ရင်းမူကုန်းရွာ၊ ရွှေတောင်မြို့နယ်

ဝီကီပီးဒီးယား မှ
ယင်းမူကုန်း
ရွာ
ယင်းမူကုန်းရွာ
ယင်းမူကုန်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ယင်းမူကုန်း
ယင်းမူကုန်း
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 18°22′14″N 95°16′54″E / 18.3706703186035°N 95.2815704345703°E / 18.3706703186035; 95.2815704345703ကိုဩဒိနိတ်: 18°22′14″N 95°16′54″E / 18.3706703186035°N 95.2815704345703°E / 18.3706703186035; 95.2815704345703
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ပြည်ခရိုင်
မြို့နယ်ရွှေတောင်မြို့နယ်
ကျေးရွာအုပ်စုယင်းမူကုန်း
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရင်းမူကုန်းရွာ (အင်္ဂလိပ်: Yinmukone)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)ပြည်ခရိုင်ရွှေတောင်မြို့နယ်ယင်းမူကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၂၆၁၈ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ယင်းမူကုန်းကျေးရွာအုပ်စုတွင် ကျား ၂၀၀၃ ဦး၊ မ ၂၂၆၈ ဦး၊ လူဦးရေ စုစုပေါင်း ၄၂၇၁ ဦးနေထိုင်သည်။[၁] မိသားစုရပ်ကွက်၊ မြသီတာရပ်ကွက်၊ မြသီရိရပ်ကွက်၊ တောင်စု၂ရပ်ကွက်၊တောင်စု၁ရပ်ကွက်၊ ဝန်ကြီးကုန်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ သုနန္ဒာရပ်ကွက် ရပ်ကွက်၈ခုဖြင့်တည်ရှိသည်။ ကျွေးရွာအုပ်စုသံဃမဟာနာယကအဖွဲ့ရုံးစိုက်ရာ အုပ်စုရွာဖြစ်သည်။ ဧရာဝတီမြစ်၏ မြေဩဇာပို့ချမှူကို အခြေခံ၍ စိုက်ပျိုးရေးလုပ်ငန်းဖြင့်အသက်မွေးမြူကြသည်။ စိုက်ပျိုးသောသီးနှံများမှာ ပဲအမျိုးမျိုး၊ သစ္စာပန်း၊ ခရမ်းချဉ်၊ ငရုတ်၊ ပြောင်း စသည်ဖြင့်စိုက်ပျိုးကြသည်။ ထင်ရှားသောနေရာများမှာ ပြည်လုံးချမ်းသာစေတီတော်၊ အောင်ဓမ္မသိဒ္ဓိစေတီတော်တို့ဖြစ်သည်။ဘာသာရေးဆိုင်ရာ ဘုန်းတော်ကြီးကျောင်းများမှာ ဓမ္မဝိဟာရဓမ္မာရုံကျောင်း၊ ဇေယျသုခကျောင်း တို့ဖြစ်သည်။ အခြေခံပညာအထက်တန်းကျောင်းနှင့် အမက တောင်စု ကျောင်းတည်ရှိသည်။ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်နှင့်နီးစပ်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Place codes (Pcodes)Myanmar Information Management Unit (June 2020)။