မွန်တံတား

ဝီကီပီးဒီးယား မှ
မွန်ဆရာတော်ဥတ္တမ၏ မွန်တံတား
สะพานอุตตมานุสรณ์
ကိုဩဒိနိတ်15°08′25″N 98°26′58″E / 15.14020°N 98.44938°E / 15.14020; 98.44938ကိုဩဒိနိတ်: 15°08′25″N 98°26′58″E / 15.14020°N 98.44938°E / 15.14020; 98.44938
သယ်ဆောင်မှုလမ်းကြောင်းနှစ်ခု
ဖြတ်သန်းမှုစော်ကလင်မြစ်
တည်နေရာနောင်လို၊ စံခလဘူရီ,ကန်ချနဘူရီ
အချက်အလက်များ
တံတားဒီဇိုင်းသစ်သားခြေလျင်
စုစုပေါင်းအရှည်၈၅၀ မီတာ
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန်၁၉၈၆
ဖွင့်လှစ်သည့်နေ့၁၉၈၇

မွန်ဆရာတော်ဥတ္တမ၏ မွန်တံတား ( ထိုင်း: สะพานอุตตมานุสรณ์; สะพานมอญ; မွန်: ဒဒန်ဆု) နှင့် သစ်သားမွန်တံတား (สะพานไม้มอญ ) သည် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ ခရိုင်၏ အနောက်မြောက်ဘက်၊ နောင်လိုခရိုင်ရှိ စံခလဘူရီမြို့ရှိ သစ်သားခြေလျင်တံတား ဖြစ်ပြီး စော်ကလင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသည်။

ဤတံတားသည် ထိုင်းနိုင်ငံတွင် အရှည်ဆုံးသစ်သားတံတားဖြစ်ပြီး မန္တလေးမြို့ရှိ ဦးပိန်တံတားပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယအရှည်ဆုံးသစ်သားတံတားဖြစ်ကာ စုစုပေါင်း ၈၅၀ မီတာ ရှည်လျားသည်။

ဝေါင်းဝီဝေကာရာဘုန်းတော်ကြီးကျောင်းဆရာတော်ဖြစ်သည့် မွန်ဘုန်းတော်ကြီး ဆရာတော် ဦးဥတ္တမက ဦးဆောင်ကာ ဒေသခံများနှင့် စုပေါင်း တည်ဆောက်ခဲ့သည်။ တံတားကို ဒေသခံမွန်လုပ်သားများနှင့် ၁၉၈၆ ခုနှစ်တွင် စတင်ခဲ့ပြီး နောက်တစ်နှစ်တွင် ပြီးစီးခဲ့သည်။

ဤတံတားကို မရဏရထားလမ်းစိုင်းယိုနိုး ရေတံခွန်နှင့်သုံးဘုရားသုံးဆူ တောင်ကြားလမ်းများနှင့် အတူ ကန်နချပူရီရှိ ဆွဲဆောင်မှုရှိသော နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ဒေသခံများက နေ့စဉ်လုပ်ရိုးလုပ်စဉ်အဖြစ် သံဃာများအားဆွမ်းလောင်းခြင်းဖြင့် တံတားကိုဖြတ်၍ လမ်းလျှောက်ကြသည်။[၁]

၂၀၁၃ နှစ်လယ်ပိုင်းတွင် ထူယိုင်နရယ်စွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးခြင်းများကြောင့် တံတားပျက်စီးခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. สะพานอุตตมานุสรณ์ (สะพานมอญ) (in ထိုင်း)။[လင့်ခ်သေ]
  2. "สะพานมอญซ่อมเสร็จแล้วพร้อมเปิดใช้18ต.ค." (in ထိုင်း)၊ ယနေ့တင်ရန်၊ ၂၀၁၄-၁၀-၁၇။ ၂၀၁၉-၀၁-၂၁ တွင် ပြန်စစ်ပြီး။ Archived from the original on 16 September 2020။