပွဲ)
  • ဝါခေါင်လ- ခတ္တာ(စာရေးတံမဲပွဲ)
  • တော်သလင်းလ- ရင်းမာပန်း(လှေပြိုင်ပွဲ)
  • သီတင်းကျွတ်လ- ကြာမျိုးငါးပါး(ဆီမီးထွန်းပွဲ)
  • တန်ဆောင်မုန်းလ- ခဝဲပန်း(ကထိန်ပွဲ)
  • နတ်တော်လ- သဇင်ပန်း(မဟာပိန္နဲနတ်ပွဲ)
  • ပြာသိုလ- ခွာညိုပန်း(မြင်းခင်းပွဲ)
  • တပို့တွဲလ - ပေါက်လဲပန်း(မီးပုံပွဲ ။ထမနဲပွဲ)
  • တပေါင်းလ- သရဖီပန်း၊ အင်ကြင်းပန်း(သဲပုံစေတီပွဲ)

မြန်မာတို့သည်တောတောင်ရေမြေသဘာ၀အလှနှင့် အမြဲတစေထိတွေ့နေကြသည်ဖြစ်ရာ ဆယ့်နှစ်လရာသီအကြောင်းနှင့် ဆယ့်နှစ်ရာသီပွဲ‌တော်အ‌ကြောင်းကို စကားပြေဖြင့်ဖြစ်စေ ကဗျာလင်္ကာဖြင့်ဖြစ်စေ၊ ဖွဲ့နွဲ့ပြောဆိုစရာရှိလျှင်မည်သည့်ရာသီ၌ မည်သည့်ပန်းပွင့်သည် မည်သည့်ပွဲ‌တော် မည်သည့်လရောက်မည်ဟူသောအချက်ကို အဓိကထား၍ ပြောဆိုလေ့ရှိကြသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်ထင် ( မြန်မာဆယ့်နှစ်လအကြောင်း)