မာတိကာသို့ ခုန်သွားရန်

ရန်ကုန်သူမီရှဲ

ဝီကီပီးဒီးယား မှ
ရန်ကုန်သူမီရှဲ
မွေးဖွားမေရှဲ
(1993-08-04) ၄ ဩဂုတ်၊ ၁၉၉၃ (အသက် ၃၂)
ရန်ကုန်
အခြား အမည်များရန်ကုန်သူမီရှဲ
မိခင်ကျောင်းနိုင်ငံခြားဘာသာတက္ကသိုလ်
ရန်ကုန်
အလုပ်အကိုင်လူမှုဘဝဘလော့ဂါ၊ ကိုယ်ဟန်ပြမယ်၊ အမျိုးသမီးကိုယ်လုံပညာ နည်းစနစ်မှူး
တက်ကြွလှုပ်ရှားနှစ်များ၂၀၁၅−ယနေ့ထိ
အရပ် ft ၄ in (၁.၆၃ m)
မိဘ(များ)ဦးထွန်းနိုင်
ဒေါ်သူဇာနွယ်
ရရှိသည့်ဆုများ"Myanmar Influencer Awards-Lifestyle" (2018)

ရန်ကုန်သူမီရှဲ (ဩဂုတ်လ ၄ ရက်၊ ၁၉၉၃), မွေးဖွားအမည် "မေရှဲ" သည် မြန်မာ့လူမှုဘဝဘလော်ဂါ၊ ကိုယ်ဟန်ပြမယ်နှင့် အမျိုးသမီးကိုယ်လုံပညာနည်းစနစ်မှူး ဖြစ်သည်။ [][] သူမသည် ရန်ကုန်အခြေစိုက်၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကို ပူးတွဲတည်ထောင်သူနှင့် နည်းစနစ်မှူးတစ်ဦးဖြစ်သည်။ [] ၂၀၁၈ ခုနှစ်တွင် ရန်ကုန်သူမီရှဲ အနေဖြင့် လူမှုဘဝကဏ္ဍအတွက် "Myanmar Influencer Award" ကို ရရှိခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့တွင် ဦးထွန်းနိုင်နှင့် ဒေါ်သူဇာနွယ်တို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။ ၂၀၁၃ ခုနှစ်တွင် အင်္ဂလိပ်ဘာသာအထူးပြု ဝိဇ္ဇာဘွဲ့နှင့် အင်္ဂလိပ်ဘာသာ ဒီပလိုမာတို့ကို နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်မှ ရရှိခဲ့သည်။ [][]

စီးပွားရေးလှုပ်ရှားမှု

[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်တွင် ကျင်းပသော Miss Universe Myanmar အလှမယ်ပြိုင်ပွဲတွင် ခါးနံပါတ် ၅ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရာ ဆန်ခါတင်အယောက် ၂၀ အတွင်း ရွေးချယ်ခံရသည်။ [] ထိုပြိုင်ပွဲတွင် Miss Environment 2013 ခေါင်းစဉ်ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသည်။ []

အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမှကာကွယ်ရန်နှင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန်အတွက် မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းကို အခြားအမျိုးသမီး ၂ ဦးတို့ဖြင့် ပူးတွဲတည်ထောင်သည်။ [][][][၁၀][၁၁][၁၂]

၂၀၁၆ ခုနှစ်တွင် ရန်ကုန်သူမီရှဲ ပူးတွဲတည်ထောင်သော မြန်မာအမျိုးသမီးကိုယ်လုံပညာသင်တန်းမှာ အမျိုးသမီးပေါင်း ၃၀၀ ကျော်အား သင်ကြားပို့ချပေးနိုင်ခဲ့ပြီး LGBT အဖွဲ့အစည်းများနှင့် အစိုးရအလယ်တန်းကျောင်းများ၊ သံရုံးများအကြားတွင် ထင်ရှားသည်။ []

လူမှုဘဝဘလော်ဂါ

[ပြင်ဆင်ရန်]

၂၀၁၈ ဖေဖော်ဝါရီလမှ စတင်၍ ရန်ကုန်သူမီရှဲ ဗီဒီယိုဖိုင်များကို ဖေ့စ်ဘွတ်စာမျက်နှာတွင် တင်ဆက်ခဲ့ပြီး မဇ္ဈိမရုပ်သံနှင့် iFlix တို့တွင်ပါ ထုတ်လွှင့်ခဲ့သည်။ [][၁၃] သူမ၏ ဗီဒီယိုအစီအစဉ်ထုတ်လွှတင့်မှုများသည် အများအားဖြင့် သမိုင်းဝင်နေရာများ၊ ထင်ရှားသော နေရာများ၊ မြန်မာအမျိုးသမီးတို့ နေ့စဉ်ဘဝ၊ အမျိုးသမီးများအတွက် ခွန်အားဖြစ်စေသော အကြောင်းအရာများကို အထူးသဖြင့် တင်ဆက်လျက်ရှိသည်။ [][] စူးစူးစိုက်စိုက် ရိုက်ကူး ထုတ်လုပ်ခဲ့သည့်အတွက် လူမှုဘဝကဏ္ဍအထူးပြု Myanmar Influencer Award ကို ၂၀၁၈ ခုနှစ်တွင်ရရှိခဲ့သည်။ [၁၄]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 Moethae Say။ "မြန်မာအမျိုးသမီးများအတွက် လူနေမှုဘဝပုံစံဖော်ကျူးဆဲ Michelle" (in my)၊ MODA MYANMAR၊ 12 April 2018။[လင့်ခ်သေ]
  2. 1 2 3 4 Nyo Me။ "What's a Yangon Thu?"၊ The Myanmar Times၊ 3 August 2018 3 December 2020 တွင် ပြန်စစ်ပြီး Archived from the original on 30 June 2019။
  3. Zaw Htet Oo။ "Women's Center:Two years and going strong"၊ Ministry of Information (Myanmar)၊ 25 February 2018။
  4. "Michelle pageant"၊ ABC Online၊ 11 November 2018။
  5. 1 2 Michelle Miss Universe Myanmar 18 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 December 2020 တွင် ပြန်စစ်ပြီး။
  6. Title Awards Miss Universe Myanmar 4 December 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 December 2020 တွင် ပြန်စစ်ပြီး။
  7. Tin Htet Paing။ "'Women in Rangoon Confront Harassment as Opponents, Not Victims"၊ The Irrawaddy၊ 26 February 2016။
  8. Joshua Carroll & Thiri Han။ "'From victims to opponents"၊ Frontier Myanmar၊ 15 March 2016။
  9. Robert Burton-Bradley။ "'A silent emergency': Myanmar's answer to #MeToo — kickboxing and pepper spray"၊ ABC Online၊ 11 November 2018။
  10. DVB။ "အလှမယ်ဘဝမှ ကိုယ်လုံပညာသင်ပေးသူ ဖြစ်လာသည့် မီရှဲလ်၏ ဘဝကောက်ကြောင်း" (in my)၊ Democratic Voice of Burma၊ 4 June 2016။
  11. ခေတ်ပြိုင်ကောက်ကြောင်းများ။ "ကိုယ်လုံပညာနည်းပြ အလှမယ်" (in my)၊ Democratic Voice of Burma၊ 1 June 2016 3 December 2020 တွင် ပြန်စစ်ပြီး Archived from the original on 25 October 2020။
  12. Tin Htet Paing။ "A Fighter in Heels"၊ The Irrawaddy၊ 1 September 2017။
  13. 'iFlix' iFlix[လင့်ခ်သေ]
  14. ထွန်းထွန်းဝင်း။ "ကဏ္ဍအသစ်များဖြင့် ဒုတိယအကြိမ်မြောက် Myanmar Influencer Awards 2018 ဆုပေးပွဲ" (in my)၊ Mizzima Daily၊ 23 May 2019။

ဆက်စပ်လင့်ခ်

[ပြင်ဆင်ရန်]