ယုဇနပင်
ယုဇနပင်(အင်္ဂလိပ်: Murraya paniculata or Orange Jassamine) ကို သနပ်ခါးပင်ဟူ၍လည်း ခေါ်သည်။ ရုက္ခဗေဒ အလိုအားဖြင့် မာရယာ အိတ်ဇော တီးကား(Chalcas exotica) ဟု ခေါ်၍ ရူတာ စီအီး (Rutaceae) မျိုးရင်းတွင် ပါဝင်သည်။ ယုဇနပင်သည် အမြဲစိမ်း အပင်မျိုးဖြစ်ပြီးလျှင် ချုံ အကြီးမျိုး၊ သို့မဟုတ် သစ်ပင်အငယ် မျိုး ဖြစ်သည်။ အခေါက်မှာ မွဲပြာရောင်ဖြစ်သည်။ အသား ကျစ်လျစ်၍ အရောင်ဖြူသည်။ အရွက်ဖျားမှာ ချောမွတ်၍ တောက်ပြောင်သည်။ အပွင့်များမှာ ဖြူ၍ အနံ့မွှေးသည်။ ယုဇန ပင်ကို အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၌လည်း တွေ့ရသည်။
အထက်အောက် မြန်မာနိုင်ငံ နေရာအနှံ့ အပြားတွင် ယုဇနပင် များကို တွေ့နိုင်ပေသည်။ မတ်လမှ စက်တင်ဘာအထိ အပွင့် များ ပွင့်သည်။ မြန်မာ အမျိုးသမီးများသည် အခေါက်များကို သနပ်ခါးကဲ့သို့ သွေး၍ လိမ်းတတ်ကြသည်။[၁] အခြားယေဘူယျအမည်များ မှာ
Orange Jessamine, Chinese box, "mock orange", Mock lime, Satinwood [၂], သို့မဟုတ် Lakeview Jasmine (အဓိကအားဖြင့်-Florida) အပြင် အာရှအမည်များကိုလည်းအောက်ပါအတိုင်းတွေ့ရသည်။
- ဗမာ: ယုဇန [jṵ zana̰] (from Pali yojana)
- ဘင်္ဂလီ: কামিনী
- Hindi: Kamini (कामिनी)[၃]
- အင်ဒိုးနီးရှ: Kemuning
- ကန်နဒါ: Kadu karibevu[၃]
- လာအို: ແກ້ວ [kɛ̂ːw]
- မလေး: Kemuning
- မလေးယန်း: Maramulla [၃]
- မဏိပူရ: Kamini kusum [၃]
- Marathi: Kunti (कुन्ती)[၃]
- မာဒရင်းတရုတ်ဘာသာ: 月橘 (Pinyin: yué jú "moon tangerine")
- တာဂလော့: Kamuning
- Telugu: Nagagolungu[၃]
- တမီး: Kattu Kariyilai or Vengarai (வெங்காரை)[၃]
- ထိုင်း: แก้ว [kɛ̂ːw]
- ဗီယက်နမ်: Nguyệt quế.