ယဉ်ယဉ်မြင့်

ဝီကီပီးဒီးယား မှ

ယဉ်ယဉ်မြင့်
ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်ထမ်းဆောင်စဉ်က ပုံ
ဂျာမနီ နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၉ မေ ၂၀၁၅ – ၈ မေ ၂၀၂၂
ယခင်လူအောင်ကိုကို
ဆက်ခံသူမရှိသေး
ဘရူနိုင်း ဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၂၀၁၂ – ၂၀၁၅
ညွှန်ကြားရေးမှူးချုပ်
လေ့ကျင့်ရေး၊သုတေသန နှင့် နိုင်ငံခြားဘာသာဦးစီးဌာန
နိုင်ငံခြားရေးဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၀၀၉ – ၂၀၁၂
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1955-12-07) ဒီဇင်ဘာ ၇၊ ၁၉၅၅ (အသက် ၆၈)
လူမျိုးမြန်မာ
အလုပ်အကိုင်သံတမန်
ဆုတံဆိပ်များဝဏ္ဏကျော်ထင်

ဒေါ်ယဉ်ယဉ်မြင့် (၁၉၅၅ ဖွား) သည် မြန်မာအမျိုးသမီး သံအမတ်ကြီးတစ်ဦး ဖြစ်သည်။[၁] သူသည် မြန်မာ့နိုင်ငံခြားရေးသမိုင်းတစ်လျှောက် သံအမတ်ကြီး ဒေါ်ခင်ကြည် ပြီးလျှင် နှစ်ပေါင်း ၄၀ အတွင်း ပထမဦးဆုံး ခန့်အပ်ခံရသူဖြစ်သည်။သူသည် ဘရူနိုင်း နှင့် ဂျာမနီ နိုင်ငံ တို့တွင် သံအမတ်ကြီး အဖြစ် တာဝန်ထမ်းခဲ့သည်။

ပညာရေး[ပြင်ဆင်ရန်]

သူသည် ရန်ကုန်ပညာရေးတက္ကသိုလ် မှနေ၍ English ( M.A) ဘွဲ့ရရှိခဲ့သည်။ယင်းအပြင် ပညာတော်သင်ဘဝ ဖြင့် အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ တက္ကသိုလ် မှနေ၍ ၁၉၈၇ ခုနှစ် တွင် နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ ရရှိခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၈၃ ခုနှစ်ကစပြီး နိုင်ငံခြားရေးဝန်ကြီးဌာန တွင် တတိယ အတွင်းဝန်အဆင့်ဖြင့် သံတမန်ရေးရာ တာဝန်များ ထမ်းဆောင်ခဲ့သည်။နှစ်ပေါင်း ၃၀ကျော် သံတမန် တာဝန်များ ထမ်းဆောင်ပြီးနောက် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လေ့ကျင့်ရေး၊ သုတေသနနှင့် နိုင်ငံခြားဘာသာ ဦးစီးဌာန တွင် ညွှန်ကြားရေးမှူးချုပ် အဖြစ် ခန့်အပ်ခံရသည်။၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့တွင် သံအမတ်ကြီးရာထူး တိုးကာ ဘရူနိုင်းနိုင်ငံ သို့ စေလွှတ်ခံရသည်။[၂] ၂၀၁၅ ခုနှစ် ဧပြီ လတွင် ဘရူနိုင်းနိုင်ငံ မှ ဂျာမနီနိုင်ငံ သို့ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် သံအမတ်ကြီး အဖြစ် ပြောင်းရွှေ့သည်။[၃] ထိုတာဝန်အား ၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့အထိ ထမ်းဆောင်ကာ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြန်လာသည်။[၄]

တာဝန်ထမ်းဆောင်ခဲ့မှုများ[ပြင်ဆင်ရန်]

  • ၁၉၈၃ - ၁၉၈၅ ကာလ နိုင်ငံခြားရေးဝန်ကြီးဌာန ဌာနခွဲမှူး/ တတိယအတွင်းဝန်၊
  • ၁၉၈၅ - ၁၉၈၇ ကာလ အမေရိကန်ပြည်ထောင်စုတွင် ပညာတော်သင် စေလွှတ်ခံရ၊
  • ၁၉၈၉ -၁၉၉၀ ကာလ နိုင်ငံခြားရေးဝန်ကြီးဌာန ဌာနခွဲမှူး၊
  • ၁၉၉၀ - ၁၉၉၃ ကာလ ဒုတိယ/ပထမအတွင်းဝန် ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ရုံး၊ ဂျီနီဗာ၊
  • ၁၉၉၄ - ၁၉၉၅ ကာလ လက်ထောက်ညွှန်ကြားရေးမှူး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် စီးပွားရေးဌာန၊နိုင်ငံခြားရေးဝန်ကြီးဌာန၊
  • ၁၉၉၅ - ၁၉၉၈ ကာလ ဒုတိယညွှန်ကြားရေးမှူး၊ သုတေသနဌာနခွဲ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
  • ၁၉၉၈ - ၂၀၀၁ ကာလ ဒုတိယသံရုံး အကြီးအကဲ ၊ မြန်မာနိုင်ငံသံရုံး၊ ရောမမြို့၊
  • ၂၀၀၁ - ၂၀၀၅ ကာလ အရှေ့အာရှနှင့် ပစိဖိတ်ဌာနခွဲ ညွှန်ကြားရေးမှူး၊ နိုင်ငံရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊
  • ၂၀၀၅ - ၂၀၀၇ ကာလ ဒုသံရုံး အကြီးအကဲ မြန်မာသံရုံး ဝါရှင်တန်ဒီစီ၊
  • ၂၀၀၇ - ၂၀၁၂ ကာလ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ် လေ့ကျင့်ရေးသုတေသနနှင့် နိုင်ငံခြားဘာသာဦးစီးဌာန နိုင်ငံခြားရေးဝန်ကြီးဌာန၊
  • ၂၀၁၂ - ၂၀၁၅ ကာလ ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၊
  • ၂၀၁၅ - ၂၀၂၂ ကာလ ဂျာမနီနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး။[၅]

ချီးမြှင့်ခံရသောဆု[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ  ၁၇  ရက် တွင် နိုင်ငံတော်က သူ့ကို ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၆]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျမအပေါ်မှာ ကန့်သတ်ခွဲခြားထားတာတွေ ဘာမှ မရှိပါဘူး လို့ ပြောတဲ့ ပထမဆုံး အမျိုးသမီး သံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့် အင်တာဗျူးThe Irrawaddy (၃၁ ဇူလိုင် ၂၀၁၅)။ ၇ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. နှစ် ၄၀ ကျော်အတွင်း ပထမဆုံး အမျိုးသမီး သံအမတ် ခန့်အပ်The Irrawaddy (၁၇ စက်တင်ဘာ ၂၀၁၂)။ ၇ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. “Cultural Diplomacy to Enhance Greater Understanding and Admiration between People”Berlin Global (1 July 2016)။ 7 May 2024 တွင် ပြန်စစ်ပြီး။
  4. Myanmar downgrades diplomatic ties with Australia, Brunei and GermanyEleven Media Group (29 June 2022)။ 7 May 2024 တွင် ပြန်စစ်ပြီး။
  5. Ambassadors in Germany H.E. YIN YIN MYINTDiplomatisches Magazin (19 May 2015)။ 7 May 2024 တွင် ပြန်စစ်ပြီး။
  6. ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၇ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။