ရတနာပုံ ဘောလုံး အသင်း

ဝီကီပီးဒီးယား မှ
(ရတနာပုံ F.C. မှ ပြန်ညွှန်းထားသည်)
ရတနာပုံ ဘောလုံးအသင်း
အသင်းအမည်ရတနာပုံ ဘောလုံးအသင်း
အခြားအမည်ထိုးမုန့် (Boxing Cake)
တည်ထောင်နှစ်၂၀၀၉; ၁၅ နှစ် အကြာက (၂၀၀၉)
အိမ်ကွင်းဗထူး အားကစားကွင်း
(လူဝင်ဆံ့မှု: ၁၇၀၀၀)
ပိုင်ရှင်ဒေါက်တာ စိုင်းဆမ်ထွန်း
မန်နေဂျာU Aung Kyaw Moe
ကစားသည့်လိဂ်မြန်မာအမျိုးသားလိဂ်
၂၀၁၈
ဝက်ဘ်ဆိုဒ်Club home page
အိမ်ကွင်း အရောင်
အဝေးကွင်း အရောင်
လက်ရှိ ရာသီ
ကပ္ပတိန်မြန်မာနိုင်ငံ ရဲကိုဦး

ရတနာပုံ ဘောလုံးအသင်းသည် ၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ် စတင်ချိန်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ကိုယ်စားပြုဖွဲ့စည်းတိုင်ထောင်ခဲ့သည်။ အိမ်ကွင်းမှာ မန္တလေးမြို့ ဗထူး အားကစားကွင်း ဖြစ်သည်။ အသင်း၏ ပိုင်ရှင်မှာ လွယ်ဟိန်းကုမ္ပဏီပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းဖြစ်သည်။ အသင်း အုပ်ချုပ်သူမှာ ဦးစိုးမိုးလှိုင် ဖြစ်ပြီး အသင်းခေါင်းဆောင်မှာ အောင်ကျော်မိုး ဖြစ်သည်။

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

မြန်မာနေရှင်နယ်လိဂ် စတင်သည့် ၂၀၀၉ ခုနှစ်တွင် ဗိုလ်စွဲခဲ့သည်။ ရတနာပုံအသင်းအနေဖြင့် ပထမဦးဆုံး မြန်မာအမျိုးသားလိဂ်ပွဲအဖြစ် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားပြု ဆောက်သမ်းမြန်မာ ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခြင်း ဖြစ်ပြီး ရတနာပုံဘောလုံးအသင်းက ၂−၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ပထမဦးဆုံး ရတနာပုံအသင်းအတွက် ဂိုးကို တိုက်စစ်မှူး ရန်ပိုင်က ပွဲချိန် ၂၈ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲအား ရန်ကုန်မြို့ ရှိ လူငယ်အားကစား လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ) တွင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကာ ပွဲချိန် မိနစ် ၉၀ အတွင်း ၂-၂ ဂိုးစီ သရေကျနေသဖြင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ ရတနာပုံဘောလုံးအသင်းက ၄−၁ ဂိုးဖြင့် ပထမဦးဆုံး မြန်မာအမျိုးသားလိဂ် ချန်ပီယံဆုဖလားကြီးအား ဆွတ်ခူးရရှိခဲ့သည်။

၂၀၀၉ ခုနှစ် မြန်မာအမျိုးသားလိဂ်တွင် အနိုင်ရဗိုလ်စွဲခဲ့သောကြောင့် 2010 AFC President Cup (၂၀၁၀ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ၂၀၁၀ တွင်လည်း အနိုင်ရဗိုလ်စွဲ ခဲ့သည်။ အဆိုပါ အာရှဘောလုံးအဖွဲ့ချုပ်ဖလား အား အုပ်စုပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်များအား ရတနာပုံဘောလုံးအသင်းမှ အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိကာ ရန်ကုန်မြို့ ရှိ လူငယ်လေ့ကျင့်ရေးကွင်း (သုဝဏ္ဏ) တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

၂၀၁၄ ခုနှစ်က မြန်မာအမျိုးသားလိဂ် ချန်ပီယံအသင်း ရတနာပုံ နဲ့ အူရီးဒူး ရှုံးထွက်ချန်ပီယံ အသင်း ဧရာဝတီယူနိုက်တက်တို့သည် ၂၀၁၅ ခုနှစ် ဘောလုံးရာသီမစတင်မီ Charity Cup ကို ဇန်နဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ ​အောင်ဆန်းအားကစားကွင်း မှာ ယှဉ်ပြိုင်ပြုလုပ်ခဲ့ရာ ဧရာဝတီယူနိုက်တက် ဘောလုံး အသင်းက ၁ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အောင်မြင်မှုများ[ပြင်ဆင်ရန်]

  • မြန်မာအမျိုးသားလိဂ်ဖလား
    • ၂၀၀၉
    • ၂၀၀၉ - ၂၀၁၀
  • မြန်မာအမျိုးသားလိဂ်
    • ၂၀၀၉
    • ၂၀၁၀
    • ၂၀၁၄
    • ၂၀၁၆
  • အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (AFC President's Cup)

အာရှအဆင့်ဘောလုံးပြိုင်ပွဲများတွင် စွမ်းဆောင်နိုင်မှုများ[ပြင်ဆင်ရန်]

  • AFC Champion League
    • ၂၀၁၅ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
    • ၂၀၁၇ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
  • AFC Cup
    • ၂၀၁၅ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
    • ၂၀၁၇ ခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်
  • AFC President's Cup
    • ၂၀၁၀ ခုနှစ်တွင် ချန်ပီယံ ဖြစ်ခဲ့သည်
    • ၂၀၁၁ ခုနှစ်တွင် နောက်ဆုံးအဆင့်ထိ တက်ရောက်နိုင်ခဲ့သည်။

အိမ်ကွင်း[ပြင်ဆင်ရန်]

ရတနာပုံဘောလုံးအသင်း၏ အိမ်ကွင်းမှာ ဗထူး အားကစားကွင်း ဖြစ်ပြီး မန္တလေးမြို့တွင် အခြေစိုက်သည်။

၂၀၁၉ ရာသီအတွက် လူစာရင်း[ပြင်ဆင်ရန်]

Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.

No.   နေရာ   ကစားသမား
25 မြန်မာနိုင်ငံ GK Pyae Lyan Aung


32 မြန်မာနိုင်ငံ GK Chan Nyein Kyaw
50 မြန်မာနိုင်ငံ GK Pyae Sone Chit
30 မြန်မာနိုင်ငံ DF Nay Myo Aung
4 မြန်မာနိုင်ငံ DF Zaw Ye Tun
5 မြန်မာနိုင်ငံ DF Ye Yint Aung 1
23 မြန်မာနိုင်ငံ DF Hein Nay San
3 မြန်မာနိုင်ငံ DF Kyaw Thet Oo
14 မြန်မာနိုင်ငံ DF Hlaing Myo Aung
22 မြန်မာနိုင်ငံ DF Kyaw Zin Soe
15 မြန်မာနိုင်ငံ DF Eant Maw Oo
7 မြန်မာနိုင်ငံ MF Ye Ko Oo
19 မြန်မာနိုင်ငံ MF Hlaing Bo Bo
8 မြန်မာနိုင်ငံ MF Myat Kaung Khant
No.   နေရာ   ကစားသမား
16 မြန်မာနိုင်ငံ MF Myo Ko Tun
10 မြန်မာနိုင်ငံ MF Mg Mg Soe
31 မြန်မာနိုင်ငံ MF Aung Naing Win
17 မြန်မာနိုင်ငံ MF Thet Shine Naung
21 မြန်မာနိုင်ငံ MF Paye Sone Naing
29 မြန်မာနိုင်ငံ FW Win Naing Soe
9 မြန်မာနိုင်ငံ FW Win Naing Tun
11 မြန်မာနိုင်ငံ FW Thet Naing
20 မြန်မာနိုင်ငံ FW Myint Thein Tun
18 မြန်မာနိုင်ငံ FW Arkar
27 မြန်မာနိုင်ငံ FW Ye Yint Aung 2 |}


[၁] [၂] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.myanmarnationalleauge.com[လင့်ခ်သေ]
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 20 December 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2021 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ။ 19 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 January 2021 တွင် ပြန်စစ်ပြီး။