မြို့ပြမုဆိုး (ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ)

ဝီကီပီးဒီးယား မှ
မြို့ပြမုဆိုး
City Hunter
အမျိုးအစားအက်ရှင်
သည်းထိတ်ရင်ဖို
အချစ်
ရေးသားသူHwang Eun-kyung
Choi Soo-jin
ဒါရိုက်တာဂျင်​ဟော့
သရုပ်ဆောင်လီမင်ဟို
ပတ်မင်​ယောင်း
အဖွင့်တီးလုံး"It's Alright" by Yang Hwa-jin
အပိတ်တီးလုံး"Suddenly" by Kim bo-kyung
နိုင်ငံ တောင်ကိုရီးယား
ဘာသာစကားကိုရီးယား
အပိုင်းပေါင်း၂၀
ထုတ်လုပ်မှု
အမှုဆောင် ထုတ်လုပ်သူKim Eui-joon
ထုတ်လုပ်သူKim Young-sup
Sebastian Dong-hun Lee
ရိုက်ကူးသည့် နေရာကိုရီးယားနိုင်ငံထိုင်းနိုင်ငံ
ပြသချိန်Wednesdays and Thursday at 21:55 (KST)
ထုတ်လုပ်သည့် ကုမ္ပဏီSSD
ထုတ်လွှင့်မှု
မူရင်းရုပ်သံလိုင်းSBS
မူလပြသမှု၂၅ မေ ၂၀၁၁ (၂၀၁၁-၀၅-၂၅) – ၂၈ ဇူလိုင် ၂၀၁၁ (၂၀၁၁-၀၇-၂၈)
ဇာတ်လမ်းတွဲစဉ်
ယခင်ဇာတ်လမ်း49 Days
ပြင်ပလင့်(ခ်)များ
ဝက်ဘ်ဆိုဒ်

မြို့ပြမုဆိုးသည် ​တောင်ကိုရီးယားနိုင်ငံတွင် ​၂၀၁၁ခုနှစ် ​မေလ၂၅ရက်​နေ့မှ ဇူလိုင် ၂၈ရက်​နေ့အထိထုတ်လွှင့်ပြသခဲ့​သောဇာတ်လမ်းတွဲဖြစ်သည်။လီမင်ဟိုနှင့် ပတ်မင်​ယောင်းတို့မှ သရုပ်​ဆောင်ထားသည်။ ဂျပန်ကာတွန်း City Hunter ကိုအ​​ခြေခံ၍ရိုက်ကူးထားခြင်းဖြစ်သည်။

အကျဉ်းချုပ်[ပြင်ဆင်ရန်]

သမ္မတ ဦးစန်းယုလက်ထက်က ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သည့်အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုမှစတင်ခဲ့သည်။၁၉၈၃ ​အောက်တိုဘာတွင် မြန်မာပြည်သို့ ​တောင်ကိုရီးယားသမ္မတ ​ခေါင်း​ဆောင်​သောသံအဖွဲ့လာ​ရောက်ကြသည်။ထို​တောင်ကိုရီးယားသမ္မတအားလုပ်ကြံရန်​မြောက်ကိုရီးယားမှ လုပ်ကြံသူ၃ဦး​စေလွှတ်ခဲ့သည်။ကံ​ကောင်းစွာပင် သမ္မတမှာ​သေဆုံးသွားခြင်းမရှိ​ပေ။သို့​သော် အဆင့်မြင့်အရာရှိများ​သေဆုံးသွားခဲ့သည်။ထိုအ​ကြောင်းကိုမ​ကျေနပ်၍​​မြောက်ကိုရီးယားထိပ်တန်းအရာရှိများအားလုပ်ကြံရန်တောင်ကိုရီးယား ထိပ်တန်းအရာရှိ ၅ဦးမှာ လျှို့ဝှက်စစ်ဆင်​ရေးတစ်ခုဆင်နွှဲခဲ့ကြသည်။ပြဿနာတစ်ခုမှာ ထိုကိစ္စကို လူသိရှင်ကြားလုပ်ပါက အ​မေရိကန်နှင့် နယူးကလီးယားကာကွယ်​ရေးကိစ္စပြဿနာတက်မည်စိုး၍တိတ်တဆိတ်လုပ်​ဆောင်ခဲ့သည်။ထိုတပ်ဖွဲ့ကို မြန်မာပြည်တွင်လုပ်ကြံမှုမှ လွတ်​မြောက်လာသည့် သမ္မတသက်​တော်​စောင့်၂ဦးဖြစ်​သော လီဂျင်ဖြိုနှင့် ပတ်မူ​ယောင်းမှဦး​ဆောင်သည်။စစ်ဆင်​ရေး​အောင်မြင်​သော်လည်း လီဂျင်ဖြိုတစ်​ယောက်သာအသက်ရှင်ခဲ့သည်။ စစ်ဆင်​ရေးတွင်ပါဝင်​သော လူ၂၁​ယောက်လုံး၏အချက်အလက်များကို​ဖျောက်ခဲ့ကြသည်။လီဂျင်ဖြိုမှာ ပတ်မူ​ယောင်း၏​မွေးစ က​လေးငယ်ကိုခိုးယူ​မွေးစားကာ မြန်မာ၊ထိုင်း၊လာအိုနယ်စပ်ရှိ ​ရွှေတြိဂံ​ဒေသတွင်သွား​ရောက်အ​ခြေချကာ ဒုစရိုက်လုပ်ငန်းများဖြင့်ချမ်းသာလာသည်။က​လေးကိုလည်း လီယွန်းဆန်းဟုအမည်​ပေးကာ ပြုစုပျိုး​ထောင်ခဲ့သည်။အ​မေရိကန်၊မတ်ဆာချူးဆတ်မှMIT နည်းပညာတက္ကသိုလ်မှ ဘွဲ့ရပြီး​နောက် ​တောင်ကိုရီးယားနိုင်ငံ၊အိမ်ပြာ​တော်တွင် အလုပ်ဝင်​ရောက်ကာ လက်တုံ့ပြန်ရန်အစီအစဉ်စတင်ခဲ့သည်။လီမှ ကိုရီးယားသို့သွားမည်သူ၏သားကိုအချစ်ကိုမယုံဘဲ လက်တုံ့ပြန်မည့်အစီအစဉ်ကိုသာအာရုံစိုက်ရန်သင်​ပေးလိုက်သည်။

အိမ်ပြာ​တော်တွင် လီယွန်းဆန်းမှာ သက်​တော်​​စောင့်ကင်နာနာနှင့်​တွေ့ဆုံခဲ့သည်။​နောက်တွင် ရည်ရွယ်ချက်တူ​နေ၍ လက်တုံ့ပြန်မည့်အစီအစဉ်တွင် ကင်နာနာပါ ပါဝင်လာသည်။ထိုမှ တစ်ဆင့်အရာရှိ ၅ဦးကိုတစ်ဦးချင်းသတ်ခဲ့သည်။

​နောက်ဆုံးတွင် လီယွန်းဆန်းမှာ ပတ်မူ​ယောင်း၏သားမဟုတ်ဘဲ လက်ရှိသမ္မတ ချွိုင်အွန်းချန်း၏သားဖြစ်​နေသည်။ချွိုင်မှာ စစ်ဆင်​ရေး​စေလွှတ်သူအရာရှိ ၅​ယောက်တွင်ပါဝင်ခဲ့ကာ သူမှာစစ်ဆင်​ရေးကိုရပ်ခဲ့ချင်​သော်လည်းအခြား၄​ယောက်​​က ဆက်လက်​စေလွှတ်ခဲ့သည်။​နောက်ဆုံးတွင် လီယွန်းဆန်းလုပ်ကြံရမည့်သူမှာ သူ၏ဖခင်ဖြစ်​နေ​လေသည်။

ရိုက်ကူးခြင်း[ပြင်ဆင်ရန်]

အဓိက[ပြင်ဆင်ရန်]

  • လီမင်ဟို~ လီယွန်းဆန်း၊ပူချိုင်း (ထိုင်းအမည်)
  • ပတ်မင်​ယောင်း~ကင်နာနာ 

သမ္မတ သက်​တော်​စောင့်

  • လီဂျွန်​ယောက်~ ကင်ယွန်ဂျူ

အရာရှိ၅​ယောက်​သေဆုံး​​သောအမှုကိုစုံစမ်း​နေ​သော စုံစမ်း​ရေးမှူး

  • ကင်ဆန်ဂျိုး~လီဂျင်ဖြို

ယခင်ကသမ္မတသက်တော်​စောင့်ဖြစ်ပြီး စစ်ဆင်​ရေးအပြီးလက်တုံ့ပြန်ရန်ကြိုးပမ်းခဲ့သူ

  • ကင်ဆန်းဟို~ဘယ်မန်​ဒေါက်

ထိုင်းတွင် လီယွန်းဆန်းမှကယ်တင်ခဲ့ပြီး လီယွန်းဆန်း၏ထမင်းချက်ဖြစ်လာသူ

  • ချွန်ဟွန်ဂျင်း~ချွိုင်အွန်းချန်း

မျက်​မှောက်​ခေတ် သမ္မတ၊လီယွန်းဆန်း၏ အ​ဖေအစစ်

ကိုးကား[ပြင်ဆင်ရန်]