ယူကရိန်းရုပ်ရှင်အကယ်ဒမီ

ဝီကီပီးဒီးယား မှ

ယူကရိန်းရုပ်ရှင်အကယ်ဒမီ (ယူကရိန်း: Українська кіноакадемія; အင်္ဂလိပ်: Ukrainian Film Academy) သည် ယူကရိန်းရုပ်ရှင်နယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များပါဝင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ခေတ်မီယူကရိန်းရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရန်နှင့် ထောက်ပံ့ပေးရန် ရည်ရွယ်ချက်တို့ဖြင့် ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုရည်ရွယ်ချက်တို့နှင့်အညီ ၂၀၁၇ မှစ၍ နှစ်စဉ်နှစ်တိုင်း ရွှေဒီဂါရုပ်ရှင်ဆုကို ချီးမြှင့်လျက်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ကျွန်မတို့နိုင်ငံမှာ ကိုယ်ပိုင်အော်စကာဆုရှိဖို့ အချိန်တန်ပါပြီ။ ကျွန်မတို့ရုပ်ရှင်လောကဟာ ပြန်လည်ဆန်းသစ်လာပြီဖြစ်တဲ့အတွက် ဒီရှုပ်ထွေးလှတဲ့လောကမှာ ကျင်လည်နေကြတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုပ်လုပ်သူ အားလုံးကို အားပေးဖို့လိုပါတယ်။ ဒီပွဲကို ပြည်သူတွေသတိပြုမိဖို့ အရေးကြီးလှပါတယ်။

— ဗစ်တိုးရီးယား တီဂစ်ပ်ဂို၊ ယူကရိန်းရုပ်ရှင်အကယ်ဒမီနှင့် အိုဒဲဆာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဥက္ကဋ္ဌ

[၁]

ယူကရိန်းရုပ်ရှင်အကယ်ဒမီကို အကျိုးအမြတ်မယူသော ပြည်သူပိုင်အဖွဲ့အစည်းတစ်ရပ်အဖြစ် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။[၂] ထိုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပထမဆုံး နိုင်ငံတော်အဆင့် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်နိုင်ရေး ဆောင်ရွက်မည့်အကြောင်း ပြောကြားခဲ့သည်။[၃][၄] ယူကရိန်းရုပ်ရှင်အကယ်ဒမီကို ယူကရိန်း နိုင်ငံတော်ရုပ်ရှင်အေဂျင်စီနှင့် စတော့ကုမ္ပဏီ "TASKOMBANK" တို့၏ ပံ့ပိုးမှုဖြင့် အိုဒဲဆာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် စတင်ခဲ့ခြင်းဖြစ်သည်။[၅] ရုပ်ရှင်အကယ်ဒမီနှင့် ရုပ်ရှင်ထူးချွန်ဆုတို့အတွက် အမှုဆောင်ဒါရိုက်တာအဖြစ် အန်နာ မာချူးခ်ကို ရွေးချယ်ခဲ့ကြသည်။ ဧပြီလ ၂၀ ရက်နေ့တွင် ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုဖြစ်သည့် ရွှေဂျင်ရုပ်ရှင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပနိုင်ခဲ့သည်။

ရုပ်ရှင်အကယ်ဒမီအသင်းဝင်[ပြင်ဆင်ရန်]

အောက်ပါသတ်မှတ်ချက်သုံးချက်အနက် တစ်ချက်ချက်နှင့်ကိုက်ညီပါက ရုပ်ရှင်အကယ်ဒမီ အသင်းဝင်အဖြစ် ပါဝင်နိုင်သည်။

  • ၁၉၉၁ မှစတင်ကာ ရုပ်ရှင်လောကမှ ဖန်တီးသူလက်ရာရှင် (သရုပ်ဆောင်၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ၊ ကင်မရာမင်း၊ ထုတ်လုပ်ရေးစီစဉ်သူ၊ တေးရေး) အဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်တစ်ကားနှင့်အထက် သို့မဟုတ် မှတ်တမ်းရုပ်ရှင်၊ ကာတွန်းရုပ်ရှင် သုံးကားနှင့်အထက် ထုတ်လုပ်သူအဖြစ်သော်လည်းကောင်း ဆောင်ရွက်နေသူ
  • (ဖြန့်ချိသူများ၊ ရုပ်ရှင်ဝေဖန်ရေးသမားများ၊ နိုင်ငံတကာရုပ်ရှင်ပွဲတော် ဥက္ကဋ္ဌများ အပါအဝင်) ယူကရိန်းရုပ်ရှင်လောက တိုးတက်ရေးအတွက် ထင်ရှားသိသာစွာဆောင်ရွက်ခဲ့သူ ယဉ်ကျေးမှု၊ အနုပညာ၊ ရုပ်ရှင်နယ်ပယ်မှ ပုဂ္ဂိုလ်များ
  • ပြည်တွင်းရုပ်ရှင် စပွန်ဆာနှင့် နာယကများ

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်မှ မတ်လ ၁၉ ရက်အထိ အသင်းဝင်လျှောက်လွှာများ လက်ခံခဲ့ရာ၊ လျှောက်ထားသူ ၃၄၃ ဦးအနက် ၂၄၂ ဦးကို အသင်းဝင်အဖြစ် လက်ခံအတည်ပြုခဲ့သည်။ [၆][၇] ၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၇ မှ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်အထိကိုမူ ဒုတိယအကြိမ်အဖြစ် ထပ်မံလက်ခံခဲ့ရာ ၂၀၁၉ ခုနှစ်တွင် အသင်းဝင်ဦးရေ ၃၅၅ ဦး ရှိပြီဖြစ်သည်။[၈][၉]

ဘုတ်အဖွဲ့ဝင်များ[ပြင်ဆင်ရန်]

၂၀၁၈ ခုနှစ်တွင် ရုပ်ရှင်အကယ်ဒမီ၏ ဘုတ်အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။[၁၀][၁၁]

  • ဗိုလိုဒီမျာ ဗိုအီတန်ကို (ရုပ်ရှင်ဝေဖန်ရေးသမား) — ဘူတ်အဖွဲ့ဥက္ကဋ္ဌ
  • ဆဲရ်ဂေအိ ဘော်ဒေးနျုခ် (ရိုက်ကူးရေးပညာရှင်)
  • လျူဒ်မီလာ ဂေါရ်ဒဲလဒ်ဇီ (အမျိုးသမီးသရုပ်ဆောင်)
  • အီဗန်နာ ဒျာဒျူရာ (ထုတ်လုပ်သူ)
  • ဒန်းနစ်အီဗာနော့ဗ် (ထုတ်လုပ်သူ)
  • မီခယ်လို အီလျန်ကို (ဒါရိုက်တာ)
  • ဆဲရ်ဂေအိ လဗ်ရန်နျုခ် (ထုတ်လုပ်သူ)
  • ယူရီ မင်န်ဇျာနော့ဗ် (ထုတ်လုပ်သူ)
  • ယဲဂေါရ် အိုလယ်ဆိုဗ် (ထုတ်လုပ်သူ)
  • အန်ဒရီယ ရီဇောလ် (ထုတ်လုပ်သူ)
  • ဗလဒ် ရယာရှင်း (ထုတ်လုပ်သူ)
  • အီဂေါရ် ဆာဗိချန်ကို (ထုတ်လုပ်သူ)
  • အန်ခတမ် ဆယ်အိတာဘလာယဗ် (ဒါရိုက်တာ၊ အမျိုးသားသရုပ်ဆောင်)
  • ဗလဲရီးယား ဆိုချီဗတ်စ် (ထုတ်လုပ်သူ)
  • မာရီနာ စတပ်ပန်စကာ (ဒါရိုက်တာ)

ကိုးကား[ပြင်ဆင်ရန်]

  1. В Україні створено Національну кіноакадемію та кінопремію «Золота дзиґа»
  2. Статут ГО «Українська Кіноакадемія» УК, 2017
  3. В Україні заснували національну кінопремію "Золота дзиґа". Перший канал. 20.02.2017. Процитовано 22.02.2017.
  4. В Україні з'явиться власний "Оскар". TCH.ua. 21.02.2017. Процитовано 22.02.2017.
  5. ТАСКОМБАНК — партнер Української Кіноакадемії та Національної Кінопремії. Офіційний сайт АТ "ТАСКОМБАНК". 20.02.2017. Процитовано 22.02.2017.
  6. Сформовано список членів Української Кіноакадемії Archived 6 April 2017[Date mismatch] at the Wayback Machine. на офіційному сайті Української кіноакадемії. Процитовано 06.04.2017
  7. Членами Української кіноакадемії стали понад 240 кіномитців. Детектор-медіа. 21 березня 2017. Процитовано 12.04.2017.
  8. «Золота дзиґа»: жанрове кіно, український IMDb і подив. Телекритика. 19.03.2019. Процитовано 21.03.2019.
  9. Список членів Української Кіноакадемії
  10. Оголошено склад Правління Української Кіноакадемії. Українська кіноакадемія. 08.10.2017. Процитовано 09.11.2018.
  11. Українська кіноакадемія оголосила новий склад Правління та Наглядової ради. Детектор медіа. 18 листопада 2017. Процитовано 09.11.2018.

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]