မာတိကာသို့ ခုန်သွားရန်

မွှေးမွှေးခိုင်

ဝီကီပီးဒီးယား မှ
H.E

မွှေးမွှေးခိုင်
အီတလီနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၂၁ အောက်တိုဘာ ၂၀၁၉
ယခင်လူမြင့်နောင် [၁]
ဒုတိယအမြဲတမ်းကိုယ်စားလှယ်
ကုလသမဂ္ဂဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး
နယူးယောက်မြို့
တာဝန်သက်တမ်း
စက်တင်ဘာ ၂၀၁၇ – ၂၁ အောက်တိုဘာ ၂၀၁၉
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၃
လူမျိုးမြန်မာ
အလုပ်အကိုင်သံတမန်

ဒေါ်မွှေးမွှေးခိုင် (၁၉၆၃ ဖွား) သည် မြန်မာလူမျိုး သံအမတ်ကြီးတစ်ဦး ဖြစ်သည်။မြန်မာ့သမိုင်းတစ်လျှောက် ဒေါ်ခင်ကြည် ပြီးနောက် ဆဌမမြောက်ခန့်အပ်ခံရသည့် အမျိုးသမီးသံအမတ်ကြီးတစ်ဦး ဖြစ်ပြီး သူ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ခန့်အပ်ခဲ့သည်။လက်ရှိတွင် အီတလီနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည်။[၂]ယင်းမတိုင်မီက သူသည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့မှ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဖြစ်ခဲ့သည်။[၃]

ပညာရေး[ပြင်ဆင်ရန်]

သူသည် ရန်ကုန်တက္ကသိုလ် မှနေ၍ အင်္ဂလိပ်စာဘာသာရပ် ဖြင့် ၁၉၈၃-၁၉၈၄ ခုနှစ် တွင် ဘီအေဘွဲ့ ရရှိခဲ့သည်။ယင်းနောက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး  နိုင်ငံခြားရေးဝန်ကြီးဌာန သို့  အလုပ်ဝင်ရောက်လာသည်။ထိုစဉ်က လူ၃၀ သာ ဝင်ခွင့်အောင်မြင်ခဲ့ပြီး ထိုထဲအမျိုးသမီး ၅ဦးသာပါရာ သူက တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ သံရေး၊တမန်ရေးတာဝန်များကို  အောက်ခြေအဆင့်မှနေ၍ ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။သံတမန်လောက တွင် နှစ်ပေါင်း၂၅ နှစ်ကျော် ကျင်လည်ခဲ့ပြီးနောက် ၂၀၁၁ခုနှစ် ဇူလိုင်လ တွင် ဗီယက်နမ်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊သံရုံးယာယီတာဝန်ခံ ဖြစ်လာသည်။[၄]ယင်းနောက်  နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ပြန်လည်ဝင်ရောက်ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်စီးပွားရေးဦးစီးဌာန တွင် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်သည်။ ၂၀၁၇ခုနှစ် စက်တင်ဘာလ အရောက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး (နယူးယောက်မြို့)၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ် အဖြစ် တာဝန်ပေးခံရသည်။[၅]ယင်းတာဝန်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းကာလအထိ တာဝန်ထမ်းသည်။သူသည် ထိုတာဝန်ထမ်းဆောင်စဉ် ရခိုင်ပြည်နယ်အရေးကိစ္စ နှင့် ပတ်သတ်ပြီး ကုလသမဂ္ဂ တွင် မြန်မာကိုယ်စားဝင်ဖြေရှင်းပေးရသူတစ်ဦး အနေဖြင့် ပါဝင်ခဲ့ရသည်။[၆]

သံအမတ်ကြီးဘဝ[ပြင်ဆင်ရန်]

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၁ရက် တွင်  နိုင်ငံတော်သမ္မတဦးဝင်းမြင့် က သူ့ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး(နယူးယောက်မြို့)၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ် အဖြစ်မှ အီတလီသမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ရာ မြန်မာ့သမိုင်းတစ်လျှောက် ဆဌမမြောက်အမျိုးသမီးသံအမတ်ကြီး ဖြစ်လာသည်။၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၉ ရက်နေ့တွင်  ယင်းတာဝန် ဝတ္တရားအပြင် ရိုမေးနီးယားနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း၊[၇] ၂၀၂၀ပြည့်နှစ် ဩဂုတ် ၁၃ ရက်တွင် ပေါ်တူဂီသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း၊ဆက်၍ ၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့ တွင် ဟယ်လင်းနစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်လည်းကောင်း ပူးတွဲတာဝန်များအသီးသီးပေးအပ်ခဲ့သည်။[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. အီတလီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်နောင် ရောမမြို့တွင် ကျင်းပပြုလုပ်သော အာဆီယံနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ခြင်းMYANMAR NATIONAL PORTAL (၉ ဩဂုတ် ၂၀၁၉)။ ၁၃ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. Myanmar Ambassador summoned to the Foreign MinistryItalian Goverment (2 March 2021)။ 8 June 2024 တွင် ပြန်စစ်ပြီး။
  3. မြန်မာ အမျိုးသမီး သံအမတ်ကြီးနဲ့ ဘီဘီစီ မေးမြန်းခန်းBBC News မြန်မာ (၈ ဖေဖော်ဝါရီ ၂၀၂၀)။ ၈ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဇနီးဒေါ်ခင်ခင်ဝင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာငုယင်တန်စွန်းနှင့်ဇနီးတို့အားဂုဏ်ပြုကြိုဆို၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့ထုတ်၊မြန်မာ့အလင်းသတင်းစာ မျက်နှာဖုံး (၂၁ ဒီဇင်ဘာ ၂၀၁၁)။ ၈ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. Myanmar's deputy UN ambassador, H.E. Ms. Hmway Hmway Khyne, rings the Bell of World Peace and Love and makes a wish for everlasting peace in the worldFederation of World Peace and Love (21 September 2017)။ 8 June 2024 တွင် ပြန်စစ်ပြီး။
  6. မြန်မာနိုင်ငံအပေါ် စောင့်ကြည့်အစီရင်ခံနေသည့် ယန္တရား ခုနစ်ခုထက်မနည်းရှိပြီး ကုလသမဂ္ဂ၏ အချိုးကျထည့်ဝင်ကြေးများမှ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အကုန်အကျခံခဲ့ဟု မြန်မာဒုတိယအမြဲတမ်းကိုယ်စားလှယ် ပြောကြားEleven Media Group (၉ အောက်တိုဘာ ၂၀၁၉)။ ၈ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. Daw Hmway Hmway Khyne concurrently accredited as Ambassador of Myanmar to RomaniaMyanmar Digital News (9 Jul 2020)။ 8 June 2024 တွင် ပြန်စစ်ပြီး။
  8. ဒေါ်မွှေးမွှေးခိုင်အား ဟယ်လင်းနစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်၂၀၂၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၂) (၂၂ စက်တင်ဘာ ၂၀၂၀)။ ၈ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။