မာတိကာသို့ ခုန်သွားရန်

ရန်ကုန်နိုင်ငံတကာကျောင်း

ဝီကီပီးဒီးယား မှ
Yangon International School (YIS)
လိပ်စာ
အမှတ် ၁၁၇၊ သုမင်္ဂလာအိမ်ရာ
သင်္ဃန်းကျွန်းမြို့နယ်
ရန်ကုန်မြို့, ရန်ကုန်တိုင်းဒေသကြီး, မြန်မာနိုင်ငံ
သတင်းအချက်အလက်
အမျိုးအစားနိုင်ငံတကာကျောင်း (အမေရိကန် သင်ရိုးညွှန်းတန်း)
တည်ထောင်၂၀၀၄
ဒါရိုက်တာMike Livingston
ကျောင်းအုပ်ကြီးHugh Schoolman
ကျောင်းအုပ်ကြီးHeather Kissack
ဝန်ထမ်း၆၈ ဦး
အတန်းများသူငယ်တန်း မှ ဒွါဒသမတန်း အထိ
ကျောင်းသား/သူဦးရေ၃၀၀+
အတန်း လက်ခံIB Diploma Programme ဖြင့် အမေရိကန် သင်ရိုးညွှန်းတန်း
လာဘ်ကောင်လင်းယုန်
AccreditationInternational School Services (ISS), Western Association of Schools and Colleges (WASC), East Asia Regional Council of Schools (EARCOS), IB Diploma Programme
ဝဘ်ဆိုဒ်

ရန်ကုန်နိုင်ငံတကာကျောင်း ( YIS ) သည် ရန်ကုန်မြို့တွင် တည်ရှိသော ပုဂ္ဂလိကကျောင်း တစ်ကျောင်း ဖြစ်သည်။မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့်များအတွက် အမေရိကန်စံသင်ရိုးညွှန်းတမ်းကို သင်ကြားပေးကာ အသက် ၃ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသားများကို လက်ခံသင်ကြားပေးသည့်ကျောင်း တစ်ကျောင်းလည်း ဖြစ်သည်။[၁]

အထက်တန်းကျောင်းသားများသည် အမေရိကန် အထက်တန်းကျောင်း ဒီပလိုမာ (US High School Diploma) ရရှိရန်အတွက် အနည်းဆုံး ခရက်ဒစ် ၂၆ ခု ပြီးမြောက်အောင် ဆည်းပူးရသည့်အပြင် အဆင့်မြင့်အထက်တန်းများအတွက် IB ဒီပလိုမာ ပရိုဂရမ်များကိုလည်း ရှိရမည်ဖြစ်သည့်အတွက် ထိုအရာများကို ဤကျောင်းက သင်ကြားပေးလျှက်ရှိသည်။ ကျောင်းဆင်းပြီးသူများသည် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျ၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် စင်ကာပူနိုင်ငံတို့ရှိ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်ကြသည်။

ယင်းကျောင်းကို ၂၀၀၉ ခုနှစ်ကတည်းက WASC (WASC Senior College and University Commission) က အသိအမှတ်ပြုခဲ့သည်။ YIS ကို International Schools Services (ISS) နှင့် ပူးပေါင်း၍ ILBC မှ ပြည်တွင်း၌ စီမံခန့်ခွဲလျက်ရှိပြီး ၂၀၁၉-၂၀၂၀ စာသင်နှစ်တွင် တည်ထောင်ခြင်း ၁၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်ကို ကျင်းပခဲ့သည်။[၂]


ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ About YIS (in en-US)။ 2026-09-27 တွင် ပြန်စစ်ပြီး။
  2. ↑ Yangon International School 15th Anniversary (ရုပ်သံအစီအစဉ်) (in en)။ 2026-09-27 တွင် ပြန်စစ်ပြီး။