မြန်မာပလာဇာ

ဝီကီပီးဒီးယား မှ
မြန်မာပလာဇာ
တည်နေရာရန်ကုန်မြို့, မြန်မာ
ကိုဩဒိနိတ်16°49′42″N 96°09′18″E / 16.8282°N 96.1550°E / 16.8282; 96.1550ကိုဩဒိနိတ်: 16°49′42″N 96°09′18″E / 16.8282°N 96.1550°E / 16.8282; 96.1550
ဖွင့်လှစ်သည့်နေ့စွဲ5 December 2015
တည်ဆောက်သူHoang Anh Gia Lai (HAGL)
ပိုင်ရှင်Hoang Anh Gia Lai (HAGL)
ဆိုင်ခန်းအရေအတွက်နှင့် ဝန်ဆောင်မှုများ~100
လက်လီဆိုင်ခန်း အရေအတွက်3
အထပ်အရေအတွက်5

မြန်မာပလာဇာ သည် ရန်ကုန်မြို့တွင် တည်ရှိသည့် ကြီးမားသည့် ဈေးဝယ်ထွက်နိုင်သည့်နေရာ (ရှော့ပင်းမော) တစ်ခု ဖြစ်သည်။[၁][၂] ပလာဇာတွင် လက်လီရောင်းရာ နေရာများပါဝင်သည်။ ထိုနေရာများတွင် အိမ်သုံးပစ္စည်းများ၊ လျှပ်စစ်စတိုးများ၊ နေ့စဉ်သုံးပစ္စည်းများ၊ အလှနှင့် ဖက်ရှင်ပစ္စည်းများ ပါဝင်သည်။ ၄,၀၀၀ စတုရန်း မီတာ (၄၃,၀၅၆ စတုရန်းပေ) ကျယ်ဝန်းသည့် ကဖေးများ၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ခန်းများလည်း ရှိသည်။ ၂,၀၀၀ စတုရန်း မီတာ (၂၁,၅၂၈ စတုရန်းပေ) ရှိသည့် နေရာကို ပြင်ပတွင် ကုန်ခြောက်ဈေးနေရာအဖြစ်လည်း ဖွင့်လှစ်ထားသည်။[၃]

သမိုင်း[ပြင်ဆင်ရန်]

မြန်မာပလာဇာကို ၂၀၁၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖွင့်လှစ့်သည်။ ဗီယက်နမ်နိုင်ငံ၏ Hoang Anh Gia Lai (HAGL)ကုမ္ပဏီက ပိုင်ဆိုင်သည်။[၄] မြန်မာပလာဇာသည် မြန်မာစင်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ မြန်မာစင်တာသည် ဒေါ်လာ သန်း ၄၄၀ ကုန်ကျကာ တည်ဆောက်ထားသည့် ရုံးခန်းများ၊ ဟိုတယ်များ စသည်တို့ ပါဝင်သည့် အဆောက်အဦး ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် စပိန်လူမျိုး ပိုင်ဆိုင်သည့် Meliá Yangon သည် ပလာဇာနှင့် တွဲဆက်ခဲ့သည်။ Meliá Yangon သည် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခု ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ပြီးစီးခဲ့သည်။[၅]

တည်နေရာ[ပြင်ဆင်ရန်]

မြန်မာပလာဇာသည် မြန်မာစင်တာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် တည်ရှိသည်။ ကမ္ဘာအေးဘုရားလမ်းနှင့် အမှတ် (၁) စက်မှုလမ်းမတို့ ဖြတ်ရာနေရာတွင် တည်ရှိသည်။[၆]

ပွဲများ[ပြင်ဆင်ရန်]

မြန်မာပလာဇာတွင် ကြီးမားသည့် အရောင်းမြှင့်တင်သည့် ခန်းမများသည် အတွင်းနှင့် အပြင်တွင် ရှိကြသည်။ ပွဲများကို ကျင်းပကြသည်။[၇][၈]

ဖြစ်ရပ်များ[ပြင်ဆင်ရန်]

၂၀၂၁ခု နိုဝင်ဘာလ ၁၅ရက်တွင် မြန်မာပလာဇာအတွင်း ဆန္ဒပြလူငယ်အချို့အား ပလာဇာရှိ လုံခြုံရေးဝန်ထမ်းများက ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး[၉] ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီးနောက်၊ ပြည်သူအများက မြန်မာပလာဇာအပေါ် သပိတ်မှောက်ခဲ့ကြသည်။[၁၀][၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Yangon (Rangoon)။ 29 August 2017 တွင် ပြန်စစ်ပြီး။
  2. Myanmar (Burma)။ 29 August 2017 တွင် ပြန်စစ်ပြီး။
  3. Myanmar Plaza to Open on December 5th။ 30 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2017 တွင် ပြန်စစ်ပြီး။
  4. Myanmar Plaza Open for Business။ 29 August 2017 တွင် ပြန်စစ်ပြီး။
  5. Yangon's Vietnamese Development Lands Melia Hotel။ 30 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2017 တွင် ပြန်စစ်ပြီး။
  6. New International Style Shopping Plaza in Yangon။ 23 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 August 2017 တွင် ပြန်စစ်ပြီး။
  7. A Sneak Peek Inside Myanmar Plaza။ 29 August 2017 တွင် ပြန်စစ်ပြီး။
  8. Toyota Vios Official Launch Event at Myanmar Plaza။ 29 August 2017 တွင် ပြန်စစ်ပြီး။
  9. မြန်မာပလာဇာရှိ ဆိုင်ခန်းအချို့ပိတ်ထားကာ အဝင်အထွက်မရှိသလောက်နည်းပါးသွားပြီး ပလာဇာပတ်လည်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ချထားEleven Media Group (၂၀၂၁-၁၁-၂၆)။ 2021-11-27 တွင် ပြန်စစ်ပြီး။
  10. မြန်မာပလာဇာ ဆန္ဒပြမှုနဲ့ ဈေးမဝယ်ရေး လှုပ်ရှားမှုဘီဘီစီ (၂၀၂၁-၁၁-၂၆)။ 2021-11-27 တွင် ပြန်စစ်ပြီး။
  11. ခြောက်ကပ်သွားသည့် မြန်မာပလာဇာကို စစ်တပ်က လုံခြုံရေး အပြည့်ချထားMyanmar Now (၂၀၂၁-၁၁-၂၆)။ 2021-11-27 တွင် ပြန်စစ်ပြီး။