မြင့်မြင့်ခင် (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
(မြင့်⁠မြင့်​ခင် (ဒေါက်​တာ) မှ ပြန်ညွှန်းထားသည်)
ပါမောက္ခ ဒေါက်တာ

မြင့်⁠မြင့်ခင်

FRCP
အကြံပေးပုဂ္ဂိုလ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (အရှေ့တောင်အာရှ တိုက်ဒေသ (နယူးဒေလီ))
တာဝန်သက်တမ်း
၁၉၈၅ – ၁၉⁠၉၁
အကြံပေးပုဂ္ဂိုလ် ၊ မလေးရှား (UKM) ဆေးတက္ကသိုလ်
တာဝန်သက်တမ်း
၁၉၈၅ – ၁၉၈၅
ဆေးပညာ ပါမောက္ခ/ ဌာနမှူး ဆေးတက္ကသိုလ် (မန္တလေး)
တာဝန်သက်တမ်း
၁၉၆၄ – ၁၉၈၄
ယခင်လူP.R. Mohan
ဆက်ခံသူခင်မောင်ဝင်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1923-12-15)ဒီဇင်ဘာ ၁၅၊ ၁၉၂၃
ပုသိမ်မြို့ ဗြိတိသျှဘားမား
ကွယ်လွန်ဇွန် ၁၉၊ ၂၀၁၄(2014-06-19) (အသက် ၉၀)
ရန်ကုန်မြို့
ကြင်ဖော်(များ)ဒေါက်တာဦးစံဘော်
သားသမီးဥပဒေ ပါမောက္ ဒေါက်တာမြင့်ဇံ
ပညာရေးBA, MBBS, MD, FRCP
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အမေရိကန်ပြည်ထောင်စု Pennsylvania တက္ကသိုလ်

ဒေါက်တာ ဒေါ် မြင့်⁠မြင့်ခင် (၁၉၂၃–၂၀၁၄ ) သည် မြန်မာနိုင်ငံသား ဆရာဝန် တစ်ဦး ဖြစ်ပြီး မြန်မာနိုင်ငံ ဆေးပညာသမိုင်းကို ဦးဆောင်ခဲ့သူများအနက် တစ်ဦး ဖြစ်သည့်အပြင်၊ ကျန်းမာရေး၊ ပညာရေး နယ်ပယ်နှင့် ပတ်သက်၍ အသိပညာပေး စာများ ရေးသားခဲ့သည့် ဆေးပညာ ပါမောက္ခ ဆရာမကြီးဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဆရာမကြီးသည် ပညာဉာဏ်ကြီးမြင့်သလောက် ဝီရိယကြီးပေသည်။ စိတ်သဘော ထားကြီးမြင်သလောက် နှလုံးသားဖြူစင်မွန်မြတ်သည်။ အလွန်အင်မတန် အလုပ်လုပ်သူ၊ အလွန်အင်မ တန် သိစပ်မြင်နှံ့သူ၊ အမှန်တရားကို အလွန်အင်မတန် မြတ်နိုးသူ၊ မတရားမှုကို အလွန်အင်မတန် စက်ဆုပ် သူပီပီ မည်သူ့ကိုမဆို မည်သည့်အခြေအနေကိုမဆို ကာလမရွေး ရင်ဆိုင်ဝံ့သူဖြစ်ပြီး လွတ်လပ်ပွင့်လင်း သလောက် ချစ်စရာကောင်းလှသည့် ပြည်သူ့ဆရာဝန်ကြီး၊ ပြည်သူ့စာရေးဆရာကြီး၊ ပြည်သူ့ဘက်တော် သားကြီးတစ်ဦး ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါက်တာ ဒေါ်မြင့်⁠မြင့်ခင်သည် ၁၉၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ပုသိမ်မြို့၌ မွေးဖွား၍[၁] ဟင်္သာတမြို့မှာ ကြီးပြင်းခဲ့သည်။

ဆရာဝန်ဘဝ[ပြင်ဆင်ရန်]

၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ရောက်ရှိခဲ့ပြီး စစ်တွင်းကာလ (ဂျပန်ခေတ်)၌ ဆေးကျောင်းတက်ရောက်၍ ၁၉၄၆ ခုနှစ်တွင် B.A. ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၅ဝ ခုနှစ်တွင် M.B., B.S. ဘွဲ့ရယူခဲ့ပြီး အမေရိကန်ပြည်ထောင်စု နှင့် အင်္ဂလန်နိုင်ငံ တို့တွင် ဘွဲ့လွန်ပညာရပ်များအား ဆည်းပူး၍ ကျန်းမာရေးဌာနတို့တွင် ဝင်ရောက်၍ အမှုထမ်းခဲ့ပြီး ဆေးတက္ကသိုလ် (မန္တလေး)၌ ဆေးပညာ ပါမောက္ခ/ ဌာနမှူးအဖြစ် နှစ်ပေါင်း (၂ဝ)မျှ ဆောင်ရွက်ခဲ့သည်။

ဆရာမကြီး ဒေါ်မြင့်⁠မြင့်ခင်၏ ခင်ပွန်းဖြစ်သူမှာ ကမ္ဘာတွင် ပထမဆုံး ဆင်စွယ်ဖြင့် အရိုးအစားထိုး ကုသမှုကို စမ်းသပ်အောင်မြင်ခဲ့သည့် အရိုးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးစံဘော် (အရိုးအထူးကု ဆရာဝန်ကြီး၊ ထင်ရှားကျော်ကြားသော သုတေသီ) တစ်ဦးဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် ဆရာမကြီးသည် အငြိမ်းစားယူပြီး မလေးရှား (UKM) ဆေးတက္ကသိုလ်၌ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၅ ခုနှစ်မှ ၁၉⁠၉၁ ခုနှစ်အထိ ကမ္ဘာကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ တိုက်ဒေသ (နယူးဒေလီ)တွင် အကြံပေးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉⁠၉၆ ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတွင် နေထိုင်ခဲ့ပြီး မြန်မာပြည်သို့ ပြန်လည်ရောက်ရှိကာ ရန်ကုန်မြို့၌ နေထိုင်ပြီး ဆေးပညာ၊ ပညာရေးနှင့် လောလောဆယ်တွင် ပြဿနာဖြစ်နေသော အကြောင်းအရာများ၊ ဖြေရှင်းရန်လိုအပ်သော အကြောင်းခြင်းရာများတို့ကို မီးမောင်းထိုးပြသည့် ဆောင်းပါးများနှင့် စာအုပ်များ ရေးသားခဲ့သည်။

ပညာရေး၊ သိပ္ပံပညာအခြေခံသိမြင်ရန် သက်ကြီးများ၏ ကျန်းမာရေးအကျိုးဆောင်လုပ် ငန်းများ လုပ်ဆောင်ရန် မြင့်⁠မြင့်ခင် ဖောင်ဒေးရှင်း တည်ထောင်ပြီး သားဖြစ်သူ ဒေါက်တာမြင့်ဇံ (ပါမောက္ခ ဥပဒေပညာဌာန Multimedia တက္ကသိုလ် မလေးရှား)မှ ဆက်လက်ဆောင်ရွက်ရန် ရည်ရွယ်ခဲ့သည်။ ဆရာမကြီး မကွယ်လွန်မီ (၃) နှစ်ခန့်မှစပြီး The Heritage: Myanmar Women through the Ages စာအုပ်ကို ရေးသားဆဲဖြစ်ပြီး စာမျက်နှာ (၃ဝဝ) ခန့် ရေးသားပြီး မပြီးဆုံးသေးသော်လည်း သား ဒေါက်တာမြင့်ဇံ မှ တတ်နိုင်သရွေ့ ရေးသားထုတ်ဝေရန် ရည်ရွယ်ထားသည်။ ဆရာမကြီးသည် မြန်မာဆေးလောကအတွက် ၁၉⁠၉၅ ခုနှစ်တွင် လူတိုင်းအတွက် ထိုးတဲ့ခေါင်းလောင်း နှင့် AIDS အကြောင်း ၁၉⁠၉၉ ခုနှစ်တွင် ကင်ဆာ ၂ဝ⁠ဝ၃ ခုနှစ်တွင် သက်ရှည်ကျန်းမာမြန်မာ့အစာ ၊ ဆေးလိပ်အကြောင်းဖြစ်ကြောင်းကုန်စင် နှင့် ဆီးချိုလူနာလမ်းညွှန် ၂ဝ⁠ဝ၇ ခုနှစ်တွင် မိုက်ခရိုဝေ့ဗ်နှင့် ဟင်းချက်နည်းများ ၊ ရှေ့တန်းရောက် ကျန်းမာရေးပြဿနာများ ၊ ပျော်ရွှင်ကျန်းမာ ဘဝဆည်းဆာ နှင့် Myanmar Handbook of Health Research Methods Tomorrow`s Doctors ၂ဝ၁၂ ခုနှစ်တွင် အားလုံးအတွက် ပညာရေးနှင့် တိုင်းပြု ပြည်ပြုဆောင်းပါးများ အစရှိသည့် စာအုပ်များတို့အား ရေးသားထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဒေါက်တာဒေါ်မြင့်⁠မြင့်ခင်သည် ကွယ်လွန်ချိန်အထိ မြန်မာနိုင်ငံသားများ ကျန်းမာရေးအသိရှိစေရန်နှင့် ကလေးငယ် ပညာရေးဆိုင်ရာ စာအုပ်ပေါင်း များစွာ ရေးသားခဲ့သလို လက်ရှိတွင်လည်း ပြည်သူ့ခေတ် ဂျာနယ်တွင်လည်း ရေးသားနေဆဲဖြစ်သည်။

နောက်ဆုံးရေးသားခဲ့သည့် စာအုပ်မှာ Poetry for Me ဆိုသည့် ကိုယ်တိုင်ရေးသားသည့် ကဗျာများကို စုစည်းထားသည့် စာအုပ်ဖြစ်သည်။ ရေးလက်စ စာအုပ်မှာ ဆေးပညာသုတေသန ညွန်ကြားရေးမှူးချုပ်ဟောင်း ဆရာကြီး ဒေါက်တာ အောင်သန်းဘတူ အပါအဝင် ဆရာဝန် ၁၀ ဦးခန့်ဖြင့် တွဲဖက်ကာ ကိုလိုနီခေတ်ဂျပန်ခေတ်၊ လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရခေတ်တော်လှန်ရေးကောင်စီခေတ်မြန်မာဆိုရှယ်လစ် လမ်းစဉ်ခေတ်၊ အာဏာသိမ်း နဝတ အစိုးရခေတ်၊ ယနေ့ခေတ်အပါအဝင် ဖြတ်သန်းခဲ့ရသည့် မြန်မာနိုင်ငံ ဆေးပညာသမိုင်း( History of Medicial Education) စာအုပ်ကို ရေးသားနေသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဒေါက်တာ ဒေါ် မြင့်⁠မြင့်ခင်သည် ၂၀၁၄ခု၊ ဇွန်လ ၁၉-ရက်နေ့ လည် ၂ နာရီ ၂၀ မိနစ်ခန့်က လူကြီးရောဂါဖြင့် ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးဆေးရုံကြီး (SSC) တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၉၁ ရှိပြီဖြစ်သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Stafford 2014: 24
  2. ဒေါက်တာ ဒေါ်မြင့်⁠မြင့်ခင် ကွယ်လွန်။ 22 June 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 June 2014 တွင် ပြန်စစ်ပြီး။
  • Stafford၊ Ned (25 October 2014)၊ "Myint Myint Khin: Legendary Burmese doctor and teacher, and later a poet" (PDF)British Medical Journal၊ p. 24