မြန်မာနိုင်ငံဆေးကောင်စီ
ဤဆောင်းပါး သည် ပင်မရင်းမြစ်များပေါ်တွင် အများဆုံးမှီခို ကိုးကားထားသည်။ |
မြန်မာနိုင်ငံဆေးကောင်စီကို ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေ အရ စတင်ဖွဲ့စည်းခဲ့သည်။ [၁][၂] ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေကို ရုပ်သိမ်းပြီးနောက် မြန်မာနိုင်ငံဆေးကောင်စီနှင့် အလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် ပြဋ္ဌာန်းသည့် မြန်မာနိုင်ငံဆေးကောင်စီဥပဒေ အရ ဖွဲ့စည်းထားသည်။ [၃]
အတိုကောက် | MMC |
---|---|
ဌာနချုပ် | ၁၂၃၊ နတ်မောက်လမ်း၊ ဗဟန်းမြိုနယ် |
ဝက်ဘ်ဆိုဒ် | https://www.myanmarmedicalcouncil.org.mm/ |
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]နာယကအဖွဲ့
[ပြင်ဆင်ရန်]နာယကအဖွဲ့တွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဝါရင့်အငြိမ်းစားဆေးပညာရှင်နှစ်ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးသည်။ [၄]
ကောင်စီ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံဆေးကောင်စီကို နာယကအဖွဲ့က ဖွဲ့စည်းပြီး ၆၅ ဦးထက်မပိုသော အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည်။ [၅] ကောင်စီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ လေးနှစ် ဖြစ်သည်။ အခန်း ၃၊ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၁၀) အပုဒ်ခွဲ (က)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ</ref>
- ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန
- ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန
- ညွှန်ကြားရေးမှူးချုပ်၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးဦးစီးဌာန
- ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန
- ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
- အဆင့်မြင့်အရာရှိကြီးတစ်ဦး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
- တစ်ဆယ်ဦးထက်မပိုသော ဆေးတက္ကသိုလ်ပါမောက္ခချုပ်များ
- မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်နှစ်ဦး
- မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်နှစ်ဦး
- ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူးများ
- ဆေးတက္ကသိုလ်များမှ ဥပဒေရေးရာဆေးပညာဌာန ဝါရင့်ပါမောက္ခဌာနမှူးတစ်ဦး
- ကောင်စီ၏လုပ်ငန်းများတွင် စိတ်ပါဝင်စား၍ အများပြည်သူ၏ ယုံကြည်လေးစားမှုကို ရရှိသော အငြိမ်းစားဆရာဝန်ကြီးခုနစ်ဦး
- ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မှတ်ပုံတင် ဆရာဝန်များက ရွေးချယ်တင်မြှောက်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် မှတ်ပုံတင်ဆရာဝန်တစ်ဦးစီ
- အများပြည်သူက ယုံကြည်လေးစားသော ဆရာဝန်မဟုတ်သည့် ပုဂ္ဂိုလ်နှစ်ဦး
အလုပ်အမှုဆောင်အဖွဲ့
[ပြင်ဆင်ရန်]ကောင်စီဝင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေးချယ်ထားပြီးသော ကောင်စီဝင်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်သည်။ [၆] အလုပ်အမှုဆောင်အဖွဲ့ကို နာယကအဖွဲ့က ဖွဲ့စည်းပြီး အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည်။ [၇]
- ကောင်စီဥက္ကဋ္ဌ
- ကောင်စီဒုတိယဥက္ကဋ္ဌ
- ကောင်စီဝင် (၁၀) ဦး
- ကောင်စီအတွင်းရေးမှူး
- ကောင်စီတွဲဖက်အတွင်းရေးမှူး
- ကောင်စီဘဏ္ဍာရေးမှူး
အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၆-၂၀၂၀)
[ပြင်ဆင်ရန်]ဒေါက်တာမြင့်ထွေး၊ ဝန်ကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန | နာယက |
ပါမောက္ခသိန်းညွန့် | နာယက |
ပါမောက္ခမောင်မောင်ဝင့် | နာယက |
ပါမောက္ခဆင်မြူရယ်ကျော်လှ | ဥက္ကဋ္ဌ |
ပါမောက္ခခင်မောင်အေး | ဒုတိယဥက္ကဋ္ဌ |
ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန | အဖွဲ့ဝင် |
ညွှန်ကြားရေးမှူးချုပ်၊ ဆေးဘက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲ ရေးဦးစီးဌာန | အဖွဲ့ဝင် |
အဆင့်မြင့်အရာရှိကြီး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) | အဖွဲ့ဝင် |
ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန် | အဖွဲ့ဝင် |
ပါမောက္ခချုပ်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် | အဖွဲ့ဝင် |
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ | အဖွဲ့ဝင် |
ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း | အဖွဲ့ဝင် |
ပါမောက္ခမြသိန်းဟန် | အဖွဲ့ဝင် |
ပါမောက္ခအေးမောင်ဟန် | အဖွဲ့ဝင် |
ပါမောက္ခရဲမြ | အဖွဲ့ဝင် |
ပါမောက္ခနေဝင်း | အဖွဲ့ဝင် |
ပါမောက္ခအေးအောင် | အဖွဲ့ဝင် |
ဒေါက်တာတင်ညွန့် | ဘဏ္ဍာရေးမှူး |
ပါမောက္ခကြူကြူသင်း | အတွင်းရေးမှူး |
ဒေါက်တာဝေမြင့် | တွဲဖက်အတွင်းရေးမှူး |
အထူးဆေးကုသခွင့်လိုင်စင်
[ပြင်ဆင်ရန်]မြန်မာနိုင်ငံဆေးကောင်စီသည် မြန်မာနိုင်ငံသား ဆရာဝန်များအား အထူးဆေးကုသခွင့်လိုင်စင် (Specialist Licence) ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်ပေးခဲ့သည်။ ယင်းလိုင်စင်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် အထူးကုဆရာဝန်အဖြစ် ခန့်အပ်ခံရပြီးသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ပါရဂူအဖြစ်ခန့်အပ်ခံရပြီးသူများ၊ ဆေးပညာမဟာသိပ္ပံဘွဲ့ရရှိပြီးနောက် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၏ ကြီးကြပ်မှုအောက်တွင် အနည်းဆုံး၂ နှစ်တာဝန်ထမ်းဆောင်ပြီးကြောင်း အထောက်အထားပြနိုင်သောဆရာဝန်များကို ထုတ်ပေးသည်။ [၉]
COVID-19 ကပ်ရောဂါနှင့် လိုင်စင်သက်တမ်းကြေး ကင်းလွတ်ခွင့်ပြုခြင်း
[ပြင်ဆင်ရန်]မြန်မာနိုင်ငံဆေးကောင်စီသည် COVID-19 ရောဂါရှာဖွေကုသပေးရာတွင် ရှေ့တန်းမှ စွမ်းစွမ်းတမံ ကြိုးပန်းဆောင်ရွက်ပေးနေသော ဆရာဝန်များကို ဂုဏ်ပြုသည့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖွန်လ ၃၀ ရက်နေ့အတွင်း အထွေထွေဆေးကုသခွင့်လိုင်စင်နှင့် အထူးဆေးကုခွင့်လိုင်စင် သက်တမ်းကြေး ၁ နှစ်စာကို ကင်းလွတ်ခွင့်ပြုခဲ့သည်။ [၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံတော် ဆေးဘက်ဆိုင်ရာအက်ဥပဒေ[လင့်ခ်သေ]
- ↑ https://www.myanmarmedicalcouncil.org.mm/
- ↑ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ[လင့်ခ်သေ]
- ↑ အခန်း ၃၊ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၅)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ
- ↑ အခန်း ၃၊ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၆) အပုဒ်ခွဲ (က)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ]
- ↑ အခန်း ၃၊ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၇)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ
- ↑ အခန်း ၃၊ မြန်မာနိုင်ငံဆေးကောင်စီ ဖွဲ့စည်းခြင်း၊ ပုဒ်မ (၈) အပုဒ်ခွဲ (က)၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေ
- ↑ Members of the Executive Committee (2016-2020), Myanmar Medical Council
- ↑ မြန်မာဆရာဝန်များအတွက် အထူးဆေးကုသခွင့်လိုင်စင် စတင်ထုတ်ပေးမည်၊ 7Day News[လင့်ခ်သေ]
- ↑ မြန်မာနိုင်ငံဆေးကောင်စီကြေညာချက်၊ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၁၁ ရက်[လင့်ခ်သေ]