မြန်မာပြည် လွတ်လပ်ရေး အမျိုးသမီးအဖွဲ့

ဝီကီပီးဒီးယား မှ

ဗမာပြည်လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ လို့လည်း ခေါ်ဝေါ်ပါတယ်။ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ရဲ့ အကျိုးဆက် အဖြစ် ပေါ်ထွန်း လာတာ ဖြစ်ပါတယ်။ ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီ-၂၉ ရက်နေ့မှာ ရွှေတိဂုံ အလယ်ပစ္စယံ ကွက်လပ်မှာကျင်းပတဲ့ ရန်ကုန်မြို့လုံး ဆိုင်ရာ မြို့လုံးကျွတ် အစည်းအဝေးကြီး တရပ်ကနေ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၉၁ ဌာန အုပ်ချုပ်ရေးသစ် ဆန့်ကျင်ရေး၊ ဖောက်ပြန်တဲ့ ညွန့်ပေါင်း အစိုးရသစ် ဖြုတ်ချရေး၊ နယ်ချဲ့ ဆန့် ကျင်ရေး၊ ဗမာပြည် လွတ်လပ်ရေး တို့အတွက် အမျိုးသမီးထု တရပ်လုံး ပါဝင် ဆောင်ရွက်နိုင်ရေး တွေရည်စူးပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ အဖြစ် ဒီးဒုတ် ဦးဘချို ရဲ့ဇနီး ဒေါ်လှမေ က ဆောင်ရွက်ပြီး အတွင်းရေးမှူး အဖြစ် မခင်မြ (ခင်မျိုးချစ်) က ဆောင်ရွက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့ နောက်မှာတော့ အဖွဲ့ရဲ့ အမည်ကို ဗမာပြည်လွတ်လပ်ရေးအမျိုးသမီး အစည်းအရုံး လို့ ပြောင်းလဲ ခေါ်ဝေါ် ဖွဲ့စည်းပါတယ်။ ဥက္ကဋ္ဌ ဒေါ်ခင်လှ၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်သဲညွန့်၊ အတွင်းရေးမှူး ဒေါ်မြတင် တို့ ခေါင်းဆောင်တဲ့ အမျိုးသမီး အဖွဲ့အစည်းကြီး ဖြစ်လာခဲ့ပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။